Connect with us

China

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကို ဝီဒိုဒို ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်နှင့် အင်ဒိုနီးရှားနိုင်ငံသမ္မတ ဂျိုကို ဝီဒိုဒိုတို့ အိုဆာကာတွင် ၂၀၁၉ ခုနှစ် ဇွန် ၂၈ ရက်က တွေ့ဆုံစဉ်(ဆင်ဟွာ)

ပေကျင်း၊ မတ် ၁၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် မတ် ၁၆ ရက် ညနေပိုင်းက အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကို ဝီဒိုဒိုနှင့် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။

ထိုသို့ ဆက်သွယ်ဆွေးနွေးရာတွင် သမ္မတရှီကျင့်ဖိန်က တရုတ်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံကြီးနှင့်ထွန်းသစ်စဈေးကွက်နိုင်ငံများ၏ ကိုယ်စားပြုသူများ ဖြစ်ကြကြောင်း ၊ ကမ္ဘာ၏ နှစ် ၁၀၀ အပြောင်းအလဲနှင့် ရာစုနှစ်ကပ်ရောဂါကို ရင်ဆိုင်ရာတွင် နှစ်နိုင်ငံအတူ လက်ချင်းတွဲ ရှေ့သို့လျှောက်လှမ်းပြီး အခက်အခဲများကို ကျော်ဖြတ်ကြရာ နှစ်ဖက်ဆက်ဆံရေးတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုယဉ်ကျေးမှု၊ ပင်လယ်ပြင်ပူးပေါင်းဆက်ဆံရေး တွန်းအား ၄ ရပ်ဖြင့် အခင်းအကျင်းသစ်ကို တည်ဆောက်ခဲ့ကြကြောင်း၊ စည်းလုံးညီညွတ်စွာ ကပ်ရောဂါတိုက်ဖျက်ရေးနှင့်အတူတကွဖွံ့ဖြိုးတိုးတက်ရေး အဓိကလုပ်ငန်းစဉ်ကို ရှေ့ဆောင်ပြီး တရုတ်-အင်ဒိုနီးရှား အေးအတူပူအမျှအသိုက်အဝန်း တူစုံလက်ညီတည်ဆောက်မည့် ဦးတည်ချက်ကြီးကို ရှင်းလင်းအတည်ပြုခဲ့ကြသလို ဖွံ့ဖြိုးဆဲနိုင်ငံကြီးများ စိတ်ရင်းအမှန်ဖြင့် ပူးပေါင်းဆောင်ရွက်သည့် စံနမူနာကို ထူထောင်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် အင်ဒိုနီးရှားနှင့်နီးကပ်သည့် ချိတ်ဆက်ဆွေးနွေးမှုများ ထားပြီး တရုတ်-အင်ဒိုနီးရှား ချစ်ကြည်ရင်းနှီးစွားပူးပေါင်းဆောင်ရွက်ရေး တိုးတက်မှုအသစ်များ မပြတ်ရရှိအောင် တွန်အားပေးဆောင်ရွက်သွားလိုပြီး ဒေသနှင့်ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအခင်းအကျင်းကြီး၌ ပိုမို တည်ငြိမ်မှုနှင့်အပြုသဘောစွမ်းအင်များ အားဖြည့်သွားလိုကြောင်း ပြောကြားခဲ့သည်။

