Connect with us

Media

တရုတ်ခရီးသွားဧည့်သည်များ ပြန်လည်ဝင်ရောက်လာခြင်းကို ကြိုဆိုရန် ဖိလစ်ပိုင် အသင့်ရှိနေ

မနီလာ၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ ခရီးသွားလုပ်ငန်းဝန်ကြီးဌာနက မနီလာ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသော တရုတ်ခရီးသွားဧည့်သည် အမြောက်အများအတွက် ကြိုဆိုခြင်း အခမ်းအနားတစ်ခုကို ဇန်နဝါရီ ၂၄ ရက် မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

“ကျွန်တော် ဒီနေ့ သိပ်ကိုပျော်ပါတယ်။ ကျွန်တော့်အနေနဲ့ ဖိလစ်ပိုင်ကို ပထမဆုံးအကြိမ်ရောက်ဖူးတာပါ။ ဒီမှာရှိတဲ့ ပြည်သူတွေေရဲ့ ခင်မင်မှုက ကျွန်တော့်ကို တော်တော်လေး သဘောကျစေပါတယ်။ အရမ်းလည်းစိတ်လှုပ်ရှားစေတယ်။ မနီလာမှာ တစ်လခွဲကျော်လောက် နေဖို့စီစဉ်ထားတယ်။ အခုဆိုရင် ကျွန်တော့်ရဲ့ အမိမြေမှာလည်း ဆောင်းရာသီပဲရှိနေပါသေးတယ်။ အဲဒီမှာလည်း တော်တော်လေးကိုအေးတာပဲ။ ဒီခရီးစဉ်က အလွန်ကို အမှတ်ရဖွယ်ခရီးစဉ်ဖြစ်မယ်လို့ ကျွန်တော်ယုံတယ်” ဟု တရုတ်ခရီးသွားဧည့်သည် Wen Peng က ပြောခဲ့သည်။

နောက်ထပ် တရုတ်ခရီးသွားဧည့်သည်တစ်ဦးဖြစ်သော Shi Huating ကလည်း “နူးညံ့တဲ့ အဖြူရောင်ကမ်းခြေနဲ့ သန့်ရှင်းတဲ့ ပင်လယ်ရေရှိတဲ့ နာမည်ကျော် Boracay ကျွန်းကို သွားဖို့ စီစဉ်ထားပါတယ်။ ကပ်ရောဂါတွေမဖြစ်ခင်က ကျွန်မတို့ အဲဒီကို ရောက်ဖူးပါတယ်။ အခု ကပ်ရောဂါအခြေအနေ ဖြေလျှော့ခဲ့တာကြောင့် ဒီကိုထပ်လာဖို့ ဆုံးဖြတ်လိုက်တာပါ” ဟု ဆိုသည်။

ဖိလစ်ပိုင်နိုင်ငံ ခရီးသွားလုပ်ငန်းဝန်ကြီးဌာန ဝန်ကြီး Christina Frasco က “ဖိလစ်ပိုင်နိုင်ငံက နှစ်နိုင်ငံကြား ဆက်ဆံရေး ဆက်လက်တိုးတက်စေဖို့ တရုတ်နိုင်ငံမှ ကျွန်မတို့ရဲ့ မိတ်ဆွေတွေကို ကြိုဆိုဖို့ အသင့်ရှိနေပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှ ကြိုဆိုပါတယ်။ ပြီးတော့ ဖိလစ်ပိုင်ပြည်သူတွေရဲ့ နွေးထွေးပျူငှာမှုတွေနဲ့ ဆုရ ကမ်းခြေလည်ပတ်စရာနေရာတွေနဲ့ အခြား သဘာဝအခြေပြုနေရာတွေအားလုံးကို သင်တို့ခံစားမိစေဖို့ မစောင့်ဆိုင်းနိုင်တော့ပါဘူး” ဟု ပြောကြားခဲ့သည်။

ခရီးသွားလုပ်ငန်းသည် ဖိလစ်ပိုင်နိုင်ငံတွင် အဓိကစီးပွားရေးမောင်းနှင်အားတစ်ခုဖြစ်သည်။

ယင်းလုပ်ငန်းသည် ၂၀၁၉ ခုနှစ်က ဖိလစ်ပိုင်နိုင်ငံ၏ ဂျီဒီပီတွင် ၁၂.၇ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

တရုတ်ဝင်အချက်အလက်များအရ ၂၀၁၉ ခုနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံသို့ လာရောက်လည်ပတ်သော တရုတ်ခရီးသွားဧည့်သည် ၁.၇၄ သန်းကျော်ရှိခဲ့ပြီး ၂၀၁၈ ခုနှစ်ကထက် ၃၈.၅၈ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း သိရသည်။

တရုတ်ခရီးသွားဧည့်သည်များသည် ဖိလစ်ပိုင်နိုင်ငံအတွင်း လာရောက်လည်ပတ်စဉ် အမေရိကန်ဒေါ်လာ ၂.၃ ဘီလီယံကျော် အသုံးပြုခဲ့သည်ဟု ဆိုသည်။ (Xinhua)

……………………………………..
(English Version)
Philippines “open and ready” to welcome Chinese tourists back
The Philippine Department of Tourism held a welcome ceremony for hundreds of Chinese tourists who arrived at Manila’s international airport on Tuesday afternoon.

SOUNDBITE 1 (Chinese): WEN PENG, Chinese tourist

“I’m very happy today. This is my first time here in the Philippines, and I’m instantly impressed by people’s friendliness here, which makes me so excited. We plan to stay in Manila for more than half a month. It’s still winter in my hometown right now and it’s pretty cold there, but here it’s the exact opposite. I believe this is going to be a very memorable trip.”

SOUNDBITE 2 (Chinese): SHI HUATING, Chinese tourist

“I plan to go to the famous Boracay, where the white beach is soft and the sea water is clear. We’ve been there before and decide to go there once again as the pandemic situation has eased.”
At the airport, Philippine Tourism Secretary Christina Frasco invited more Chinese people to visit the tropical country.

SOUNDBITE 3 (English): CHRISTINA FRASCO, Philippine Tourism Secretary

“The Philippines is open and ready to welcome our friends from China to continue to improve the relationship between our two nations which spans millennia. We welcome you to the Philippines, and we cannot wait to let you feel the warmth of the Filipino people and to enjoy our award-winning beach destinations and all other nature-based offerings.”
The tourism industry is a key economic driver in the Philippines.

The industry’s contribution to the country’s GDP stood at 12.7 percent in 2019.
Official data showed that over 1.74 million Chinese tourists visited the Southeast Asian country in 2019, an increase by 38.58 percent from 2018.

Chinese tourists spent more than 2.3 billion U.S. dollars while vacationing in the country.
Xinhua News Agency correspondents reporting from Manila. (XHTV)