Connect with us

Africa & Middle East

ဒမတ်စကပ်စ်မြို့၌ စစ်တပ်ဘတ်စ်ကား ပေါက်ကွဲမှုကြောင့် လူ ၁၃ ဦး သေဆုံး

ဒမတ်စကပ်စ်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ ဒမတ်စကပ်စ် အလယ်ပိုင်းတွင် အောက်တိုဘာ ၂၀ ရက်က စစ်တပ်ဘတ်စ်ကားတစ်စီး ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် အနည်းဆုံးလူ ၁၃ ဦး သေဆုံးပြီး အခြားသူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနိုင်ငံပိုင် SANA သတင်းအေဂျင်စီကဖော်ပြသည်။အောက်တိုဘာ ၂၀ ရက် အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲသံတစ်ခုကို လူအများ ကြားခဲ့ရကြောင်း၊ ဆီးရီးယားမြို့တော်၏ အချက်အချာနေရာဖြစ်သော သမ္မတတံတားအနီးကိုဖြတ်သွားသော စစ်တပ်ခရီးသည်တင်ဘတ်စ်ကားကိုပစ်မှတ်ထားသော လမ်းဘေးဗုံးများမှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဗုံးရှာဖွေရေးအဖွဲ့သည် တတိယမြောက် ပေါက်ကွဲစေတတ်သောဗုံးတစ်လုံးကို ရှာဖွေတွေ့ရှိခဲ့ပြီး ဖျက်ဆီးပစ်ခဲ့ကြောင်း သတင်းဌာနက ဖော်ပြထားသည်။
တချိန်တည်းမှာပင် နိုင်ငံပိုင်သတင်းဌာနက ပတ်ဝန်းကျင်၌ အခြေအနေကို စစ်ဆေးနေသော စစ်တပ် တပ်ဖွဲ့ဝင်များနှင့် မီးလောင်ကျွမ်းထားသော ခရီးသည်တင်ဘတ်စ်ကား၏ ဓာတ်ပုံများအား ဖော်ပြထားကြောင်း သိရသည်။
ယင်းသမ္မတတံတားသည် ဒမတ်စကပ်စ်ရှိ အလွန်စည်ကားသောနေရာတစ်ခုဖြစ်ပြီး ဘတ်စ်ကားများ၊ မီနီဘတ်စ်ကားများနှင့် မီနီဗင်ကားများဖြင့် မြို့တော်ကို ဆက်သွယ်ထားသော အဓိကသယ်ယူပို့ဆောင်ရေး ဘူတာရုံတည်ရှိရာ နေရာလည်းဖြစ်သည်။ (Xinhua)

———————————————–
(English Version)
13 killed in Damascus army bus explosion
DAMASCUS, Oct. 20 (Xinhua) — At least 13 people were killed and three others wounded in a bomb attack on an army bus in central Damascus on Wednesday, state news agency SANA reported.
People heard the sound of a powerful explosion early Wednesday, which appeared later to be roadside bombs targeting a military passenger bus passing near the President Bridge in the heart of the Syrian capital.
Following the explosion, a bomb squad found a third explosive device and dismantled it, it added.
Meanwhile, the state news agency posted photos of a charred passenger bus with military personnel around it checking the situation.
The President Bridge is a very busy area in Damascus where the main transportation station, which connects the capital through dozens of buses, mini buses and mini vans, is located. Enditem

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.