Connect with us

Africa & Middle East

ဂါဇာဒေသတွင် တိုက်ခိုက်မှုကြောင့် အစ္စရေးစစ်သား ၂၁ ဦး သေဆုံး

ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း ခန်ယွန်းနစ်မြို့တွင် စစ်ဆင်ရေးဆောင်ရွက်နေသော အစ္စရေးတပ်ဖွဲ့ဝင်များကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလမ်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)

ဂါဇာဒေသအလယ်ပိုင်းတွင် တိုက်ခိုက်မှုတစ်ခုကြောင့် အစ္စရေးစစ်သား ၂၁ ဦး သေဆုံးခဲ့ပြီး ရက်ပေါင်း ၁၀၉ ရက်ကြာမြင့်ပြီဖြစ်သော စစ်ပွဲအတွင်း စစ်တပ်အတွက် လူသေဆုံးမှုအများဆုံးဖြစ်ကြောင်း အစ္စရေးစစ်တပ်က ဇန်နဝါရီ ၂၃ ရက်၌ ကြေညာခဲ့သည်။

အဆိုပါ စစ်သားများသည် ဇန်နဝါရီ ၂၂ ရက်က အဆောက်အအုံနှစ်ခုကို ဖြိုချရန် ဖောက်ခွဲရေးပစ္စည်းများ ပြင်ဆင်နေစဉ် စစ်သွေးကြွများက အနီးဝန်းကျင်ရှိ တင့်ကားမှ ပခုံးထမ်းလောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဖောက်ခွဲရေးပစ္စည်းများ အချိန်မတိုင်မီ ပေါက်ကွဲ၍ အဆောက်အအုံပြိုကျခဲ့ပြီး အတွင်းပိုင်း သို့မဟုတ် အနီးဝန်းကျင်ရှိ စစ်သားများမှာ သေဆုံးသွားခဲ့ကြောင်း အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Daniel Hagari က သတင်းစာရှင်းလင်းပွဲ၌ ပြောခဲ့သည်။

သေဆုံးသူများမှာ အသက် ၂၂ နှစ်မှ ၃၇ နှစ်ကြား တာဝန်ထမ်းဆောင်နေသူများဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အဆိုပါဖြစ်ရပ်သည် အောက်တိုဘာ ၇ ရက်တွင် ဂါဇာ၌ ဟားမက်စ်နှင့် စစ်ပွဲစတင်ချိန်မှစ၍ အစ္စရေးစစ်တပ်အား တိုက်ခိုက်မှုတွင် လူသေဆုံးမှုအများဆုံးလည်းဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
21 Israeli soldiers killed in single attack in Gaza: army
JERUSALEM, Jan. 23 (Xinhua) — The Israeli army announced on Tuesday that 21 soldiers were killed in an attack in central Gaza, the deadliest incident for the military in the ongoing 109-day war.
At a press briefing, Israel Defense Forces’ Spokesman Daniel Hagari said soldiers were preparing explosives to demolish two buildings when militants launched a rocket-propelled grenade at a nearby tank on Monday, triggering a premature explosion that resulted in the collapse of the buildings while the soldiers were either inside or nearby.
In a statement, the army said the casualties were reserve soldiers aged 22 to 37.
The incident marked the deadliest single attack on the Israeli military since the beginning of its war against Hamas in Gaza on Oct. 7.
Photo: This photo released by the Israel Defense Forces (IDF) on Dec. 25, 2023 shows Israeli troops conducting military operations in the southern Gaza Strip city of Khan Younis.(Xinhua)