Connect with us

Local

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလအတွင်း တရုတ်-မြန်မာနယ်စပ် နုံ့တောင်လမ်းကြောင်း၏ နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုပမာဏ ယွမ် သန်း ၁၅၀ ရှိ

တရုတ်-မြန်မာနယ်စပ်ဂိတ်တစ်ခုတွင်ကုန်တင်ကားများသွားလာနေမှုအားတွေ့ရစဉ် (ဓာတ်ပုံ-- ပြန်ကြားရေးဝန်ကြီးဌာန)

ရန်ကုန်၊ မတ် ၁ ရက် (ဆင်ဟွာ)

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် တရုတ်-မြန်မာနယ်စပ် နုံ့တောင်လမ်းကြောင်း၏ ပို့ကုန်သွင်းကုန်ပမာဏ တန်ချိန် ၈၀၀၀၀ ရှိပြီး နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုပမာဏ ယွမ် သန်း ၁၅၀ ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ယနေ့ မတ်၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။တရုတ်နိုင်ငံတွင် ကပ်ရောဂါဆိုင်ရာ မူဝါဒများ ပိုမိုကောင်းမွန်အောင် ပြင်ဆင်လာချိန်မှစ၍ နုံ့တောင်လမ်းကြောင်းတွင် ယာဉ်များ တိုက်ရိုက်ဝင်ထွက်သွားလာသည့် နယ်စပ်ဖြတ်ကျော်သယ်ယူပို့ဆောင်ရေးပုံစံ ကျင့်သုံးခဲ့ရာ နေ့စဉ် အဝင်အထွက် မော်တော်ယာဉ်အစီးရေ ၂၀၀ နှင့် ဂိတ်ဖြတ်သန်းသည့် ကုန်ပစ္စည်း တန်ချိန် ၂,၆၀၀ ကို စစ်ဆေးနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.