ဖနွမ်းပင် ၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံသည် ၂ဝ၁၆ ခုနှစ် ပထမ ၁၁ လအတွင်း တရုတ်နိုင်ငံသို့ဆန်တန်ချိန် ၁ဝ၇,ဝ၉၁ တန် တင်ပို့နိုင်ခဲ့ပြီး ၂ဝ၁၅ ခုနှစ် ယင်းကာလက တင်ပို့ခဲ့သော ဆန်တန်ချိန် ၉၁,၈၈၃ တန် ဖြင့်နှိုင်းယှဉ်ပါက ၁၆.၅ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း...
အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့၌ ဒီဇင်ဘာလ ၇ ရက်က ပြည်သူထောင်ပေါင်းများစွာသည် အလုပ်အကိုင်အခွင့်အလမ်းများများ နှင့် ဝင်ငွေ ကောင်းကောင်း ရရှိရေးအတွက် ဆန္ဒပြတောင်းဆိုခဲ့ကြကြောင်းသိရသည်။
ဝဲလ်လင်တန် ၊ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ) နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ်သစ် အဖြစ် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး ဘီလ်အင်္ဂလိစ် ( Bill English) က လက်ရှိဝန်ကြီးချုပ်၏ ကျန်ရှိနေသော ရာထူးသက်တမ်းကို ဒီဇင်ဘာလ ၈ ရက်မှ စတင်ကာ ဆက်လက်တာဝန်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ဒါကာ၊ ဒီဇင်ဘာ ၈ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရ်ှနိုင်ငံ မြို့တော်ဒါကာမြို့မှ အရှေ့မြောက်ဘက်၂၃၈ကီလိုမီတာ အကွာ Sylhet ခရိုင်တွင် ငါးပူတင်း စားမိ၍ လူ ၆ဦးသေဆုံးပြီး အခြားလူ ၁၇ဦး နေမကောင်းဖြစ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ) ယနေ့မြန်မာစံတော်ချိန် (၀၅း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် မြောက် ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်းလာကာ အားကောင်းသော မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိခဲ့ကြောင်း ၊ အားကောင်းသောမုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်...