Connect with us

China

တရုတ်နိုင်ငံ ဆန်းရှီး ပြည်နယ် ထိုက်ယွမ်မြို့တွင် နှစ်ပေါင်း ၅,၅၀၀ သက်တမ်းရှိ ပဉ္စဂံအသွင်ရှိ အဆောက်အဦနေရာကို ပထမဆုံးအကြိမ် ရှာဖွေတွေ့ရှိ

တူးဖော်တွေ့ရှိထားတဲ့ မြေထည်အိုးကိုတွေ့ရစဉ်(ဆင်ဟွာ)

ထိုက်ယွမ်၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဆန်းရှီး ပြည်နယ် ထိုက်ယွမ်မြို့ရှိ ယဉ်ကျေးမှုအမွေအနှစ်များနှင့် ရှေးဟောင်းသုတေသနဌာနမှ ရှေးဟောင်းသုတေသနပညာရှင်များက ထိုက်ယွမ်မြို့၌ အလယ်နှင့်နှောင်းပိုင်း Yangshao ကာလရှိ ယဉ်ကျေးမှုအမွေအနှစ်များကို ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ ၎င်းတို့အနက် နှစ်ပေါင်း ၅,၅၀၀ သက်တမ်းရှိ ပဉ္စဂံအသွင်ရှိသော အဆောက်အဦနေရာကို ထိုက်ယွမ်ဒေသတွင် ပထမဆုံးအကြိမ် ရှာဖွေတွေ့ရှိခဲ့ရကြောင်း သိရသည်။

မျက်နှာသွင်ပြင်အနေအထားအရ ပဉ္စဂံအသွင် အနည်းငယ်ပေါ်လွင်သည့် အဆောက်အဦနေရာ ကိုတွေ့ရစဉ်(ဆင်ဟွာ)

ဆန်းရှီး ပြည်နယ်ရှေးဟောင်းသုတေသနဌာနနှင့် ထိုင်ယွမ်မြို့ ရှေးဟောင်းသုတေသနဌာနတို့ ပူးပေါင်း၍ ၂၀၂၁ ခုနှစ် မေလမှ ဇူလိုင်လအတွင်း ထိုင်ယွမ် အမျိုးသားသိပ္ပံနှင့်နည်းပညာတက္ကသိုလ် မိတ်ဖက် မူလတန်းနှင့် အလယ်တန်းကျောင်းစီမံကိန်း ဆောက်လုပ်ရေးပူးပေါင်းဆောင်ရွက်ခဲ့ရာ စီမံကိန်းဧရိယာ၌ တွေ့ရှိခဲ့သော Yangshao ယဉ်ကျေးမှုဆိုင်ရာနေရာများတွင် တူးဖော်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းနေရာများ၌ မြေအိုးအပိုင်းအစများ၊ ကျောက်ထည်များ၊ အရိုးဖြင့်ပြုလုပ်ထားသော ကိရိယာများ၊ တိရစ္ဆာန်အရိုးများ စသည်တို့ကို တွေ့ရှိခဲ့ကြောင်းနှင့် ရှေးဟောင်းသုတေသနပညာရှင်များသည် တူးဖော်တွေ့ရှိထားသော ရှေးဟောင်းပစ္စည်းများကို ပြုပြင်ထိန်းသိမ်းမှု လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ဤရှေးဟောင်းသုတေသနစီမံကိန်း၏ တာဝန်ခံ ထိုင်ယွမ်ယဉ်ကျေးမှုအမွေအနှစ်များနှင့် ရှေးဟောင်းသုတေသနဌာနမှ သုတေသီ Pei Jingrong ၏ ပြောကြားချက်အရ အဆိုပါ ရှေးဟောင်းအမွေအနှစ် နေရာ၌ ပြာတွင်း ၉၈ တွင်း၊ မြေအိုးဖို ၁၁ လုံး၊ အဆောက်အအုံတည်ရှိရာနေရာ ၂ ခု ၊ Ming-Qing ခေတ် သင်္ချိုင်းဂူ ၆ ခုကို တူးဖော်တွေ့ရှိခဲ့ကြောင်း၊ အထင်ရှားဆုံးရှာဖွေတွေ့ရှိမှုမှာ အကျယ်အဝန်း ၃၂ စတုရန်းမီတာခန့်ရှိသော ပဉ္စဂံအသွင်ရှိသည့် အဆောက်အဦနေရာ ဖြစ်ကြောင်း၊ မြေပြင်ပေါ်တွင် မြောက်၊ အလယ်နှင့် တောင်ဘက်တွင် တိုင်အပေါက် ၃ တန်းရှိပြီး အတန်းတစ်ခုစီတွင် အပေါက်နှစ်ပေါက်ဖြင့် စနစ်တကျတန်းစီ ထားကြောင်း သိရသည်။ အဆောက်အဦနေရာ၏ တောင်ဘက်တွင် စက်ဝိုင်းပုံ မီးဖိုတွင်းတစ်ခု၊ အရှေ့တောင်ဘက်တွင် မီးခိုးခေါင်းတိုင်တစ်ခု၊ မီးဖိုတွင်းအောက်ခြေကို မီးခိုးခေါင်းတိုင်နှင့်ဆက်ထားသည်ကိုတွေ့ရပြီး၊ မြေထဲမှ တူးဖော်တွေ့ရှိခဲ့သော မြေအိုးအပိုင်းအစများ ပေါများပြီး သဲမြေအိုးများ၊ သဲပြာမြေအိုးများ၊ အနီရောင်ခွက်များနှင့် အောက်ခြေ ချွန်ထက်သောပုလင်းများ ပါဝင်သည်။

