Connect with us

Asia

အင်ဒိုနီးရှား ဈေးတွင် ရမ်ဇာန် ဥပုသ် ကာလ စည်းကားလျက်ရှိ

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ Benhil စားသောက်ကုန်ဈေးတွင် စားသောက်ဆိုင်ရှေ့မှ ဖြတ်သန်းသွားသော အမျိုးသမီးတစ်ဦးအား ၂၀၂၃ ခုနှစ် မတ် ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဂျကာတာ၊ မတ် ၂၅ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ Benhil စားသောက်ကုန်ဈေးတွင် အစားအသောက်များ ရောင်းချနေသူတစ်ဦးအား ၂၀၂၃ ခုနှစ် မတ် ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့လယ်ရှိ Benhil စားသောက်ကုန်ဈေးတွင် ရမ်ဇာန် ဥပုသ်လ ဝါဖြေခြင်းအတွက် သုံးဆောင်ကြသည့် takjils စားသောက်ဖွယ်အမျိုးမျိုးကို ရောင်းချလျက်ရှိသည်။

ဝါဖြေအစားအစာ takjilsမျိုးစုံဖြစ်သော ဖက်ထုပ်၊ ငါးကင်၊ ရေခဲခြစ်မှအစ ဆီကြော်အစာအစားများကို လူအများက ဝယ်ယူကြသည်။
ယခုနှစ် မတ် ၂၂ ရက်မှစတင်သော အစ္စလာမ်ဘာသာ ဥပုသ်လတွင် အစ္စလာမ်ဘာသာဝင်များက နံနက် နေထွက်ချိန်မှ နေဝင်ချိန်အထိ မစားမသောက်ဘဲ ဥပုသ်စောင့်လေ့ရှိကြပြီး ညအချိန်မှ စုဝေး၍စားသောက်ကြခြင်း ဖြစ်သည်။ (Xinhua)

…………………………………
(English Version)
Asia Album: Indonesian market abuzz for Ramadan fasting
JAKARTA, March 25 (Xinhua) — Food vendors of the Benhil food market in central Jakarta, Indonesia, are selling various takjils (breaking-of-the-fast food) for Ramadan to a frenetic crowd of customers.

There are all kinds of takjils that people can buy as a menu to break the fast, ranging from dumplings, grilled fish, mixed ice, to various fried foods.

During the Islamic holy month of Ramadan, which starts here from March 22 this year, Muslims practice fasting and refrain from eating, drinking, etc. from sunrise until sunset, and then they gather and feast at night.
1. A woman passing in front of the vendors that sell foods for breaking the fast at Benhil Food Market in Jakarta on March 24, 2023. (Photo by Veri Sanovri/Xinhua)
2. A vendor serving a buyer at Benhil Food Market in Jakarta on March 24, 2023. (Photo by Veri Sanovri/Xinhua)