Connect with us

North America

အမေရိကန်ကက်ပီတိုလွှတ်တော်အား ဗုံးဖောက်မည်ဟုခြိမ်းခြောက်သည့် သံသယရှိသူ အာဏာပိုင်များထံ လက်မြောက်အဖမ်းခံ

ဝါရှင်တန် ၊ ဩဂုတ် ၂၀ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ကက်ပီတိုလွှတ်တော်အဆောက်အဦအနီး ဗုံးဖောက်ခွဲမည်ဟု ခြိမ်းခြောက်ခဲ့သော သံသယရှိသူတစ်ဦးသည် အာဏာပိုင်များထံ အေးအေးချမ်းချမ်း လက်မြောက်အဖမ်းခံခဲ့ကြောင်း နှင့် ၎င်းအား ဖမ်းဆီးပြီးနောက် ရဲအချုပ်ခန်းသို့ပို့ဆောင်ထားကြောင်း အမေရိကန်ကက်ပီတိုလွှတ်တော်ရဲတပ်ဖွဲ့(USCP)က ပြောကြားခဲ့သည်။ တစ်နာရီကျော်ကြာ ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပွားနေစဉ်အတွင်း လွှတ်တော်အဆောက်အဦအနီးရှိနေသူများအား ဘေးလွတ်ရာသို့ အရေးပေါ်ပြောင်းရွှေ့ပေးခဲ့ရကြောင်းလည်း သိရသည်။

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့ရှိ ကက်ပီတိုလွှတ်တော်အရှေ့တွင် အရေးပေါ်ကယ်ဆယ်ရေးအတွက် မီးသတ်ကားရောက်ရှိနေသည်ကို ဩဂုတ် ၁၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အသက် ၄၉ နှစ်အရွယ် သံသယတရားခံ Floyd Ray Roseberry ဆိုသူအား “ အချုပ်ခန်းသို့ ဘေးကင်းစွာ ပို့လိုက်ပါပြီ” ဟု ကက်ပီတိုလွှတ်တော်ရဲတပ်ဖွဲ့က တွစ်တာ၌ ရေးသားဖော်ပြခဲ့သည်။

ကက်ပီတိုလွှတ်တော်ရဲတပ်ဖွဲ့အကြီးအကဲ Tom Manger က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားရာတွင် အဆိုပါ သံသယရှိသူအမျိုးသားသည် ကက်ပီတိုလွှတ်တော်ဝင်းအတွင်းရှိ ကွန်ဂရက်စာကြည့်တိုက်ရှေ့ ကားရပ်နားရာ နေရာ၌ သူ၏ ထရက်ကားကို ရပ်ထားကြောင်း ၊ နာရီအနည်းငယ်ကြာပြီးနောက် ၎င်းကားပေါ်တွင် ဖောက်ခွဲရေးပစ္စည်းများတင်ဆောင်ထားဟု အသိပေးခဲ့ကြောင်း ဆိုသည်။

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့ရှိ ကက်ပီတိုလွှတ်တော်အရှေ့တွင် စစ်ကားတစ်စီးလုံခြုံရေးယူထားသည်ကို ဩဂုတ် ၁၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ယင်းကားထဲတွင် ဖောက်ခွဲရေးပစ္စည်းများရှိနေသလားဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရှိရကြောင်း နှင့် အခင်းဖြစ် နေရာတွင် စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း Manger က ပြောကြားခဲ့သည်။ တာဝန်ရှိသူများအနေဖြင့် ယင်းကားအား ရှာဖွေစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်ရန် နှင့် အခြေအနေကို ဘေးကင်းလုံခြုံစိတ်ချစေရန် လိုအပ်ဆဲဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့ရှိ ကက်ပီတိုလွှတ်တော်အရှေ့တွင် အရေးပေါ်ကယ်ဆယ်ရေးအတွက် မီးသတ်ကားရောက်ရှိနေသည်ကို ဩဂုတ် ၁၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကားထဲတွင်ရှိနေသော သံသယတရားခံကို ဆက်သွယ်နိုင်ရန် ရဲတပ်ဖွဲ့က စက်ရုပ်ဖြင့် လက်ကိုင်ဖုန်းပေးပို့ရန် ကြိုးပမ်းခဲ့သော်လည်း ၎င်းက ချက်ခြင်းငြင်းဆန်ခဲ့သဖြင့်
ရဲတပ်ဖွဲ့ဝင်များသည် ဝိုက်ဘုတ်(ကျောက်သင်ပုန်းဖြူ)ပေါ်တွင် စာရေးသားကာ ၎င်းနှင့်ဆက်သွယ်မှုပြုလုပ်ရန် ထပ်မံကြိုးပမ်းခဲ့ပြီး စေ့စပ်ညှိနှိုင်းမှုပြုလုပ်ခဲ့ရကြောင်း ၊ အဆိုပါ သံသယရှိသူသည် ကားထဲမှာ ထွက်လာပြီး လက်မြောက်အဖမ်းခံခဲ့ကြောင်း Manger ၏ ပြောကြားချက်အရ သိရသည်။

