Connect with us

Videos

မွန်ဂိုလီးယားနိုင်ငံက ဟန်ကျိုးအာရှအားကစားပြိုင်ပွဲသို့ အကြီးမားဆုံး ကိုယ်စားလှယ်အဖွဲ့စေလွှတ်မည်

ဦလန်ဘာတာ ၊ စက်တင်ဘာ ၁၇ ရက်(ဆင်ဟွာ)

မကြာမီ ကျင်းပမည့် ဟန်ကျိုးအာရှအားကစားပြိုင်ပွဲသို့ မွန်ဂိုလီးယားနိုင်ငံက အဖွဲ့ဝင် ၆၀၀ ကျော်ရှိသည့် ကိုယ်စားလှယ်အဖွဲ့အား စေလွှတ်သွားမည် ဖြစ်ပြီး ယင်းမှာ အာရှအားကစားပြိုင်ပွဲတစ်ခုတည်းအတွက် အကြီးဆုံးအဖွဲ့ဖြစ်ကြောင်း မွန်ဂိုလီးယားကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်က ပြောကြားခဲ့သည်။“လာမယ့်အာရှအားကစားပြိုင်ပွဲမှာ ကျွန်တော်တို့နိုင်ငံက အားကစားနည်း ၃၄ နည်းမှာ အားကစားသမား ၄၀၀ ကျော်အပြင် နည်းပြနဲ့ သက်ဆိုင်ရာတာဝန်ရှိသူ ၂၀၀ ကျော် စေလွှတ်သွားမှာ ဖြစ်ပါတယ်။ တစ်နည်းပြောရရင်တော့ အကြီးမားဆုံး ကိုယ်စားလှယ်အဖွဲ့နဲ့အတူ အာရှအားကစားပြိုင်ပွဲမှာ ပါဝင်ဖို့ အဆင်သင့်ရှိနေပါပြီ” ဟု မွန်ဂိုလီးယား ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် AMGALANBAATAR GANBAATAR က ပြောကြားခဲ့သည်။၁၉ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲအား တရုတ်နိုင်ငံ ဟန်ကျိုးမြို့၌ စက်တင်ဘာ ၂၃ ရက်မှ အောက်တိုဘာ ၈ ရက်အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။ (Xinhua)
——————————-
Mongolia to send largest ever delegation to Hangzhou Asian Games
Mongolia will send a delegation of over 600 members to the upcoming Hangzhou Asian Games, its largest team for a single Asian Games, said the head of the Mongolian delegation.
SOUNDBITE 1 (Mongolian): AMGALANBAATAR GANBAATAR, Chief of Mongolian Delegation
“Our country will send more than 400 athletes in 34 different sports as well as over 200 coaches and relevant officials to the forthcoming Asian Games. In other words, we are ready to participate in the Asian Games with the largest ever delegation.”
The 19th Asian Games will take place in China’s Hangzhou from Sept. 23 to Oct. 8.
Xinhua News Agency correspondents reporting from Ulan Bator.(XHTV)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.