Connect with us

China

ရေလက်ကြားနှစ်ဖက်ဒေသ ကုန်သွယ်ရေးက ၂၀၂၃ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၂၆၇.၈ ဘီလီယံအထိ ရောက်ရှိလာ

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းဆူးပြည်နယ် လျန်ယွမ်ကန်ဆိပ်ကမ်းရှိ ကွန်တိန်နာဆိပ်ကမ်းအား ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပြည်မကြီးနှင့် ထိုင်ဝမ်ဒေသကြား ကုန်သွယ်မှုပမာဏသည် ၂၀၂၃ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၂၆၇.၈ ဘီလီယံအထိ ရောက်ရှိလာခဲ့ကာ မြင့်မားသောအဆင့်၌ ဆက်လက်ရှိနေကြောင်း ပြည်မကြီး ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီ ၁၇ ရက်၌ ပြောကြားခဲ့သည်။

ပြည်မကြီးက ထိုင်ဝမ်အတွက် အကြီးဆုံးကုန်သွယ်ရေးအရင်းအမြစ်အဖြစ် ဆက်လက်ရှိနေကြောင်း တရားဝင်စာရင်းအင်းများအား ကိုးကား၍ နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံး ပြောရေးဆိုခွင့်ရှိသူ Chen Binhua က ပြောခဲ့သည်။

ယမန်နှစ် ပထမ ၁၁ လအတွင်း တရုတ်ပြည်မကြီး၌ ထိုင်ဝမ်စီးပွားရေးလုပ်ငန်းမှ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းအသစ် ၆,၉၃၆ ခုကို ခွင့်ပြုခဲ့ကြောင်း၊ ယင်းပမာဏမှာ ၂၀၂၂ ခုနှစ်ကထက် ၂၆.၈ ရာခိုင်နှုန်း မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရေလက်ကြားနှစ်ဖက်ဒေသ စက်မှုလုပ်ငန်းပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းလာသဖြင့် ထိုင်ဝမ်စီးပွားရေးလုပ်ငန်းများနှင့် လုပ်ငန်းရှင်များက ပြည်မကြီးတွင် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုနှင့် တိုးတက်မှုအား ပိုမိုခိုင်မာစွာ ယုံကြည်မှုရှိသည်ကို ဖော်ပြလျက်ရှိကြောင်း Chen က ဆိုသည်။

တရုတ်နိုင်ငံ ပြည်မကြီးအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကိုင်တွယ်ဆောင်ရွက်ရာတွင် ညင်သာစွာကူးပြောင်းမှု လုပ်ဆောင်နိုင်ခဲ့ပြီးနောက် ရေလက်ကြားနှစ်ဖက်ဒေသကြား နယ်ပယ်မျိုးစုံ၌ ဝန်ထမ်းအချင်းချင်း ခရီးသွားလာမှုနှင့် ကူးလူးဆက်ဆံမှုများမှာ လျင်မြန်လာခဲ့ကြောင်း အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့သည်။
ယမန်နှစ်က ရေလက်ကြားနှစ်ဖက်ဒေသခရီးစဉ် ၃ သန်းရှိခဲ့ပြီး ပြည်မကြီးသို့ လာရောက်လည်ပတ်ကြသော ထိုင်ဝမ်မွေးချင်းများ အရေအတွက်ကလည်း ၂၀၂၂ ခုနှစ်မှစ၍ ၇.၄ ဆ မြင့်တက်လာခဲ့သည်။

ရေလက်ကြားနှစ်ဖက်ဒေသဆိုင်ရာ မွေးချင်းများအနေဖြင့် တူညီသော ရေမြေများ၊ ယဉ်ကျေးမှုအား မျှဝေလျက်ရှိပြီး လူမျိုးစုတစ်သားတည်းကျသည်ကို အချက်အလက်များက ဖော်ထုတ်ပြသခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းမှာ ၎င်းတို့၏ ပင်ကိုစိတ်ခံစားမှုဖြစ်သလို ကူးလူးဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်ရန် ရိုးရှင်းသောဆန္ဒလည်းဖြစ်ကြောင်းနှင့် ဒီမိုကရက်တစ်တိုးတက်ရေးပါတီ အာဏာပိုင်များက ကြားဝင်ဟန့်တားနိုင်မည်မဟုတ်သော တောင်းဆိုချက်လည်းဖြစ်ကြောင်း Chen က ပြောခဲ့သည်။ (Xinhua)

………………………………
(English Version)
Cross-Strait trade volume reaches 267.8 bln USD in 2023
BEIJING, Jan. 17 (Xinhua) — The trade volume between the Chinese mainland and Taiwan reached 267.8 billion U.S. dollars in 2023, remaining at a high level, a mainland spokesperson said on Wednesday.
Chen Binhua, a spokesperson for the State Council Taiwan Affairs Office, quoted official statistics and noted that the mainland stays as the largest source of trade surplus for the island.
In the first 11 months of last year, the mainland approved 6,936 new investment projects by Taiwan businesses on the mainland, marking a year-on-year increase of 26.8 percent.
As cross-Strait industrial cooperation deepens, Taiwan enterprises and businesspersons are showing stronger confidence in their investment and development on the mainland, Chen said.
The spokesperson also noted that after the mainland had achieved a smooth transition in its COVID-19 response, the personnel travel and exchanges in various fields between the two sides of the Strait have picked up quickly. Last year saw 3 million cross-Strait visits, with the number of Taiwan compatriots visiting the mainland growing 7.4 times from the previous year.
The facts revealed that compatriots on the two sides of the Strait share the same roots, culture and ethnic identity, and it is their natural emotion and simple desire to communicate and carry out exchanges and cooperation, a demand that the Democratic Progressive Party authorities can not thwart, Chen said.
Photo: This aerial photo taken on Dec. 7, 2022 shows the container terminal at Lianyungang Port, east China’s Jiangsu Province. (Photo by Wang Chun/Xinhua)