ကိုလံဘို၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံတွင် လောင်စာဆီပြတ်လပ်မှုကြောင့် တစ်လနီးပါးခန့် စာသင်ကျောင်းများပိတ်ထားရာမှ ဇူလိုင် ၂၅ ရက်တွင် အစိုးရကျောင်းများနှင့် အစိုးရအသိအမှတ်ပြုကိုယ်ပိုင်ကျောင်းများအား ပြန်လည်ဖွင့်လှစ်ခဲ့သည်။ သို့ရာတွင် စာသင်ကျောင်းများအား တစ်ပတ်လျှင် တနင်္လာ၊ အင်္ဂါ နှင့် ကြာသပတေး ၃ ရက်သာ ဖွင့်လှစ်ဦးမည်ဖြစ်ပြီး ကျောင်းသားများအနေဖြင့်...
အစ္စလာမာဘတ်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့ (NDMA) ၏ အဆိုအရ ဇွန်လ ၁၄ ရက်နေ့မှ စတင်ကာ နိုင်ငံအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူပေါင်း၂၈၂ ဦးထက်မနည်း သေဆုံးပြီး ၂၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။...
တရုတ်နိုင်ငံက ဒေသချင်း သယ်ယူပို့ဆောင်ရေး အခင်းအကျင်းပြည့်စုံကောင်းမွန်စေရန်နှင့် လမ်းပန်းဆက်သွယ်ရေး စွမ်းဆောင်မှုတိုးတက်စေရန် အမျိုးသားလမ်းကွန်ရက် တည်ဆောက်မှုကို ခိုင်မာစွာ ရှေ့ဆက်တွန်းအားပေးဆောင်ရွက်နိုင်ခဲ့ပြီး လူဦးရေ၏ ၉၅ ရာခိုင်နှုန်းခန့်ကို အမြန်အဝေးပြေးလမ်းမများနှင့် ချိတ်ဆက်ပေးနိုင်ခဲ့သည်။ (Xinhua)xhtxs.cn/xQR ——————- China has made solid progress in building a national...
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပီလိုစီ၏ ထိုင်ဝမ်သို့ခရီးပြုရန် အလားအလာရှိသည့်အပေါ် ပြင်းထန်သော အကျိုးဆက်များကို သတိပေးခဲ့ကြောင်း သိရသည်။ (Xinhua) xhtxs.cn/xQ0 ———————— Chinese FM spokesperson warns of serious consequence over Pelosi’s potential Taiwan visit xhtxs.cn/xQ0
အိန္ဒိယနိုင်ငံတွင် ရွေးကောက်ခံသမ္မတသစ် Draupadi Murmu သည် ဇူလိုင် ၂၅ ရက်က လွှတ်တော်၌ ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး အိန္ဒိယ မျိုးနွယ်စုဒေသမှ ဆင်းသက်လာသော ပထမဆုံးသမ္မတနှင့် သမိုင်းတစ်လျှောက် ဒုတိယမြောက်အမျိုးသမီး သမ္မတဖြစ်လာကြောင်း သိရသည်။ (Xinhua) ………………………………………… 穆尔穆宣誓就任印度总统新华社照片,新德里,2022年7月25日 7月25日,印度新当选总统德劳帕迪·穆尔穆(右)在新德里的议会大厦宣誓就职。 印度新当选总统德劳帕迪·穆尔穆25日在议会大厦宣誓就职,成为印度首位来自部落地区的总统和历史上第二位女总统。 新华社发(印度新闻局供图)