ယင်းရှေးဟောင်း ယဉ်ကျေးမှု နေရာများ ရှာဖွေတွေ့ရှိခြင်းသည် ထိုက်ယွမ် ချိုင့်ဝှမ်းရှိကျောက်ခေတ်ယဉ်ကျေးမှုကို လေ့လာရန်၊ ဒေသ၏ သမိုင်းမတင်မီ ယဉ်ကျေးမှု အစီအစဉ်တည်ဆောက်မှုနှင့် ထိုက်ယွမ်နှင့် အနီးတစ်ဝိုက်ရှိ သမိုင်းမတင်မီ ယဉ်ကျေးမှုဖလှယ်မှုများ ဆွေးနွေးခြင်းအတွက် အရေးကြီးသော ပညာရပ်ဆိုင်ရာ တန်ဖိုးများရှိကြောင်း၊ ထို့ပြင် သမိုင်းမတင်မီ လူသားများ ရွှေ့ပြောင်းနေထိုင်မှု၊ အခြေချနေထိုင်မှု အပြောင်းအလဲများနှင့် ၏ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး စသောအချက်များ လေ့လာရန် အတွက် ပံ့ပိုးပေးနိုင်ကြောင်း Pei Jingrong က ယူဆသည်။ (Xinhua)

———————————
(Chinese Version)

山西太原首次发现5500年前的五边形房址
记者从山西省太原市文物考古研究所了解到,考古工作者在太原市发现一处仰韶中晚期遗存,其中一座5500年前的五边形房址为太原地区首次发现。
2021年5月至7月,为配合国科大太原能源材料学院附属中小学项目的建设,山西省考古研究院、太原市文物考古研究所联合对项目施工区域内发现的一处仰韶文化遗址进行了发掘。 此处遗址出土大量陶片、石器、骨器、兽骨等,目前考古工作者正对出土器物进行整理修复。
该考古项目负责人、太原市文物考古研究所研究员裴静蓉介绍,遗址内共发掘仰韶时期灰坑98座、陶窑11座、房址2座、明清墓葬6座,其中最突出的发现是一座面积约32平方米、平面略呈五边形的房址。 地面上北、中、南有三排柱洞,每排2个,排列规律。 房址南部有一圆形灶坑,其东南方向有烟道,灶坑底部与烟道相通。 这座房址填土内出土陶片丰富,可辨器型有夹砂陶釜、夹砂灰陶罐、红陶钵、尖底瓶等.
裴静蓉认为,该遗址对研究太原盆地新石器时代文化面貌、构建该地区史前文化序列、探讨太原及周边地区史前文化交流等具有重要的学术价值,此外还为探讨史前人类迁徙、聚落形态变迁、史前生产力发展等问题提供了新资料。记者:王学涛
图说1-这是出土器物彩陶罐。 太原市文物考古研究所供图。
图说2- 这是这座平面略呈五边形的房址。 太原市文物考古研究所供图。