Connect with us

Europe

ယူကရိန်းနှင့် ရုရှားအကြား ဆွေးနွေးပွဲများ ဆက်လက်လုပ်ဆောင်မည်၊ ရုရှားက ဥရောပကော်မရှင်မှ နုတ်ထွက်ကြောင်း ကြေညာ

ယူကရိန်းနိုင်ငံ Kharkiv မြင်ကွင်းကို မတ် ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း ၊ မတ် ၁၆ ရက် (ဆင်ဟွာ)

ယူကရိန်းနှင့် ရုရှားအကြား ဆွေးနွေးမှုများကို မတ် ၁၆ ရက်တွင် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယူကရိန်း ညှိနှိုင်းရေးကိုယ်စားလှယ် Podoljak က မတ် ၁၅ ရက်တွင် ပြောကြားခဲ့သည်။ရုရှားနိုင်ငံသည် ဥရောပကော်မရှင်မှ နုတ်ထွက်ရေး လုပ်ငန်းစဉ် စတင်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးက မတ် ၁၅ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

—— ယူကရိန်းနှင့် ရုရှားကြား ဆွေးနွေးမှုများကို မတ် ၁၆ ရက်တွင် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကရိန်း သမ္မတရုံး အကြံပေး Podoljak က ဆိုရှယ်မီဒီယာ၌ မတ် ၁၅ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ မတ် ၁၅ ရက်က ဆွေးနွေးမှု လုပ်ငန်းစဉ်သည် အလွန်ခက်ခဲ၍ ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေပြီး နှစ်ဖက်ကြားတွင် အခြေခံသဘောထားကွဲလွဲမှုများ ရှိနေသော်လည်း ဆွေးနွေးနိုင်သေးကြောင်း ၎င်းက ပြောသည်။

—— ရုရှားသည် ဥရောပကော်မရှင်မှ နုတ်ထွက်ရေး လုပ်ငန်းစဉ် စတင်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးက မတ် ၁၅ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။နေတိုးအဖွဲ့နှင့် အီးယူအဖွဲ့ဝင်နိုင်ငံများသည် ၎င်းတို့၏ဥရောပကော်မရှင်တွင် နေရာအများစုရရှိထားခြင်းကို အသုံးချကာ ဥရောပကော်မရှင်အား ရုရှားဆန့်ကျင်ရေးကိရိယာအဖြစ် ပြောင်းလဲခဲ့ပြီး တန်းတူတွေ့ဆုံဆွေးနွေးရန်ငြင်းဆိုခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိအခြေအနေအရ ရုရှားသည် ဥရောပကော်မရှင်တွင် အဖွဲ့ဝင်အဖြစ် ဆက်လက်တည်ရှိရန် အကြောင်းမရှိကြောင်း ဖော်ပြထားသည်။ တစ်ချိန်တည်းမှာပင် ရုရှားသည် အဆိုပါအဖွဲ့အစည်းမှ အဖွဲ့ဝင်နိုင်ငံများနှင့် အများဂရုပြုသည့် ကိစ္စရပ်များတွင် လက်တွေ့ကျပြီး တန်းတူညီတူ ပူးပေါင်းဆောင်ရွက်မှုကို တံခါးဖွင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

—— အမေရိကန်နိုင်ငံသမ္မတဂျိုးဘိုင်ဒန် ၊ နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကန် နှင့် ကာကွယ်ရေးဝန်ကြီးလွိုင်အော်စတင်း တို့အပါအဝင် အမေရိကန်အဆင့်မြင့်အရာရှိ ၁၃ ဦးအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်လိုက်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက မတ် ၁၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ရုရှားသည် အချိန်တိုအတွင်း ပိတ်ဆို့အရေးယူမှုစားရင်းကို တိုးမြှင့်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ရုရှားဆန့်ကျင်သူသို့မဟုတ် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှု ချမှတ်ရန် ထောက်ခံသည့်အမေရိကန်အဆင့်မြင့်အရာရှိများ၊ စစ်ဘက်အရာရှိများ၊ ဥပဒေပြုအမတ်များ၊ လုပ်ငန်းရှင်များ၊ ပညာရှင်များနှင့် သတင်းထောက်များကို ပိတ်ဆို့အရေးယူမှုစာရင်းတွင် ထည့်သွင်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

