Connect with us

Media

ဟေတီနိုင်ငံသမ္မတအား လုပ်ကြံမှုနှင့်ဆက်စပ်သည်ဟု ယူဆရသူကို တူရကီ၌ဖမ်းမိ

အစ္စတန်ဘူလ်၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)
ဟေတီနိုင်ငံ သမ္မတ Jovenel Moise အား လုပ်ကြံသတ်ဖြတ်မှု နှင့်ဆက်စပ်သည်ဟု ယူဆရသည့်သံသယရှိသူ အမျိုးသားတစ်ဦးကို တူရကီနိုင်ငံ၏ အကြီးဆုံးမြို့ ဖြစ်သည့်အစ္စတန်ဘူလ်မြို့တွင် တူရကီအာဏာပိုင်များက နိုဝင်ဘာ ၁၅ ရက်တွင် ဖမ်းဆီးလိုက်ကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြသည်။
အင်တာပိုလ်မှ တူရကီ တရားရေးဝန်ကြီးဌာနသို့ အလိုရှိသည့်စာရင်းပေးပို့ထားသည့်ထဲတွင်ပါဝင်သည့် Smair Handal ဆိုသူအား ရက် ၄၀ ယာယီထိန်းသိမ်းထား မည်ဖြစ်သည်။
Handal သည် အစ္စတန်ဘူလ် လေဆိပ် ၌ အမေရိကန်ပြည်ထောင်စုမှ ဂျော်ဒန်နိုင်ငံသို့သွားသည့်လေယာဉ် ပြောင်းစီးစဉ်ဖမ်းဆီးခံရခြင်းဖြစ်ပြီး ၎င်းအား အစ္စတန်ဘူလ်ရှိ Maltepe အကျဉ်းထောင်၌ ထိန်းသိမ်းထားကြောင်းသိရသည်။
ဟေတီနိုင်ငံသမ္မတ Jovenel Moise အား ဇူလိုင်လအတွင်း ၎င်းနေအိမ်၌ သေနတ်သမားအဖွဲ့တစ်ဖွဲ့က ဝင်ရောက် လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသည်။ (Xinhua)
……………………………
(English Version)
Turkey arrests suspect linked to Haitian president’s killing
Turkish authorities in Turkey’s biggest city Istanbul have arrested a man considered a suspect in the investigation of the assassination of Haitian President Jovenel Moise, local media reported.