ကွာလာလမ်ပူ ၊ မေ ၆ ရက် (ဆင်ဟွာ) မလေးရှားနိုင်ငံအစိုးရ က ယခုလ ၇ ရက် မှ ၂၀ ရက်အထိ နိုင်ငံမြို့တော် ကွာလာလမ်ပူတွင် အသွားအလာကန့်သတ်မှု ပြန်လည်ဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းဆောင်ရွက်မှုဖြင့် လတ်တလောရက်ပိုင်းတွင် COVID-19 ရောဂါ ထပ်မံကူးစက်မှုမြင့်တက်လာသည့် အခြေအနေကို ရင်ဆိုင်ဖြေရှင်းသွားမည်ဖြစ်ကြောင်း မေလ...
ဘရပ်ဆဲလ်၊ မေ ၆ ရက် (ဆင်ဟွာ) ဥရောပ ဆေးဝါးအေဂျင်စီ (EMA) က တရုတ်နိုင်ငံ Sinovac ကုမ္ပဏီမှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေးအား ပြန်လည်သုံးသပ်ခြင်း စတင်ပြီဖြစ်ကာ ဥရောပတွင် အသုံးပြုရန် ခွင့်ပြုချက်ရရှိရေး မျှော်မှန်းထားသည့် နောက်ဆုံးကာကွယ်ဆေး လျှောက်ထားမှုလည်း ဖြစ်သည်။
ကွာလာလမ်ပူ ၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ) မလေးရှားနိုင်ငံကျန်းမာရေးဝန်ကြီးဌာန၏ ဧပြီ ၂၈ ရက်၌ ထုတ်ပြန်ခဲ့သော ကပ်ရောဂါဆိုင်ရာ စာရင်းပြုစုချက်အရ နိုင်ငံအတွင်း COVID-19 ရောဂါကူးစက်ခံရသူပေါင်း ၄၀၁,၅၉၃ ဦးအထိရောက်ရှိလာခဲ့ပြီး ရောဂါကြောင့် သေဆုံးသူ ၁,၄၇၇ ဦးအထိရောက်ရှိလာခဲ့ကြောင်း သိရသည်။
REMBAU ၊ မလေးရှား၊ မတ် ၁၈ ရက် (ဆင်ဟွာ) မလေးရှားနိုင်ငံသည် အမျိုးသားကာကွယ်ဆေးထိုးနှံခြင်းကို တွန်းအားပေးဆောင်ရွက်မှုအဖြစ် တရုတ်နိုင်ငံ ဇီဝဆေးဝါးကုမ္ပဏီ Sinovac Biotech မှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေးများဖြင့် ကာကွယ်ဆေးထိုးနှံခြင်း စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကွာလာလမ်ပူ ၊ မတ် ၃ ရက်(ဆင်ဟွာ) မလေးရှားနိုင်ငံက တရုတ်နိုင်ငံ၏ ဇီဝဆေးဝါးကုမ္ပဏီတစ်ခုဖြစ်သည့် Sinovac Biotech မှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေးကို အသုံးပြုရန်အတွက် အခြေအနေရခွင့်ပြုချက် ပေးလိုက်ပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက မတ် ၂ ရက်တွင် ပြောကြားခဲ့သည်။
ကွာလာလမ်ပူ၊ ဖေဖော်ဝါရီ ၂၅ ရက်(ဆင်ဟွာ) မလေးရှားနိုင်ငံတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုကို ဖေဖော်ဝါရီ ၂၄ ရက်က စတင်ဆောင်ရွက်ခဲ့ရာ ဝန်ကြီးချုပ် Muhyiddin Yassinက ပထမဆုံး ကာကွယ်ဆေးထိုးနှံမှု ခံယူခဲ့ကြောင်း သိရသည်။
ကွာလာလမ်ပူမြို့ ၊ ဖေဖော်ဝါရီ ၁၈ ရက်(ဆင်ဟွာ) မလေးရှားနိုင်ငံဝန်ကြီးချုပ်(ဟောင်း) နာဂျစ်ရာဇက်ခ်၏ ဇနီးဖြစ်သူ ရိုစ့်မာမန်ဆာ(Rosmah Mansor) အား ကျေးလက်ကျောင်းများအတွက် နေစွမ်းအင်းသုံးလျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး စီမံကိန်းတစ်ခုနှင့်ဆက်စပ်ပြီး အဂတိလိုက်စားမှုစွဲချက်များအပေါ် ခုခံချေပရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။
ကွာလာလမ်ပူ၊ဖေဖော်ဝါရီ ၁၄ ရက်(ဆင်ဟွာ)မလေးရှားနိုင်ငံတွင် COVID-19 ရောဂါ ကူးစက်မှုအသစ် ၃,၄၉၉ ဦးရှိခဲ့ရာ နိုင်ငံတစ်ဝှမ်း စုစုပေါင်း အတည်ပြုလူနာ ၂၆၁,၈၀၅ ဦးထိရောက်ရှိသွားပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ကွာလာလမ်ပူ၊ ဇန်နဝါရီ ၁၃ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး မလေးရှားနိုင်ငံပိုင်ဆေးဝါးထုတ်လုပ်မှုကုမ္ပဏီကြီးဖြစ်သည့် Pharmaniagaသည် ဇန်နဝါရီ ၁၂ ရက်က တရုတ်နိုင်ငံ Sinovacကုမ္ပဏီနှင့်အတူ COVID-19 ကာကွယ်ဆေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့သည်။ သဘောတူညီချက်အရ Sinovac ကုမ္ပဏီမှ မလေးရှားကို COVID-19 ကာကွယ်ဆေး တစ်ဝက်ကုန်ချော(Semi-finished products) (၁၄)သန်းပေးမည်ဖြစ်ပြီး...
ကွာလာလမ်ပူ၊ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုအား ရပ်တန့်နိုင်ရန်အတွက် နိုင်ငံအတွင်း အရေးပေါ်အခြေအနေတစ်ရပ်ကြေညာရန် မလေးရှားဘုရင်မင်းမြတ် ဆူလ်တန်အာမတ်ရှန်က ခွင့်ပြုပေးခဲ့ကြောင်း မလေးရှားနိုင်ငံဝန်ကြီးချုပ်မူယီဒင်ယာဆင်(Muhyiddin Yassin)က ယနေ့ ဇန်နဝါရီ ၁၂ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။