Connect with us

Asia

ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းက ဒေသတွင်း ခေတ်မီအသွင်ပြောင်းရေး ပူးပေါင်းဆောင်ရွက်မှု၏ အောင်မြင်သောသာဓကဖြစ်

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်နှင့် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အင်ဒိုနီးရှား ညှိနှိုင်းရေးမှူး၊ ပင်လယ်ရေကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ညှိနှိုင်းရေးဝန်ကြီး Luhut Binsar Pandjaitan တို့ အင်ဒိုနီးရှားနိုင်ငံတွင် ၂၀၂၃ ခုနှစ် စက်တင်ဘာ ၆ ရက်က ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းကို စစ်ဆေးနေစဉ် (ဆင်ဟွာ)

ဂျကာတာ၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)

ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းသည် ခေတ်မီအသွင်ပြောင်းခြင်းဆီသို့ အတူတကွ ဆောင်ရွက်ကြရာတွင် ဒေသတွင်းနိုင်ငံများရှိ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အောင်မြင်သော သာဓကတစ်ခုဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်က စက်တင်ဘာ ၆ ရက်တွင် တရုတ်-အင်ဒိုနီးရှား ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းအား ကြည့်ရှုစစ်ဆေးစဉ် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်နှင့် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အင်ဒိုနီးရှား ညှိနှိုင်းရေးမှူး၊ ပင်လယ်ရေကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ညှိနှိုင်းရေးဝန်ကြီး Luhut Binsar Pandjaitan တို့ အင်ဒိုနီးရှားနိုင်ငံတွင် ၂၀၂၃ ခုနှစ် စက်တင်ဘာ ၆ ရက်က ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းကို စစ်ဆေးနေစဉ် (ဆင်ဟွာ)

ဝန်ကြီးချုပ် လီကို Halim ဘူတာသို့ ရောက်ရှိစဉ် တရုတ်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံမှ အလုပ်သမားများက နွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။ ထို့နောက် ဝန်ကြီးချုပ် လီသည် ရထားလမ်းတည်ဆောက်မှု အစီရင်ခံစာ တင်ပြမှုကို နားထောင်ခဲ့ပြီး နှစ်နိုင်ငံမှ ရထားလမ်းတည်ဆောက်သူများ၏ အလုပ်ကြိုးပမ်းအားထုတ်မှုအတွက် ကျေးဇူးတင်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

အရှေ့တောင်အာရှတွင် ပထမဆုံးမြန်နှုန်းမြင့် ရထားလမ်းဖြစ်သော ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့် ရထားလမ်းသည် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကိုဝီဒိုဒိုတို့ ထောက်ခံထားသော တရုတ်-အင်ဒိုနီးရှား ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှု၏ အထင်ကရ စီမံကိန်းတစ်ခုဖြစ်ကြောင်း၊ ထိုစီမံကိန်းက အင်ဒိုနီးရှား ပြည်သူများအတွက် ပိုမိုကောင်းမွန်သော ဘဝရရှိရန် ပြင်းပြသောဆန္ဒဖြစ်ကြောင်း လီက ပြောခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာကို စတုတ္ထအကြီးဆုံးမြို့ဖြစ်သော ဘန်ဒေါင်းနှင့် ချိတ်ဆက်ထားသော ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းသည် အရှည် ၁၄၂ ကီလိုမီတာရှိပြီး အမြန်နှုန်းတစ်နာရီလျှင် ၃၅၀ ကီလိုမီတာဖြင့် ပြေးဆွဲနိုင်ရန် ဒီဇိုင်းထုတ်ထားခြင်းဖြစ်သည်။

အဆိုပါ စီမံကိန်းသည် တရုတ်နိုင်ငံ၏ ရထားလုပ်ငန်းစနစ်များ၊ နည်းပညာနှင့် လုပ်ငန်းဆိုင်ရာအစိတ်အပိုင်းများကို အပြည့်အဝအသုံးပြုထားသည့် ပထမဆုံး ပြည်ပ မြန်နှုန်းမြင့်ရထားလမ်း စီမံကိန်းလည်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
Jakarta-Bandung High-Speed Railway successful example of regional cooperation towards modernization — Chinese premier
JAKARTA, Sept. 6 (Xinhua) — The Jakarta-Bandung High-Speed Railway is a successful example of developing countries in the region working together towards modernization, visiting Chinese Premier Li Qiang said on Wednesday when inspecting the China-Indonesia cooperation project.
Upon his arrival at the Halim station, Li was warmly welcomed by Chinese and Indonesian employees. He listened to the report on the construction of the railway and expressed his appreciation for the hard work made by the builders of the two countries.
Noting that as the first high-speed railway in Southeast Asia, the Jakarta-Bandung High-Speed Railway is a flagship project of China-Indonesia Belt and Road cooperation personally supported by Chinese President Xi Jinping and Indonesian President Joko Widodo, Li said that it also carries the aspirations of the Indonesian people for a better life.
Connecting Jakarta, the capital of Indonesia, and Bandung, the fourth largest city in Indonesia, the Jakarta-Bandung High-Speed Railway is 142 km long and has a design maximum speed of 350 km per hour.
It is the first overseas high-speed railway project that fully uses Chinese railway systems, technology, and industrial components.
Photo 1, 2: Visiting Chinese Premier Li Qiang, accompanied by Indonesia’s Coordinator for Cooperation with China and Coordinating Minister of Maritime Affairs and Investment Luhut Binsar Pandjaitan, inspects the Jakarta-Bandung High-Speed Railway in Indonesia, Sept. 6, 2023. (Xinhua/Rao Aimin)