နှစ်ဖက်အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းရေး စသည့် သဘောတူညီချက်များကို ကောင်းမွန်စွာ အကောင်အထည်ဖော်ကာ ကပ်ရောဂါတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်အားကောင်းအောင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း သမ္မတရှီက အလေးထား ပြောကြားခဲ့သည်။
ဂျကာတာ-ဘန်ဒေါင်း အမြန်ရထားလမ်း စီစဉ်ထားသည့်အတိုင်း ဖွင့်လှစ်ရေး၊ “ဒေသတွင်းဘက်စုံစီးပွားရေးစင်္ကြန်”၊ ”နှစ်နိုင်ငံ၊ ဥယျာဉ်နှစ်ခု”စသည့် အဓိက စီမံကိန်းများကို ကောင်းမွန်စွာ ဖော်ဆောင်ရေး၊ အရည်အသွေးမြင့် “ရပ်ဝန်းနှင့်ပိုးလမ်းမ”အတူတည်ဆောက်ရေးတို့ကို ဆောင်ရွက်ကာ အင်ဒိုနီးရှားဖွံ့ဖြိုးရေးနှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး အရှိန်အဟုန်ကို မြှင့်တင်ကြရမည် ဖြစ်ကြောင်း ၊ အင်ဒိုနီးရှားနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးရှိမည့်၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးအတွက် အကျိုးရှိမည့် စီမံကိန်းများသာဖြစ်လျှင် တရုတ်နိုင်ငံက တက်ကြွစွာ အပြုသဘောထားဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နှစ်ဖက်စလုံးက ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်တည်ငြိမ်ရေးနှင့်ကုန်စည်ထောက်ပို့ရေးကွင်းဆက် ချောမွေ့ရေးကို ထိန်းသိမ်းခြင်းဖြင့် ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအဆိုပြုချက်ကို အခြေချဖော်ဆောင်ရေး တွန်းအားပေးကြရမည် ဖြစ်သလို အာဆီယံဗဟိုပြုသည့် တံခါးဖွင့် အများလက်ခံမှုရှိသည့် ဒေသတွင်းမူဘောင်ကို ခိုင်မာစွာထိန်းသိမ်းကာ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ရေး၊ အပြန်အလှန်အကျိုးဖြစ်ထွန်း ဘုံအကျိုးဖော်ဆောင်ရေးအား ခိုင်မာစွာ လက်ကိုင်ထားကြရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သမ္မတ ဝီဒိုဒိုက တရုတ်နိုင်ငံ၌ တစ်ပြည်လုံးဆိုင်ရာအစည်းအဝေးနှစ်ရပ် ပိတ်ပွဲအခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့ခြင်း၊ ပေကျင်း ဆောင်းရာသီအိုလံပစ်၊ မသန်စွမ်းသူများ ဆောင်းရာသီ အိုလံပစ်ပွဲ ပြီးပြည့်စုံ အောင်မြင်စွာ ကျင်းပခဲ့ခြင်းအတွက် ဝမ်းမြောက် ဂုဏ်ပြုပါကြောင်း ပြောကြားခဲ့သည်။

လက်ရှိတွင် အင်ဒိုနီးရှားနှင့်တရုတ်နိုင်ငံသည် နှစ်ဖက်ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်ရေးကဏ္ဍများသည် အရှိန်အဟုန်ဖြင့် တိုးတက်လျက်ရှိကြောင်း ၊ အင်ဒိုနီးရှားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း စီစဉ်ထားသည့်အတိုင်း တည်ဆောက်သွားကာ နှစ်နိုင်ငံပြည်သူ့အကျိုးကို ဖော်ဆောင်သွားလိုကြောင်း ၊ အင်ဒိုနီးရှား မြို့တော်သစ် တည်ဆောက်ရေး အားဖြည့်ရန်အတွက် အင်ဒိုနီးရှားနိုင်ငံက တရုတ်နိုင်ငံနှင့်အတူ သုံးဖက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားလိုကြောင်း၊ အင်ဒိုနီးရှား၏ “ဒေသတွင်း ဘက်စုံ စီးပွားရေးစင်္ကြန်”တည်ဆောက်မှုနှင့် အစိမ်းရောင် စက်မှုဥယျာဉ်ဇုန်တည်ဆောက်ရေးတွင် တရုတ်နိုင်ငံ၏ဆက်လက်အားပေးထောက်ခံမှုကို မျှော်လင့်ကြောင်း သမ္မတ ဝီဒိုဒိုက ပြောကြားခဲ့သည်။

