Connect with us

China

ပင်လယ်ရေပိုင်နက်ဆိုင်ရာ ချိုးဖေါက်မှုနှင့် ရန်စမှုများကို ရပ်တန့်ရန် ဖိလစ်ပိုင်နိုင်ငံကို တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနကထပ်မံ တိုက်တွန်း

ပေကျင်း၊ မတ် ၇ ရက် (ဆင်ဟွာ)

တောင်တရုတ်ပင်လယ်အတွင်း တရုတ်နှင့် ဖိလစ်ပိုင်သင်္ဘောများ တိုက်မိမှုအပေါ် တုံ့ပြန်သည့်အနေဖြင့် ပင်လယ်ရေပိုင်နက်ဆိုင်ရာ ချိုးဖောက်မှုများနှင့် ရန်စမှုများကို ရပ်တန့်ရန်၊ ရေကြောင်းဆိုင်ရာ အခြေအနေကို ပိုရှုပ်ထွေးစေမည့် မည်သည့်အပြုအမူမျိုးမျှ မလုပ်ဆောင်ရန် ဖိလစ်ပိုင်နိုင်ငံအား တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က မတ် ၅ ရက်၌ ထပ်မံတိုက်တွန်းထားကြောင်း သိရသည်။

တရုတ်နှင့် ဖိလစ်ပိုင်နိုင်ငံ သက်ဆိုင်ရာဌာနများ၏ ပြောကြားချက်အရ တောင်တရုတ်ပင်လယ်၌ တရုတ်နှင့် ဖိလစ်ပိုင်သင်္ဘောတို့ တိုက်မိသည့်ဖြစ်ရပ်နှင့်ပတ်သတ်သည့် မတ် ၅ ရက်က တရုတ် ကမ်းခြေစောင့်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အပြင် ယင်းကိစ္စနှင့်ပတ်သက်ပြီး တရုတ်ဘက်မှ ထပ်မံမှတ်ချက်ပြုပေးရန် နေ့စဉ်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက မေးမြန်းခဲ့သည်။

“ခင်ဗျားပြောခဲ့သလိုပဲ၊ တရုတ် ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက သက်ဆိုင်ရာ အခြေအနေနဲ့ ပတ်သက်ပြီး ကြေညာချက် ထုတ်ပြန်ပြီးပါပြီ” ဟု မော်နင်ကပြောခဲ့သည်။ မတ်လ ၅ ရက်တွင် ဖိလစ်ပိုင်ထောက်ပံ့ရေးသင်္ဘောနှစ်စင်းနှင့်ကမ်းခြေစောင့်တပ်ဖွဲ့ သင်္ဘောနှစ်စင်းသည် တရုတ်အစိုးရထံမှ ခွင့်ပြုချက်မရှိဘဲ တရုတ်နိုင်ငံ နန်ရှားကျွန်းစုရှိ ရန်အိုက် သောင်စွယ် (Ren’ai Jiao)နှင့် ကပ်လျက်ရေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်ခဲ့ပြီး ရန်အိုက် သောင်စွယ်ရှိ တရားမဝင် အခြေချထားသည် စစ်သင်္ဘောများထံသို့ ဆောက်လုပ်ရေးပစ္စည်းများ အပါအဝင် ထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်ရန် ကြိုးပမ်းခဲ့သည်။ တရုတ် ကမ်းခြေစောင့်တပ်ဖွဲ့သည် ဖိလစ်ပိုင်သင်္ဘောများအား ဥပဒေနှင့်အညီ လိုအပ်သလို ထိန်းချုပ်အရေးယူမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကာ အဆိုပါလုပ်ဆောင်မှုများသည် ပရော်ဖက်ရှင်နယ်ကျကျ ထိန်းထိန်းသိမ်းသိမ်းနှင့် ကျိုးကြောင်းဆီလျော်စွာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း မော်နင်ကပြောကြားခဲ့သည်။
တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ယင်းကိစ္စနှင့်ပတ်သက်ပြီး ဖိလစ်ပိုင်ထံတည်ကြည်လေးနက်စွာညှိနှိုင်းပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ဖော်ပြလိုက်သည် ဟု မော်နင်က ဆိုသည်။

