Connect with us

International Organizations

ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူအရေအတွက် လျော့ကျလာ၊ ယခုနှစ်ပိုင်းအတွင်း သေဆုံးသူဦးရေ အနည်းဆုံးအဆင့်သို့ ရောက်ရှိခြင်းဖြစ်ဟု WHO ဆို

ပေကျင်း၊ အောက်တိုဘာ ၁၄ ရက်(ဆင်ဟွာ)

ကမ္ဘာ့လုံးဆိုင်ရာ ကိုဗစ်ကပ်ရောဂါသည် ယခုရက်သတ္တပတ်အတွင်းသေဆုံးလူနာ ဦးရေ ဆက်တိုက် လျော့နည်းလာပြီဖြစ်ရာ ယခုနှစ်ပိုင်းအတွင်း အနိမ့်ဆုံးအဆင့်ကို ရောက်ရှိလာခြင်းဖြစ်ကြောင်း ၊ သို့သော် WHO၏ စာရင်းကိန်းဂဏန်းအချက်အလက်များအရ ရက်သတ္တပတ်တိုင်းတွင် လူပေါင်း ၅ သောင်းနီးပါး ကိုဗစ်ကြောင့် အသက်ဆုံးရှုံးနေရဆဲဖြစ်ကြောင်း၊ လက်တွေ့တွင်လည်း ပိုများနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ်က အောက်တိုဘာ ၁၃ ရက် ကိုဗစ်ကပ်ရောဂါဆိုင်ရာ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ဥရောပတိုက်မှလွဲ၍ ဒေသအသီးသီး၏ ကိုဗစ်ရောဂါကြောင့် ထပ်တိုးသေဆုံးသူဦးရေအားလုံး လျော့နည်းလာကြောင်း သိရသည်။
ကာကွယ်ဆေးရရှိမှု အနည်းပါးဆုံး နိုင်ငံနှင့်လူအုပ်စုများတွင် ကိုဗစ်ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် သေဆုံးနှုန်းအမြင့်ဆုံးဖြစ်ကြောင်း တက်ဒရော့စ်က ဆိုသည်။

လက်ရှိ တစ်ကမ္ဘာလုံးတွင် နိုင်ငံနှင့်ဒေသပေါင်း ၅၆ ခုရှိရာ ကာကွယ်ဆေးထိုးပေးနိုင်မှုသည် ၁၀ ရာခိုင်နှုန်းမပြည့်ကြောင်း၊၎င်းတို့အနက် အများစုမှာ အာဖရိကတိုက်မှဖြစ်ကြောင်း ၊ယခုနှစ်နှစ်ကုန်ပိုင်းတွင် နိုင်ငံ၏လူဦးရေ ၄၀ ရာခိုင်နှုန်းကာကွယ်ဆေးထိုးပေးရန် ရည်မှန်းချက် မပြည့်နိုင်သည့် နိုင်ငံအများအပြား ရှိနိုင်ကြောင်း ပြောကြားခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေးပံ့ပိုးပေးသည့် နိုင်ငံနှင့်ကုမ္ပဏီများက COVAXအစီအစဉ်ကို ကာကွယ်ဆေး ဦးစားပေး ပံ့ပိုးသင့်ကြောင်း တက်ဒရော့စ်က အလေးထားပြောကြားခဲ့သည်။ (Xinhua)
—————————————————-
(Chinese Version)

世卫组织:全球新冠肺炎新增死亡病例数降至近一年来最低水平
2021-10-14 07:04:28 来源:央视新闻客户端

当地时间13日,世卫组织举行新冠肺炎例行发布会,世卫组织总干事谭德塞表示,全球新冠肺炎单周新增死亡病例数量继续下降,已降至近一年来的最低水平,但根据世卫组织统计数据,全球每周仍有近五万人死于新冠肺炎,实际数字肯定更高。除欧洲外,各个区域的新冠肺炎新增死亡病例数量都在下降。

谭德塞指出,在获得疫苗最少的国家和人群中,新冠肺炎的死亡率最高。 目前全球共有56个国家和地区未能为其10%的人口接种疫苗,其中大部分在非洲。到今年年底,可能有更多国家无法实现为40%的人口接种疫苗的目标。谭德塞强调,控制全球疫苗供应的国家和公司应优先向“新冠肺炎疫苗实施计划”提供疫苗。(记者 朱赫)
编辑:王丹
浏览量:38.6万
图说1:1月13日,一名女子在克罗地亚彼得里尼亚接种新冠疫苗。 新华社(泽利科摄)