Connect with us

China

BYD လျှပ်စစ်ဘတ်စ်ကားများ ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးသို့ ရောက်ရှိလာ

ဂျပန်နိုင်ငံ ခီတာဟီရိုရှီးမားမြို့ ရှိ Es Con Field Hokkaido အားကစားရုံ ဝင်ပေါက်ရှေ့တွင် BYD လျှပ်စစ်ဘတ်စ်ကားတစ်စီးကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျပန်နိုင်ငံ ခီတာဟီရိုရှီးမားမြို့တွင် လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားပြီးနောက် Fighters Sports & Entertainment, Hokkaido Bus Company နှင့် BYD Japan မှ ကိုယ်စားလှယ်များ မှတ်တမ်းဓာတ်ပုံရိုက်နေစဉ် (ဆင်ဟွာ)

ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးစီရင်စု၊ ခီတာဟီရိုရှီးမား မြို့၏ လျှပ်စစ်အသွင်ကူးပြောင်းခြင်းနှင့် ကာဗွန်လျှော့ချခြင်း ကြိုးပမ်းအားထုတ်မှုများ ဆောင်ရွက်နေစဉ်အတွင်း တရုတ်မော်တော်ကားထုတ်လုပ်သူ BYD က လျှပ်စစ်ဘတ်ကားများကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

စုစုပေါင်း ဘတ်စ်ကားအစီးရေ ၅ စီးကို ဒေသခံအားကစားနှင့် နားနေစခန်းနေရာဖြစ်သော Hokkaido Ballpark F Village နှင့် ဂျပန်နိုင်ငံ ရထားလုပ်ငန်း၏ ခီတာဟီရိုရှီးမားဘူတာရုံကြား လွန်ပြန်ပြေးဆွဲပေးမည်ဖြစ်သည်။ ယခုရောက်ရှိလာသော ဘတ်စ်ကားများသည် BYD JAPAN ကုမ္ပဏီလီမိတက်မှ ဟော့ကိုင်းဒိုးသို့ တင်ပို့သော လျှပ်စစ်ဘတ်စ်ကား ပထမအသုတ်ဖြစ်သည်။

အဆိုပါ ဘတ်စ်ကားများ လွန်းပြန်ပြေးဆွဲမှုများကို အားကစားပွဲများ ဖွင့်လှစ်ကျင်းပမည့် မတ် ၁၄ ရက်တွင် စတင်မည်ဖြစ်ပြီး ဘူတာရုံနှင့် အားကစားကျေးရွာ၏ အဓိကနေရာဖြစ်သော Es Con Field Hokkaido ကြား ခရီးသွားလာမည့် ခရီးသည်များအတွက်ဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
BYD electric buses delivered in Japan’s Hokkaido
Chinese automaker BYD has delivered a batch of electric buses to the city of Kitahiroshima, Hokkaido prefecture, amid the region’s electrification and carbon neutral efforts.
The buses, five in total, will function as shuttle buses between Hokkaido Ballpark F Village, a local sports and leisure complex, and Japan Railways Kitahiroshima Station, This marked the first delivery of electric buses in Hokkaido by BYD JAPAN Co., Ltd..
The shuttle buses will start operation on March 14, when an open game will be held, allowing visitors to travel between the station and the village’s major facility of Es Con Field Hokkaido, the new home stadium of the famous Japanese baseball team Nippon Ham Fighters.
Photo 1: A BYD electric bus parked in front of the gate of Es Con Field Hokkaido stadium in Kitahiroshima, Japan on Feb. 24, 2023. (Xinhua/Jiang Qiaomei)
Photo 2: Representatives of Fighters Sports & Entertainment, Hokkaido Bus Company and BYD Japan posed for photograph after the delivery ceremony in Kitahiroshima, Japan on Feb. 24, 2023. (Xinhua/Jiang Qiaomei)m