Connect with us

Videos

တရုတ်နိုင်ငံ ရှင်းကျန်းဒေသရှိ ကုန်းတွင်းဆိပ်က တရုတ်နှစ်သစ်ကူးနေရပ်ပြန်သူများအတွက် ဝန်ဆောင်မှုများ မြှင့်တင်

ဝူးလူမုချီ၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ရှင်းကျန်း(ဝေဂါ)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဟော့အယ်ကောစစ် နယ်စပ်စခန်းတွင် နွေဦးပွဲတော် နီးကပ်လာသည်နှင့်အမျှ နိုင်ငံရပ်ခြားတွင် အလုပ်လုပ်ကိုင် ၊ ပညာသင်ကြားနေကြသည့် တရုတ်နိုင်ငံသား အများအပြားက ၎င်းတို့၏ နေရပ်ဒေသသို့ ပြန်လာနေလျက် ရှိကြသည်။ဟော့အယ်ကောစစ် နယ်စပ်အဝင်-အထွက် စစ်ဆေးရေးစခန်း၏အဆိုအရ ယခုနှစ်အတွင်း ဝင်ထွက်သွားလာသူဦးရေမှာ ၈၀,၀၀၀ ကျော် ရှိလာခဲ့ကြောင်း ၊ ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက သိသိသာသာ မြင့်တက်လာခဲ့ကြောင်း သိရသည်။
ခရီးသည်ဝင်ထွက်သွားလာမှုအမြင့်ဆုံးအခြေအနေအား ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်ရန် ဟော့အယ်ကောစစ် နယ်စပ်စစ်ဆေးရေးဂိတ်က စစ်ဆေးရေးလမ်းကြောင်းများ ထပ်မံဖွင့်လှစ်ခြင်းနှင့် ဝန်ဆောင်မှုများ မြှင်တင်ခြင်းတို့အပါအဝင် အစီအမံများစွာကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ (Xinhua)

————————-
Xinjiang’s land port steps up service for Lunar New Year homecomers
As the Spring Festival draws near, the border port of Horgos in northwest China’s Xinjiang Uygur Autonomous Region is seeing more Chinese people working and studying abroad heading back to their home country.
According to the entry-exit border inspection station of Horgos, the number of people entering and exiting the country has exceeded 80,000 this year, marking a substantial increase compared to the same period last year.
To effectively handle the passenger flow peak, the Horgos border checkpoint has launched several measures, including opening more inspection channels and stepping up services.
Xinhua News Agency correspondents reporting from Urumqi, China.(XHTV)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.