Connect with us

Social, Education & Health

တရုတ်နိုင်ငံ၏ လူလိုက်ပါနိုင်သောရေငုပ်သင်္ဘော Fendouzhe သမုဒ္ဒရာလေ့လာရေးခရီးပြီးမြောက်ပြီးနောက် ပြန်လည်ရောက်ရှိလာ

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် ဆန်းရာမြို့၊ နန်ဆန်းဆိပ်ကမ်းတွင် Tansuo-1 သင်္ဘောမှ သင်္ဘောသားများကို နိုဝင်ဘာ ၂၈ ရက်က ကြိုဆိုနေစဉ် (ဆင်ဟွာ)

ဆန်းရာ၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

တရုတ်နိုင်ငံ၏ လူလိုက်ပါနိုင်သော ပင်လယ်ရေအောက်သွားရေငုပ်သင်္ဘောအသစ် Fendouzhe (Striver) သည် သမုဒ္ဒရာ စူးစမ်းလေ့လာရေးခရီး ပြီးမြောက်ပြီးနောက် သိပ္ပံပညာရပ်ဆိုင်ရာ သုတေသနသင်္ဘော Tansuo-1 နှင့်အတူ နိုဝင်ဘာ ၂၈ ရက် နံနက်ပိုင်းတွင် နိုင်ငံတောင်ပိုင်း ဟိုင်နန်ပြည်နယ်သို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။

Tansuo-1 သင်္ဘောသည် ဆန်းရာမြို့တွင် နိုဝင်ဘာ ၂၈ ရက် နံနက် ၈:၃၀ နာရီ၌ ကျောက်ချရပ်နားခဲ့သည်။

Fendouzhe ရေငုပ်သင်္ဘောသည် နိုဝင်ဘာ ၁၀ ရက်၊ နံနက် ၈:၁၂ နာရီတွင် မာရီယာနာချောက်နက်၌ ရေအောက်အနက် ၁၀,၉၀၉ မီတာ ငုပ်လျှိုးခဲ့ခြင်းဖြင့် နိုင်ငံ၏မှတ်တမ်းတင်နိုင်ခဲ့ခြင်း ဖြစ်သည်။

အောက်တိုဘာ ၁၀ ရက်တွင် စတင်ခဲ့သော စူးစမ်းလေ့လာမှုခရီးအတွင်း Fendouzhe သည် ရေငုပ်ခြင်း ၁၃ ကြိမ် အောင်မြင်စွာ ပြုလုပ်ခဲ့ပြီး ယင်းအနက် ၈ ကြိမ်မှာ ရေအောက်အနက် မီတာ ၁၀,၀၀၀ ကျော်ရှိကြောင်း

အဆိုပါ စူးစမ်းလေ့လာရေးခရီးအဖွဲ့သည် တိုင်ဖွန်းမုန်တိုင်းများ၊ မိုးရွာသွန်းခြင်းနှင့် မြင့်မားသော အပူချိန်များကဲ့သို့ အခက်အခဲများကို ကျော်လွှားခဲ့ပြီး စစ်ဆေးမှုများစွာ ပြုလုပ်ခဲ့ကာ နုန်းများ၊ ကျောက်စိုင်များနှင့် ပင်လယ်ကြမ်းပြင် ဇီဝဗေဒဆိုင်ရာ နမူနာကို ရယူခဲ့ကြောင်း သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနအရ သိရသည်။ (Xinhua)