အခင်းဖြစ်နေရာတွင် တုံ့ပြန်ဆောင်ရွက်မှု ပြုလုပ်ရန် အရက် ၊ ဆေးရွက်ကြီး ၊ လက်နက် နှင့် ဖောက်ခွဲရေးဆိုင်ရာ ဝါရှင်တန်နယ်မြေခံတပ်ဖွဲ့မှူးရုံး ၊ ပြည်ထောင်စုစုံစမ်းစစ်ဆေးရေးဗျူရို(FBI)၏ ဝါရှင်တန်နယ်မြေခံရုံးအမျိုးသား အရေးပေါ်တုံ့ပြန်ရေးဌာနစိတ် နှင့် ကိုလံဘီယာခရိုင်ရဲတပ်ဖွဲ့မှူးရုံးအပါအဝင် ရဲတပ်ဖွဲ့အင်အားအလုံးအရင်းဖြစ်ရောက်ရှိလာခဲ့ကြောင်း သိရသည်။

အဆိုပါ ဗုံးလန့်မှုကြောင့် တရားရုံးချုပ်အဆောက်အဦ ၊ Cannon ရုံးအဆောက်အဦ ၊ ကွန်ဂရက်စာကြည့်တိုက်၏ သောမက်စ်ဂျက်ဖာဆင် အဆောက်အဦ နှင့် James Madison အထိမ်းအမှတ်အဆောက်အဦ အပါအဝင် ကက်ပီတိုလွှတ်တော်ဝင်းအတွင်းရှိ အဆောက်အဦများစွာမှ ပစ္စည်းကိရိယာများကို အရေးပေါ်ပြောင်းရွှေ့မှုများပြုလုပ်ခဲ့ရကြောင်း သိရသည်။ (Xinhua)

——————————————————
(English Version)
Suspect threatening to bomb U.S. Capitol taken into custody after surrendering to authorities
WASHINGTON, Aug. 19 (Xinhua) — The suspect who threatened Thursday to detonate a bomb near the U.S. Capitol building surrendered to authorities peacefully and was taken into custody, U.S. Capitol Police (USCP) said, ending an hours-long standoff during which multiple nearby buildings were evacuated.
USCP said in a tweet that the suspect, identified as 49-year-old Floyd Ray Roseberry, “has been safely taken into custody.”
USCP Chief Tom Manger told a news briefing that the man had parked a pickup truck in front of the Library of Congress, which is part of the Capitol Complex, for several hours and had “advised he had explosives.”
Manger said officials do not know if there are still explosives in the vehicle and the site under ongoing investigation is still an “active scene.” Officials still need to search the vehicle and render it safe, he said.
The suspect eventually got out of the vehicle and surrendered, bringing an end to negotiations during which law enforcement officers tried to use a white board to communicate with the man, who at one time refused to use a telephone officials sent to him via a robot, according to Manger.
The incident led to a massive police response on Capitol Hill involving the Washington Field Division of the Bureau of Alcohol, Tobacco, Firearms and Explosives, the Federal Bureau of Investigation’s Washington Field Office National Capital Response Squad and the District of Columbia’s Metropolitan Police.
Multiple buildings belonging to the sprawling Capitol Complex have been evacuated due to the incident, including the Supreme Court building, the Cannon House Office Building, the Library of Congress’ Thomas Jefferson Building and James Madison Memorial Building. Enditem
1- A police vehicle is seen near the Capitol building in Washington, D.C., the United States, on Aug. 19, 2021. (Xinhua/Liu Jie)
2,4- Fire engine vehicles are seen near the Capitol building in Washington, D.C., the United States, on Aug. 19, 2021. (Xinhua/Liu Jie)
3- A military vehicle is seen near the Capitol building in Washington, D.C., the United States, on Aug. 19, 2021.(Xinhua/Liu Jie)