Connect with us

Media

အမေရိကန်ပြည်‌ထောင်စု၏ ကပ်ရောဂါအပေါ်တုန့်ပြန်မှုတွင် လစ်ဟမှုအားလေ့လာခြင်း

ပေကျင်း၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ)

အမေရိကန်ပြည်ထောင်စုတွင် COVID-19 ကူးစက်ခံရမှု နှင့် သေဆုံးမှုအမြင့်ဆုံးအဖြစ် ကူးစက်ခံရသူ ၃၇ သန်းကျော်ရှိခဲ့ပြီး သေဆုံးသူဦးရေမှာ ၆၂၈,၃၀၀ ဦးအထိရှိခဲ့ပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ထုတ်ပြန်ချက်အရသိရသည်။ အမေရိကန်ပြည်‌ထောင်စု၏ ကပ်ရောဂါအပေါ်တုန့်ပြန်မှုတွင် လစ်ဟာမှုများ မည်သို့ရှိသည်ကို ကျွမ်းကျင်ပညာရှင်များ၏ ပြောကြားချက်များအား စုစည်းတင်ဆက်ပါသည်။

နိုင်ရိုဘီတက္ကသိုလ် Policy and development economist lecturer ဖြစ်သူ Gerrishon Ikiara က “ ပထမဆုံးအနေနဲ့ ထရမ့်အစိုးရဟာ သင့်တော်တဲ့ ကိုင်တွယ်ဖြေရှင်းမှုတွေမလုပ်ဆောင်ခဲ့ကြပါဘူး၊ အခြားနိုင်ငံတွေကိုပဲ အပြစ်ဖို့ ဖို့ ကြိုးပမ်းရင်းကနေ အခြေခံအားဖြင့်တော့ ဒီအခြေအနေကို အဆိုးဘက်ရောက်စေခဲ့တာပါ၊ အဲဒီမှာတင် သူတို့လုပ်ဆောင်ဖို့လိုအပ်တဲ့ ပြည်သူတွေကို သတင်းအချက်အလက်တွေပြန်ကြားပေးဖို့ပျက်ကွက်ခဲ့တာပါပဲ” ဟုဆိုသည်။

Wisdom Hong Kong မှ President ဖြစ်သူ Dr.Chow Pak Chin က “ထိပ်ပိုင်းဆိုင်ရာမူဝါဒချမှတ်မှုဟာ ပြည်သူ များပူးပေါင်းပါဝင်လာဖို့အထိ အဆင့်တိုင်းဟာ သိပ်ပြီးတော့မှ အရေးကြီးပါတယ်၊ ကျွန်တော့်အထင်ပြောရရင်တော့ အမေရိကန်အစိုးရဟာဆိုရင် သူတို့ရဲ့ ကျန်းမာရေး ကျွမ်းကျင်ပညာရှင်တွေရဲ့ အကြံဉာဏ်တွေကို အားကိုးပုံမရဘူး ပြီးတော့ သူတို့ရဲ့ ညွှန်ကြားချက်တွေကိုမလိုက်နာတဲ့အပြင် နည်းစနစ်တကျ ကာကွယ်ထိန်းချုပ်မှုတွေမလုပ်ဘူးလို့ထင်ပါတယ်။” ဟုဆိုသည်။

USIU-Africa မှ International Relations ဌာနမှ lecturer ဖြစ်သူ Stephen Ndegwa က “ COVID-19 ကပ်ရောဂါအဖြစ်အများဆုံးသူတွေက လူမည်းအသိုင်းအဝိုင်း၊ အမေရိကန်အလယ်ပိုင်းနှင့်တောင်ပိုင်း ဟစ်စပန်းနစ်အနွယ်တွေ ၊ ဆင်းရဲတဲ့ လူဖြူအသိုင်းအဝိုင်း မှာဖြစ်တာကို တိုက်ဆိုင်စွာတွေ့ရှိခဲ့ပါတယ်၊ ဒါဟာ လူမျိုးရေး ခွဲခြားခံရ မှု အမြောက်အမြားရှိနေသေးတယ်ဆိုတာကိုပြသတာပါပဲ” ဟုဆိုသည်။

