Connect with us

Europe

ရုရှားနိုင်ငံ မော်စကိုဒေသရှိ စက်ရုံတစ်ခု ပေါက်ကွဲမှုဖြစ်ပွား ၊ လူ ၁ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၆၀ အထိ ရှိလာ

ရုရှားနိုင်ငံ မော်စကိုဒေသရှိ ပေါက်ကွဲမှုဖြစ်ပွားသော စက်ရုံတွင် ကူညီကယ်ဆယ်ရေးသမားများအား ၂၀၂၃ ခုနှစ် ဩဂုတ် ၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို၊ ဩဂုတ် ၁၀ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ မော်စကိုဒေသ Sergiyev Posadမြို့ရှိ Zagorsk Optical-Mechanical စက်ရုံတစ်ခု ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ၊ အချင်းဖြစ်ရပ်ကြောင့် ဒဏ်ရာရသူ ၆၀ ဦး ၊ ပျောက်ဆုံးနေသူ ၈ ဦးနှင့် ကယ်ဆယ်ကုသမှု မအောင်မြင်ခြင်းကြောင့် သေဆုံးရသူ ၁ ဦး ရှိပြီ ဖြစ်ကြောင်း Sergiyev Posad မြို့တော်ဝန် Akulovက ဩဂုတ် ၉ ရက်တွင် ပြောကြားခဲ့သည်။

အချင်းဖြစ်နေရာတွင် သေဆုံးသူ မတွေ့ရှိရသော်လည်း ဒဏ်ရာရသူ အမျိုးသမီးတစ်ဦးကို အရေးပေါ်ကယ်ဆယ်ကုသရာတွင် မအောင်မြင်၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း Akulov၏လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။ ပေါက်ကွဲမှုဖြစ်ပွားသည့် အချင်းဖြစ်နေရာတွင် မီးဖိုဆောင်၊ ပြတင်းပေါက်နှင့်အဆောက်အဦ အပြင်နံရံစသည့် အခြေခံအဆောက်အအုံပစ္စည်းများ ပျက်စီးနေကြောင်းနှင့် အပျက်အစီး ရှင်းလင်းရေးလုပ်ငန်းကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

Zagorsk Optical-Mechanical စက်ရုံရှိ မီးပန်းသိုလှောင်ရုံတွင် ဩဂုတ် ၉ ရက် ၁၀ နာရီ ၄၀ မိနစ်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ပေါက်ကွဲသည့် အရှိန်ကြောင့် နေအိမ်ပြတင်းပေါက်များ ပျက်စီးခဲ့ကြောင်း ရုရှား အရေးပေါ်ရေးရာဌာန၏ ထုတ်ပြန်သည့် သတင်းများအရ သိရသည် ။ ဒဏ်ရသူများအား ဆေးရုံသို့ ပို့ဆောင်ပြီးဖြစ်ကြောင်းနှင့် စက်ရုံရှိ လူများအား ဘေးလွတ်ရာသို့ အရေးပေါ် ရွေ့ပြောင်းခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်ရပ်သည် သက်ဆိုင်ရာဝန်ထမ်းများက နည်းပညာ လုပ်ထုံးလုပ်နည်းကို ချိုးဖောက်၍လုပ်ဆောင်ခြင်းကြောင့် ဖြစ်ကြောင်း Rossiya Segodnya သတင်းအေဂျင်စီ၏ သတင်းများအရ သိရသည်။ (Xinhua)

…………………………
(Chinese Version)
(国际)俄罗斯莫斯科州工厂爆炸事故受伤人数增至60人 另有一人死亡
新华社莫斯科8月9日电(记者黄河)俄罗斯莫斯科州谢尔吉耶夫波萨德市市长阿库洛夫9日通报说,该市当天发生的光学机械厂爆炸事故受伤人数已增至60人,另有8人失踪,此外,一人因抢救无效死亡。
阿库洛夫在其社交媒体账号上发文说,暂未在现场发现死亡人员,但一名女性伤者因抢救无效死亡。爆炸导致现场的基础设施,包括锅炉房、窗户和建筑外墙等遭到破坏,瓦砾清理工作仍在进行中。
据俄紧急情况部发布的消息,9日10时40分,莫斯科州扎戈尔斯克光学机械厂内一座用于存放烟花爆竹的仓库发生爆炸,爆炸冲击波致多栋房屋窗户破损。伤者已被送往医院,工厂紧急疏散了人员。
另据今日俄罗斯通讯社报道,事故原因是有关人员违反了技术操作流程。
1. Rescuers are seen at the blast site of a plant in Moscow region, Russia, Aug. 9, 2023.