—— ယူကရိန်းသည် နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်လာမည် မဟုတ်ကြောင်း နားလည်ပြီး ယုံကြည်စိတ်ချရသော လုံခြုံရေးအာမခံချက်များ ရရှိရန် မျှော်လင့်ကြောင်း ယူကရိန်းသမ္မတ ဇယ်လန်းစကီးက မတ် ၁၅ရက်တွင် ပြုလုပ်သော စစ်ဘက်ခေါင်းဆောင်များ အစည်းအဝေးတွင် ပြောကြားခဲ့သည်။ ယူကရိန်းသည် နေတိုးအဖွဲ့ဝင်နိုင်ငံ ဖြစ်နိုင်မည်မဟုတ်ပါက အခြားလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ပုံစံသစ်များ လိုအပ်ကြောင်း ၎င်းကအလေးထား ပြောကြားခဲ့သည်။

—— ယူကရိန်းသည် ထိုနေ့တွင် လူသားချင်းစာနာထောက်ထားမှုလမ်းကြောင်းမှတစ်ဆင့် လူ၂၉,၀၀၀ ကျော်ကို ရွှေ့ပြောင်းပေးခဲ့ကြောင်း ယူကရိန်းသမ္မတရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး Kyrylo Tymoshenko က ပြောကြားခဲ့သည်။ ယခုအကြိမ် ရွှေ့ပြောင်းမှုသည် ယူကရိန်းနှင့် ရုရှားတို့ မတ် ၃ ရက် ဒုတိယအကြိမ် ဆွေးနွေးချိန်မှစ၍ Mariupol ရှိ လူသားချင်းစာနာထောက်ထားမှုလမ်းကြောင်းမှ ပထမဆုံး အကြိမ် လူအများအပြားဘေးလွတ်ရာကို ရွှေ့ပြောင်းထွက်ခွာခြင်း ဖြစ်ကြောင်း သိရသည်။

——ရုရှား စစ်ဆင်ရေး စတင်ချိန်မှစ၍ ယူကရိန်း၏ သယ်ယူပို့ဆောင်ရေး အဆောက်အအုံ ၂၃၀ လုံး ၊ လူနေမှုဆိုင်ရာအဆောက်အအုံ ၁၆၅ လုံး ၊ပညာရေးဆိုင်ရာ အဆောက်အအုံ ၇၂ လုံး ၊ဆေးဘက်ဆိုင်ရာ အဆောက်အအုံ ၂၁ လုံး ၊လူနေအိမ် အဆောက်အအုံ ၂,၇၀၀ ကျော်၊ အရေးပေါ်အခြေအနေဆိုင်ရာရုံးများနှင့် ရဲစခန်းအဆောက်အအုံ ၄၀၀ ကျော် အပါအဝင် ယူကရိန်း၏ အခြေခံအဆောက်အအုံ ၃,၅၀၀ ကျော် ဖျက်ဆီးခံခဲ့ရကြောင်း ယူကရိန်းပြည်တွင်းရေးရာဝန်ကြီး Denys Monastyrskiy ၏ မတ် ၁၅ ရက် ပြောကြားချက်ကို ကိုးကား၍ Interfax Ukraine သတင်းဌာနက သတင်းဖော်ပြထားသည်။

——နေတိုးအဖွဲ့သည် မတ် ၁၆ ရက်တွင် ကာကွယ်ရေးဝန်ကြီးများ အထူးအစည်းအဝေးတစ်ရပ် ပြုလုပ်မည်ဖြစ်ပြီး အစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများ၏ ကာကွယ်ရေးအင်အား မြှင့်တင်ရေးအတွက် ရေရှည်အစီအမံများဖြစ်သည့် မဟာမိတ်အဖွဲ့များ အရှေ့ဘက်သို့ တပ်ဖွဲ့ဝင်များ ပိုမိုဖြန့်ကျက်ထားခြင်း၊ လေကြောင်းနှင့် ပင်လယ်ရေကြောင်းအင်အား တိုးမြှင့်ရေးနှင့် အကြီးစားစစ်ရေးလေ့ကျင့်မှုများ ပိုမိုလုပ်ဆောင်ရေး စသည်တို့ပါဝင်ကြောင်းနှင့် အဖွဲ့ဝင်နိုင်ငံများအတွက် ကာကွယ်ရေးအသုံးစရိတ်များ တိုးမြှင့်လာမည်ဖြစ်ကြောင်း နေတိုးအထွေထွေအတွင်းရေးမှူး Stoltenberg က မတ် ၁၅ ရက်တွင် ပြောကြားခဲ့သည်။

