Connect with us

China

တရုတ်နိုင်ငံခြားရေးဝန်ကြီးက SCO အစည်းအဝေးတွင် မဟာဗျူဟာမြောက် သီးခြားလွတ်လပ်မှု၊ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် တိုက်တွန်း

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ချင်ကန်း (ရှေ့တန်း) အား အိန္ဒိယနိုင်ငံ ဂိုအာမြို့တွင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်နေသည်ကို ၂၀၂၃ ခုနှစ် မေ ၅ ရက်၌ တွေ့ရစဉ် (ဆင်ဟွာ)

ဂိုအာ၊ အိန္ဒိယ၊ မေ ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းသည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မဟာဗျူဟာမြောက် သီးခြားလွတ်လပ်မှုနှင့် နက်ရှိုင်းသော လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုကို ထိန်းသိမ်းရန် မေ ၅ ရက်က တိုက်တွန်းခဲ့သည်။

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ချင်ကန်း (ယာဘက် စတုတ္ထမြောက်) အား အိန္ဒိယနိုင်ငံ ဂိုအာမြို့တွင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်နေသည်ကို ၂၀၂၃ ခုနှစ် မေ ၅ ရက်၌ တွေ့ရစဉ် (ဆင်ဟွာ)

ကမ္ဘာကြီးသည် စစ်အေးခေတ်သဘောထား တစ်ကျော့ပြန်ဖြစ်ပွားမှု ၊ တစ်ဖက်သတ် ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒဆီ ဦးတည်မှု အသွင်ဆောင်သည့် မြောက်များစွာသော အကျပ်အတည်းများနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်နေရသလို ဗိုလ်ကျစိုးမိုးမှုဝါဒနှင့် အာဏာနိုင်ငံရေးအခြေအနေလည်း မြင့်တက်နေကြောင်း ချင်က SCO နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၌ မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံတကာအခြေအနေက ပိုမိုရှုပ်ထွေးလေ၊ ကမ္ဘာကြီးနှင့် ဒေသတွင်းရေးရာများ၌ အဓိကကျ၍ အပြုသဘောဆောင်သော အင်အားအဖြစ် SCO က ပိုမိုခိုင်မာလေဖြစ်ကာ ရှန်ဟိုင်းစိတ်ဓာတ်ကို ပြသရမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့သည်။

ထို့ပြင် ကံကြမ္မာအကျိုးတူ SCO အသိုက်အဝန်းတစ်ရပ် တည်ဆောက်ရေး အဆိုပြုချက် ၅ ချက်ကိုလည်း ချင်က ပြောကြားခဲ့သည်။ (Xinhua)

………………………………
(English Version)
Chinese FM urges strategic independence, security cooperation at SCO meeting
GOA, India, May 5 (Xinhua) — Chinese State Councilor and Foreign Minister Qin Gang on Friday called on member states of the Shanghai Cooperation Organization (SCO) to uphold strategic independence and deepening security cooperation.
When delivering a speech at the SCO foreign ministers’ meeting, Qin pointed out that the world is faced with multiple crises and challenges featuring a resurgence of the Cold War mentality, headwinds of unilateral protectionism, as well as rising hegemonism and power politics.
The more chaotic and intertwined the international situation is, the more firmly the SCO, as a key constructive force in global and regional affairs, should display the Shanghai Spirit, said the Chinese foreign minister.
He put forward a five-point proposal to build a closer SCO community with a shared future.
Photo 1: Chinese State Councilor and Foreign Minister Qin Gang (front) attends the Shanghai Cooperation Organization (SCO) foreign ministers’ meeting in Goa, India, May 5, 2023. (Xinhua/Javed Dar)
Photo 2: Chinese State Councilor and Foreign Minister Qin Gang (4th R) attends the Shanghai Cooperation Organization (SCO) foreign ministers’ meeting in Goa, India, May 5, 2023. (Xinhua/Javed Dar)