Connect with us

INTERNATIONAL ORGANIZATION

အစ္စရေးနိုင်ငံ၌ COVID-19 Delta ဗီဇပြောင်းဗိုင်းရပ်စ် “AY4.2” ပထမဆုံးတွေ့ရှိ

ဂျေရုဆလင်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ)

အစ္စရေးနိုင်ငံ၌ COVID-19 ဒယ်လ်တာ (Delta) ဗီဇပြောင်းဗိုင်းရပ်စ် “AY4.2” အား အောက်တိုဘာ ၁၉ ရက်တွင် ပထမဆုံးတွေ့ရှိခဲ့ကြောင်း အစ္စရေး ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။၎င်းသည် ဥရောပနိုင်ငံအများအပြားတွင် ယခင်က ေတွေ့ရှိခဲ့သော မျိုးကွဲတစ်ခုဖြစ်ကြောင်း ဝန်ကြီးဌာနက မှတ်ချက်ပြုသည်။မော်လ်ဒိုဗာနိုင်ငံမှ ပြန်လာခဲ့ပြီး Tel Aviv မြို့၊ Ben Gurion အပြည်ပြည်ဆိုင်ရာလေဆိပ် Ben Gurion အပြည်ပြည်ဆိုင်ရာလေဆိပ်အပြင်ဘက်တွင် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုခံယူခဲ့သော အသက် ၁၁ နှစ်အရွယ် ယောကျ်ားလေးတစ်ဦး၌ ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးဌာနအနေဖြင့် ကူးစက်ရောဂါဆိုင်ရာ စုံစမ်းစစ်ဆေးမှုကို ဆောင်ရွက်လျက်ရှိပြီး COVID-19 ၏ ဗီဇပြောင်းဗိုင်းရပ်စ် အသွင်အမျိုးမျိုးနှင့် ၎င်းတို့၏ ဖြစ်ပေါ်တိုးတက်မှုများအားလုံးကို နိုင်ငံအတွင်း အမြဲတစေ စောင့်ကြည့်လျက်ရှိကြောင်း ဖြည့်စွက်ဖော်ပြထားသည်။

အစ္စရေးနိုင်ငံတွင် အောက်တိုဘာ ၁၉ ရက်တွင် COVID-19 အတည်ပြုလူနာသစ် ၁၄၈၇ ဦးရှိခဲ့ရာ အတည်ပြုလူနာစုစုပေါင်း ၁,၃၁၉,၀၀၁ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
အစ္စရေးနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ဖြင့် သေဆုံးသူ စုစုပေါင်း ၁၁ ဦးထပ်မံရှိခဲ့သဖြင့် စုစုပေါင်း ၈၀၂၁ ဦး အထိမြင့်တက်လာခဲ့ပြီး ပြင်းထန်လူနာ အရေအတွက်မှာမူ ၃၅၇ ဦးမှ ၃၅၃ ဦး အထိ လျှော့ကျလာခဲ့ကြောင်း သိရသည်။
ထို့ပြင် ဗိုင်းရပ်စ်ကူးစက်မှုမှ ပြန်လည်ကျန်းမာလာသူအသစ် ၁၇၅၀ ရှိလာပြီးနောက် ကိုရိုနာဗိုင်းရပ်ကူးစက်ခံရပြီး ပြန်လည်ကျန်းမာလာသူ စုစုပေါင်း ၁,၂၉၃,၈၅၄ ဦး ရှိပြီဖြစ်ကြောင်း၊ လက်ရှိရောဂါဖြစ်ပွားနေဆဲ လူနာအရေအတွက်မှာ ၁၇,၁၂၆ ဦး အထိ လျှော့ကျလာခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………………………
(English Version)
Israel detects 1st case of COVID-19 Delta variant “AY4.2”

JERUSALEM, Oct. 19 (Xinhua) — The first case of the new COVID-19 Delta variant “AY4.2” was detected in Israel on Tuesday, the country’s Ministry of Health said.
This is the variant that was previously detected in several European countries, the ministry noted.

It was diagnosed in an 11-year-old boy, who underwent a coronavirus test at Ben Gurion International Airport outside Tel Aviv, upon his return from Moldova.
The ministry added that the epidemiological investigation is being conducted, and all types of COVID-19 variants and their development are being constantly monitored in the country.
Also on Tuesday, the ministry reported 1,487 new COVID-19 cases, bringing the total tally of infections in the country to 1,319,001.

The death toll from the coronavirus in Israel rose by 11 to 8,021, while the number of patients in serious condition decreased from 357 to 353.
The total recoveries from the virus climbed to 1,293,854 after 1,750 newly recovered cases were recorded, while active cases decreased to 17,126. Enditem