အမေရိကန်နိုင်ငံ၏ ကပ်ရောဂါအပေါ်တုန့်ပြန်မှုအားနည်းခြင်းမှာ နိုင်ငံရေး၊ ခွဲခြားဆက်ဆံခြင်း နှင့် သတင်းအချက်အလက်မှားယွင်းခြင်းတို့ကြောင့်ဖြစ်ကြောင်းကျွမ်းကျင်သူများက ဆိုသည်။

Stephen Ndegwa က ဆက်လက်ပြီး “Fort Detrick ဓါတ်ခွဲခန်းကိစ္စဟာ ပြဿနာလို့ကျွန်တော်တော့ ထင်တယ်၊ ပြီးတော့ အခုအချိန်ဟာ ကျွန်တော်တို့ ဒီအကြောင်းကိုဆွေးနွေးဖို့ အသင့်တော်ဆုံးအချိန်လည်းဖြစ်တယ်၊ ဝူဟန့် ဗိုင်းရပ်စ်ဗေဒဌာန နှင့် ဗိုင်းရပ်စ်ကို တမင်ဖြန့်တယ်ဆိုတဲ့ သီအိုရီ နဲ့ တရုတ်နိုင်ငံကိုတွန်အားပေးဖို့ကြိုးစားနေတာဖြစ်ပါတယ်၊ ဒါဟာ ခုတုံးလုပ်ခြင်းတစ်ခုသာဖြစ်ပြီးတော့ Fort Detrick ဓါတ်ခွဲခန်းမှာ သူတို့ ဘာတွေထုတ်လုပ်ခဲ့တယ်ဆိုတာကို ဖုံးကွယ်ချင်ရုံလုပ်တာလို့ ကျွန်တော်ထင်ပါတယ်။ ဘာကြောင့်လဲဆို‌တော့ အမေရိကန်တွေဟာ Fort Detrick ဓါတ်ခွဲခန်းထဲမှာ ဘာတွေလုပ်ခဲ့တယ်ဆိုတာ ဘယ်တော့မှ ရှင်းလင်းမှာမဟုတ်လို့ပါပဲ၊ ကျွန်တော့်အထင်ကတော့ သူတို့ဟာ ကျင့်ဝတ်ကောင်းမရှိဘူးလေ ခင်ဗျားသိတဲ့အတိုင်း ဒါကြောင့် တရုတ်နိုင်ငံကို ဝူဟန့် ဗိုင်းရပ်စ်ဗေဒဌာန ကိုစစ်ဆေးဖို့ပြောဆိုခဲ့တာဖြစ်ပါတယ်” ဟုပြောကြားခဲ့သည်။

WHO ၏ COVID-19 Technical Lead ဖြစ်သူ Maria Van Kerkhove က “ ဒီကိစ္စမှာ နိုင်ငံရေးအရ ပါဝင်ပတ်သက်မှုတွေရှိပါတယ်၊ ဒါကြောင့်လည်း ဒီလောက်အထိ ခက်ခဲခဲ့ပါတယ်။ ဒါကြောင့် သိပ္ပံပညာရှင်တွေကို သိပ္ပံပညာရှင်အလုပ်ပဲ လုပ်ပါစေ၊ ကျွန်မတို့ကို သက်သေအထောက်အထားတွေရဲ့ ဇစ်မြစ်ကို စုစည်းခွင့်ပေးပါ ၊ သက်သေနောက်လိုက်ခွင့်ပေးပါ၊ ပြီးတော့ ဆက်လက်လေ့လာခွင့်ပေးပါ၊” ဟုဆိုသည်။ (Xinhua)

………………………………………..

(English Version)

GLOBALink | The missing link in U.S. response to the pandemic

BEIJING, Aug. 22 (Xinhua) — As the U.S. kept recording the highest COVID-19 infections and deaths, what was the missing link in the U.S. response to the pandemic?

 

Produced by Xinhua Global Service