သမ္မတရှီကျင့်ဖိန်၏ ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုုးတိုးတက်ရေးအဆိုပြုချက်သည် ကုလသမဂ္ဂ ၂၀၃၀ ပြည့်နှစ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် ဖော်ရေးအတွက် အထောက်အကူဖြစ်ရာ အင်ဒိုနီးရှားက အပြည့်အဝထောက်ခံသွားမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ နီးကပ်စွာ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်သွားကာ အဆိုပြုချက်အကောင်အထည်ဖော်ဆောင်နိုင်ရန် တွန်းအားပေးပြီး ကမ္ဘာတစ်ဝန်း အတူတကွ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးဆောင်သွားလိုကြောင်း ၊ G20အဖွဲ့၏ လုပ်ငန်းဆောင်တာများ စီးပွားရေးပြန်လည် နိုးထရေးနှင့်ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးတွင် စုစည်းနိုင်ရန် တွန်းအားပေးသွားမည်ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်ကိစ္စရပ်များကို စုပေါင်းအင်အားဖြင့် ဖြေရှင်းသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆွေးနွေးမှုတွင် ယူကရိန်းအရေး အမြင်သဘောထားချင်း ဖလှယ်ခဲ့ရာ၌ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုကို ခိုင်မာစွာ ဆောင်ရွက်သင့်ကြောင်း နှစ်ဖက်စလုံးက ယူဆကြရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း ကြီးမားစွာ ဖြစ်ပေါ်လာခြင်းကို တားဆီးပြီး ပိတ်ဆို့မှုကြောင့် ကမ္ဘာ့စီးပွားရေး အပျက်သဘောသက်ရောက်မှု၊ ကမ္ဘာစီးပွားရေး ပြန်လည်ထူထောင်ရေး နောက်ပြန်ဆွဲမှုကို ရှောင်ရှားရမည် ဖြစ်ကြောင်း ဆိုသည်။ (Xinhua)

…………………………………
(Chinese Version)
(国际)习近平同印度尼西亚总统佐科通电话
2022-03-16 19:43:45 分类: 政治法律
新华社北京3月16日电国家主席习近平3月16日下午同印度尼西亚总统佐科通电话。
习近平指出,中国和印尼同为发展中大国和新兴经济体代表,面对世界百年变局和世纪疫情,两国携手前行、迎难而上,构建了双边关系政治、经济、人文、海上合作“四轮驱动”的新格局,弘扬了团结抗疫和共同发展的主旋律,明确了共建中印尼命运共同体的大方向,树立了发展中大国精诚合作的典范。中方愿同印尼保持密切沟通,推动中印尼友好合作不断得到新发展,为地区和全球发展大局注入更多稳定性和正能量。
习近平强调,双方要落实好我们就深化新冠疫苗合作等达成的共识,继续加强抗疫合作。要确保雅万高铁如期建成通车,实施好“区域综合经济走廊”、“两国双园”等重点项目,高质量共建“一带一路”,为印尼发展和两国合作提供加速度。只要有利于印尼发展、有利于两国合作的项目,中方都持积极态度。双方要维护全球市场稳定和供应链畅通,推动全球发展倡议落地走实,坚定维护以东盟为中心、开放包容的区域架构,坚持团结合作、互利共赢。中方支持印尼发挥二十国集团主席国作用,聚焦“共同复苏、强劲复苏”主题,办好巴厘岛峰会。
佐科表示,祝贺中国全国两会顺利闭幕,祝贺北京冬奥会、冬残奥会取得圆满成功。当前印尼同中国双边贸易、投资合作迅猛增长。印尼愿同中方一道,如期建成雅万高铁,造福两国人民。印尼希望同中方开展三方合作,助力印尼新首都建设。希望中方继续支持印尼“区域综合经济走廊”建设和绿色工业园区建设。习近平主席提出的全球发展倡议,有助于实现联合国2030年可持续发展议程,印尼将全力支持,愿同中方密切沟通,推进倡议落实,为促进全球共同发展作出贡献。印尼愿同中方密切沟通协调,推动二十国集团工作聚焦经济复苏和全球发展,合力解决紧迫全球性问题。
双方就乌克兰局势交换意见,一致认为各方应该坚持劝和促谈,防止出现大规模人道主义危机,控制制裁对世界经济的负面影响,避免拖累世界经济复苏进程。(完)
图说:2019年6月28日,国家主席习近平在大阪会见印度尼西亚总统佐科。 新华社记者 庞兴雷 摄