—— ရုရှားက ရွှေဝယ်ယူမှုအတွက် တန်ဖိုးထပ်တိုးခွန် ကင်းလွတ်ခွင့်ပြုပြီးနောက် ရုရှားပြည်သူများ၏ ရွှေဝယ်လိုအား မြင့်တက်လာသည်ဟု ရုရှားနိုင်ငံတော်ဗဟိုဘဏ်က မတ် ၁၅ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ပြည်သူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် ရုရှားဗဟိုဘဏ်က ချေးငွေအဖွဲ့အစည်း (credit institution) မှ ရွှေဝယ်ယူမှုကို ရပ်ဆိုင်းရန် ဆုံးဖြတ်လိုက်ကြောင်း သိရသည်။(Xinhua)
#Russia, #EU, #NATO, #Ukraine, #Xinhua, #Myanmar, #XinhuaMyanmar, #ရုရှား, #ယူကရိန်း, #ဆင်ဟွာ, #မြန်မာ #ဆင်ဟွာမြန်မာ

……………………………………………………………………………………
(Chinese Version)

最新动态:乌俄谈判将继续进行 俄方宣布退出欧洲委员会

2022-03-16 06:15:50 来源: 新华网
新华社北京3月16日电 综合新华社驻外记者报道:乌克兰谈判代表波多利亚克15日表示,乌俄谈判16日将继续进行。俄罗斯外交部15日发表声明,宣布启动退出欧洲委员会程序。

——乌克兰谈判代表、乌总统办公室顾问波多利亚克15日在社交媒体发布声明说,乌俄谈判16日将继续进行。他说,虽然当天谈判过程“非常困难和胶着”,双方存在“根本性的矛盾”,但磋商余地依然存在。

——俄罗斯外交部15日发表声明,宣布启动退出欧洲委员会程序。声明说,北约与欧盟国家恶意利用其在欧洲委员会的多数地位,将该组织变成反俄工具,拒绝平等对话。在当前条件下,俄方不会留在欧洲委员会。与此同时,俄方对与该组织成员国就共同关切问题进行务实平等协作持开放态度。

——俄罗斯外交部同日还发表声明,宣布对美国总统拜登、国务卿布林肯、国防部长奥斯汀在内的13名美国政要及个人实施制裁。声明说,俄方将在未来短时间内扩大制裁名单。持有反俄立场或鼓动反俄情绪并主张对俄发起制裁的美国高官、军人、立法者、企业家、专家与媒体人士将会被列入制裁名单。

——乌克兰总统泽连斯基15日在军方领导人会议上说,乌克兰明白其不会成为北约成员国,因此希望获得可靠的安全保障。他强调,如果不能加入北约,乌克兰需要新的安全合作形式。

——乌克兰总统办公室副主任季莫申科15日在社交媒体上说,当天乌方通过人道主义通道共疏散居民29000余人,其中约有2万名马里乌波尔居民乘坐私家车经人道主义通道撤离,这其中约有4000辆车驶向扎波罗热。这是乌俄自3日的第二轮谈判以来,首次在马里乌波尔成功开通人道主义通道并实施大规模人员疏散。

——乌克兰国际文传电讯社15日援引乌内务部长莫纳斯特尔斯基的话报道,自俄方展开军事行动以来,共损毁乌基础设施3500余处,包括230处交通设施、165处生活设施、72处教育设施、21处医疗设施、2700余处住宅和400余处国家紧急情况局及警察局办公楼。

——北约秘书长斯托尔滕贝格15日说,北约将于16日召开国防部长特别会议,讨论提升成员国防务水平的长期措施,包括在联盟东部增加更多部队,大幅增加空中和海上部署,以及举行更多、规模更大的演习等。他强调说,这需要成员国大幅增加国防支出。

——俄罗斯中央银行15日发布声明说,在免除个人购买黄金的增值税后,俄民众对实物黄金的需求有所增加。为满足民众需求,俄央行决定自当日起暂停从信贷机构购买黄金。(参与记者:李东旭、李奥、李铭、耿鹏宇、李骥志、付一鸣)