Connect with us

CHINA

ပေကျင်းမြို့၌ နေထိုင်သူလူဦးရေ ၁၀ သန်းကျော် COVID-19 အားဖြည့်ကာကွယ်ဆေးထိုးနှံပြီးဖြစ်

တရုတ်နိုင်ငံ၊ မြို့တော်ပေကျင်းရှိ ယာယီကာကွယ်ဆေးထိုးနေရာတစ်ခု၌ ဒေသခံပြည်သူများအား COVID-19 အားဖြည့်ကာကွယ်ဆေး (booster shots ) အား ၂၀၂၁ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်တွင် ထိုးနှံပေးနေသည့် ဆေးဝန်ထမ်းများအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံမြို့တော် ပေကျင်း၌ ဒီဇင်ဘာ ၃ ရက် နံနက် ၁၀ နာရီအထိ လူဦးရေ ၁၀ သန်းကျော်အား COVID-19 အားဖြည့်ကာကွယ်ဆေးများ (booster shots) ထိုးနှံပြီးဖြစ်ကြောင်း ဒေသန္တရကျန်းမာရေးအာဏာပိုင်များက ပြောကြားခဲ့သည်။

အလားတူကာလမှာပင် ပေကျင်းမြို့၌ COVID-19 ကာကွယ်ဆေးစုစုပေါင်း ၅၂.၆ သန်းခန့်ကို ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ပေကျင်းမြို့တွင် ကာကွယ်ဆေးထိုးနှံပြီးသူ ၃ သန်းခန့်မှာ အသက် ၆၀ နှစ်နှင့်အထက်ဖြစ်ပြီး ၎င်းတို့တွင် အသက် ၈၀ နှစ်နှင့်အထက် ၁၆၀,၀၀၀ ဦးခန့် ပါဝင်ကြောင်း သိရသည်။

လက်ရှိတွင် ပေကျင်းမြို့၌ လူဦးရေ ၂၂ သန်းကျော်မှာ အနည်းဆုံး ကာကွယ်ဆေး ၁ ကြိမ်စီ ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)
………………………………………….
(English Version)
Over 10 million Beijing residents get COVID-19 booster shots
BEIJING, Dec. 3 (Xinhua) — As of 10 a.m. Friday, more than 10 million people in the Chinese capital had received their COVID-19 booster doses, said local health authorities.
During the same period, a total of approximately 52.6 million doses of COVID-19 vaccines had been administered in Beijing. About 3 million vaccine recipients in the city are aged 60 or above, among which about 160,000 aged 80 or above.
Currently, more than 22 million people in Beijing have been vaccinated with at least one dose. Enditem