ရန်အိုက်သောင်စွယ်အရေးနှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ ရပ်တည်ချက်သည် တသမတ်တည်းရှိပြီး ရှင်းလင်းသည်ဟု မော်နင်က ပြောသည်။ တရုတ်နှင့် ဖိလစ်ပိုင်တို့သည် ရန်အိုက်သောင်စွယ်၏ အခြေအနေကို ကောင်းမွန်စွာ စီမံခန့်ခွဲရန် ကာလတစ်လျှောက်လုံး အဆက်အသွယ်မပျက် ရှိခဲ့သည်။ ဖိလစ်ပိုင်သည် တရုတ်နိုင်ငံအပေါ် ၎င်း၏ ကတိကဝတ်များကို တစ်ဖန် ချိုးဖောက်ခြင်း၊ ရန်အိုက်သောင်စွယ်ရေပိုင်နက်အတွင်း ရန်စနှောင့်ယှက်မှုများပြုလုပ်ခြင်း၊ တရုတ်နိုင်ငံ၏ ပိုင်နက်အချုပ်အခြာအာဏာ၊ ရေပိုင်နက်ဆိုင်ရာ အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ပြင်းထန်စွာ ချိုးဖောက်ခဲ့ကြောင်း မော်နင်က ထပ်မံပြောကြားခဲ့သည်။

ပင်လယ်ရေပိုင်နက်ဆိုင်ရာ ချိုးဖေါက်မှုနှင့် ရန်စမှုများကို ရပ်တန့်ရန်၊ ရေကြောင်းဆိုင်ရာ အခြေအနေကို ပိုရှုပ်ထွေးစေမည့် မည်သည့်အပြုအမူမျိုးမျှ မလုပ်ရန် တရုတ်က ဖိလစ်ပိုင်အား ထပ်မံတိုက်တွန်းထားကြောင်းနှင့် တရုတ်နိုင်ငံသည် ၎င်း၏ ပိုင်နက်အချုပ်အခြာအာဏာ၊ ရေပိုင်နက်ဆိုင်ရာ အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ပြည်တွင်းနှင့် နိုင်ငံတကာဥပဒေများနှင့်အညီ ဆက်လက်၍ ခိုင်မြဲစွာ ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

……………………………
(Chinese Version)
外交部:再次敦促菲方停止海上侵权挑衅
新华社北京3月5日电(记者成欣)针对中菲船只当日在南海发生碰撞事件,外交部发言人毛宁5日表示,中方再次敦促菲方停止海上侵权挑衅,不要采取任何可能导致海上局势复杂化的行动。
当日例行记者会上,有记者问:据中菲相关部门消息,3月5日,中国和菲律宾船只在南海发生碰撞事件,请问除了中方海警的声明之外,中方对此事还有其他评论吗?
“正如你提到,中国海警局新闻发言人已发表谈话介绍有关情况。”毛宁说,3月5日,菲律宾2艘运补船、2艘海警船未经中国政府允许,擅自闯入中国南沙群岛仁爱礁邻近海域,企图向仁爱礁非法“坐滩”的军舰运送包括建筑材料在内的物资。中国海警依法对菲方船只采取必要管制措施,现场操作专业克制、合理合法。
“中国外交部已就此向菲方提出严正交涉,表达强烈抗议。”毛宁说。
毛宁说,中方在仁爱礁问题上的立场是一贯的、明确的。一段时间来,中菲双方就妥善管控仁爱礁局势保持沟通。“菲方再次违背其向中方所作的承诺,在仁爱礁海域侵权挑衅、制造事端,严重侵犯中国的领土主权和海洋权益。”
她表示,中方再次敦促菲方停止海上侵权挑衅,不要采取任何可能导致海上局势复杂化的行动。中方将继续按照国内法和国际法,坚定维护自身的领土主权和海洋权益。(完)