Connect with us

Africa & Middle East

ဆူဒန်နိုင်ငံတွင် ဖြစ်ပွားနေသော စစ်ပွဲကြောင့် လူသားချင်းစာနာထောက်ထားမှုအဖွဲ့အစည်း ၃,၀၀၀ ကျော် လုပ်ငန်းရပ်ဆိုင်း

ဆူဒန်နိုင်ငံ Omdurman မြို့ရှိ လေဆိပ်အနီး ကယ်ဆယ်ရေးအတွက် စောင့်ဆိုင်းနေသူများကို ၂၀၂၃ ခုနှစ် ဧပြီ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ခါတွမ်၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ)

ဆူဒန်နိုင်ငံတွင် ဧပြီလလယ်ပိုင်းမှစတင်ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်ကြောင့် လူသားချင်းစာနာထောက်ထားမှု အဖွဲ့အစည်း ၃,၀၀၀ ကျော်မှာ နိုင်ငံအတွင်း လုပ်ငန်းလည်ပတ်မှု လုံးဝရပ်ဆိုင်းခဲ့ရကြောင်း ဆူဒန်နိုင်ငံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ကော်မရှင်၏ ဒီဇင်ဘာ ၈ ရက်၌ ပြောကြားချက်အား ကိုးကား၍ SUNA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

“အဲဒီထဲမှာ နိုင်ငံအတွင်းက အဖွဲ့အစည်း ၂,၉၀၀ ခန့်၊ ပြည်ပအဖွဲ့အစည်း ၁၁၀ ခန့်နဲ့ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုအေဂျင်စီနှင့် ဒေသတွင်းအဖွဲ့အစည်း ၁၀ ခန့် ပါဝင်တယ်” ဟု ဆူဒန်နိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှုအခြေအနေအပေါ် စစ်မက်၏ အဆိုးဘက်သက်ရောက်မှုကို ထောက်ပြလျက် ကော်မရှင်က ပြောကြားခဲ့သည်။

ထို့ပြင် မြင့်မားလာသော အန္တရာယ်များကြောင့် နိုင်ငံတကာ အကူအညီပေးရေးဝန်ထမ်း ၈၅ ရာခိုင်နှုန်းမှာလည်း ဆူဒန်နိုင်ငံအတွင်းမှ ထွက်ခွာသွားခဲ့ကြောင်း ကော်မရှင်က ဖော်ပြထားသည်။

ဆူဒန်နိုင်ငံရှိ ဒေသများစွာတွင် လူမှုရေးအခြေအနေ မတည်ငြိမ်မှု၊ ဆက်သွယ်ရေးကွန်ရက် အားနည်းမှု၊ ဝန်ထမ်းရှားပါးမှုနှင့် ဗျူရိုကရက်ဆန်သော အဟန့်အတားများက လူသားချင်းစာနာမှု အကူအညီများ လွှဲပြောင်းပေးမှုအပေါ် သက်ရောက်မှုရှိနေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) က ဒီဇင်ဘာ ၇ ရက် ထုတ်ပြန်ချက်၌ ပြောကြားထားသည်။

ဆူဒန်နိုင်ငံ ခါတွမ်မြို့နှင့် အခြားဒေသများတွင် ဧပြီ ၁၅ ရက်မှစ၍ ဆူဒန်စစ်တပ် (SAF) နှင့် Rapid Support Forces (RSF) လက်နက်ကိုင်တပ်ဖွဲ့ကြား ကြောက်မက်ဖွယ် တိုက်ခိုက်မှုများ ဖြစ်ပွားလျက်ရှိသည်။

အဆိုပါ တိုက်ခိုက်မှုများကြောင့် လူပေါင်း ၁၂,၀၀၀ ကျော် သေဆုံးခဲ့ပြီး အခြားသူ ၆.၆ သန်းမှာလည်း ဆူဒန်နိုင်ငံအတွင်းနှင့် နိုင်ငံပြင်ပသို့ ရွှေ့ပြောင်းနေထိုင်ကြရကြောင်း OCHA ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

………………………………
(English Version)
Over 3,000 humanitarian organizations cease working in Sudan due to ongoing war
KHARTOUM, Dec. 8 (Xinhua) — More than 3,000 humanitarian organizations operating in Sudan have completely ceased working since the current civil war broke out in mid-April, official SUNA news agency cited Sudan’s Humanitarian Aid Commission as saying on Friday.
“These include around 2,900 national organizations, 110 foreign organizations and more than 10 UN humanitarian agencies and regional organizations,” said the commission, pointing to the war’s negative impact on the humanitarian situation in the country.
It indicated that 85 percent of international aid workers had left Sudan due to growing risks.
On Thursday, the UN Office for the Coordination of Humanitarian Affairs (OCHA) said in a statement that social instability, poor communications network, staff shortfall, and bureaucratic impediments have been affecting the delivery of humanitarian assistance in many parts of Sudan.
Sudan has been witnessing deadly clashes between the Sudanese Armed Forces (SAF) and the paramilitary Rapid Support Forces (RSF) in Khartoum and other areas since April 15.
More than 12,000 people have been killed so far in the clashes, while 6.6 million others have been displaced inside and outside Sudan, according to the OCHA.
Photo: People wait to be evacuated near an airport in Omdurman, Sudan, April 26, 2023. (Xinhua)