Connect with us

Media

တရုတ်နိုင်ငံက ဂြိုဟ်တုအသစ် ၅ စင်းအား Kuaizhou-1A သယ်ဆောင်ရေးဒုံးပျံဖြင့် လွှတ်တင်

ရှီးချန်း၊ ဩဂုတ် ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ဂြိုဟ်တုအသစ် ၅ စင်းအား အာကာသအတွင်း ပို့ဆောင်ရန် Kuaizhou-1A သယ်ဆောင်ရေးဒုံးပျံဖြင့် ဩဂုတ် ၁၄ ရက်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ရှီးချန်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ လွှတ်တင်ခဲ့ကြောင်း သိရသည်။

Head-3 မိုက်ခရိုဂြိုဟ်တုအုပ်စု A to E ဂြိုဟ်တုများကို ပေကျင်းစံတော်ချိန် မွန်းလွဲ ၁:၃၂ နာရီက လွှတ်တင်ခဲ့ခြင်းဖြစ်ကာ သတ်မှတ်ဂြိုဟ်ပတ်လမ်းကြောင်းအတွင်း အောင်မြင်စွာ ဝင်ရောက်သွားပြီဖြစ်ကြောင်း သိရသည်။

ထိုဂြိုဟ်တုများကို စီးပွားရေးလုပ်ငန်းသုံး အဝေးထိန်းအာရုံခံစနစ်ပါဝင်သော ဝန်ဆောင်မှုလုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်သည်။
ယခုအကြိမ်လွှတ်တင်မှုသည် Kuaizhou-1A ဒုံးပျံစီးရီး၏ ၂၇ ကြိမ်မြောက်မစ်ရှင်ဖြစ်ကြောင်း သိရသည်။ (Xinhua)

…………………………..
(English Version)
China’s Kuaizhou-1A rocket launches five new satellites
China successfully launched a Kuaizhou-1A carrier rocket to send five new satellites into space from the Xichang Satellite Launch Center in southwest China’s Sichuan Province on Monday.
The A to E satellites belonging to the Head-3 micro-satellite constellation were launched at 1:32 p.m. (Beijing Time), and entered the planned orbit successfully.
The satellites will mainly be used for providing commercial remote-sensing services.
The launch was the 27th mission undertaken with Kuaizhou-1A series rockets.
Xinhua News Agency correspondents reporting from Chengdu, China. (XHTV)