ဒါကာ၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏အဓိက လေဆိပ်ဖြစ်သည့် ဒါကာမြို့ လေဆိပ်တွင် အလေးချိန် ၁.၂ကီလိုဂရမ်ရှိသော ရွှေချောင်း ၁၂ချောင်းအား စအိုထဲ၌ ထည့်သွင်းဖွက်လာသည့် ပြည်ပမှ ဆိုက်ရောက်လာသော ခရီးသည်တစ်ဦးအား အကောက်ခွန်တာဝန်ရှိသူများက ဇန်နဝါရီ ၅ရက်တွင် ဖမ်းဆီးခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။
ဒါကာ၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသည့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သမ္မတ အဗ္ဗဒူလ် ဟာမစ်နှင့် အောက်တိုဘာလ ၁၄ ရက်က တွေ့ဆုံစဉ် တရုတ်-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ဆက်ဆံရေးအတွက် အဓိက အခွင့်အလမ်းများအား ကြိုဆို ပြောကြားလိုက်သည်။
ဒါကာ၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အောက်တိုဘာ ၁၄ရက်တွင် နိုင်ငံတော် ခရီးစဉ် အဖြစ်ရောက်ရှိလာပြီး ယခု ခရီးစဉ်သည် တရုတ်နိုင်ငံခေါင်းဆောင်တစ်ဦးအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နှစ်၃၀အတွင်း ပထမဆုံး ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။
ဒါကာ၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာ အစွန်အဖျား တွန်ဂီမြို့နယ်ရှိ အထည်ချုပ်လုပ်ငန်းသုံး ပစ္စည်းစက်ရုံ၌ စက်တင်ဘာလ ၁၀ ရက် နံနက်ပိုင်းက ဘွိုင်လာအိုး တစ်လုံး ပေါက်ကွဲခဲ့ရာ အနည်းဆုံး လူ ၂၀ ဦး သေဆုံးကာ လူပေါင်း ၇၀...
ဒါကာ၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာရှိ Holery Artisan Bakery အဆင့်မြင့် စားသောက်ဆိုင် တစ်ခု၌ ဇူလိုင်လ ၂ ရက် နံနက်ပိုင်းက သေနတ်သမားများ တိုက်ခိုက်ခြင်းအား ရဲတပ်ဖွဲ့က ဝင်ရောက် စီးနင်းပြီးနောက် သေနတ်သမား ၆ ဦး...
ရန်ကုန်၊ ဇွန် ၁၇ ရက် (ဆင်ဟွာ) မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှု ပမာဏသည် အမေရိကန် ဒေါ်လာ ၁ ဒသမ ၂၃ သန်းသာ ရှိကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
ဒါကာ၊ မေ ၂၁ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းရိုးတန်းတွင် မေလ ၂၁ ရက် က ဆိုင်ကလုန်းမုန်တိုင်း “ရွန်နူ” (ROANU) ဝင်ရောက် တိုက်ခတ်ခဲ့၍ ရွာများ ရေမြုပ်ခဲ့ပြီး သစ်ပင်များ ပြိုလဲခဲ့ကာ အနည်းဆုံး လူ ၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဒါကာ၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ) အာရှ ဖြတ်ကျော် ရထားလမ်း ကွန်ရက်၏ အကြီးဆုံး လမ်းပိုင်း တစ်ခုဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်းရှိ ကော့ဘဇား ကမ်းခြေမြို့မှ မြန်မာနိုင်ငံသို့ ချိတ်ဆက်မည့် ရထားလမ်း ဆောက်လုပ်ရန် ဘင်္ဂလားဒေ့ရှ် နိုင်ငံအား အာရှ ဖွံ့ဖြိုးမှု ဘဏ် (Asian...
ဒါကာ၊ ဧပြီ ၈ ရက် (ဆင်ဟွာ) တရုတ်- ဘင်္ဂလားဒေ့ရှ် ချစ်ကြည်ရေး တံတား ၈ စင်းမြောက် တည်ဆောက်ရေး အတွက် ယွမ် ၃၀၀ သန်း (အမေရိကန်ဒေါ်လာ ၅၀ သန်း) အား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရုတ်အစိုးရက ထောက်ပံ့ပေးကြောင်း သိရသည်။
ဒါကာ၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ) ဆရာဝန် ကိုးဦးပါဝင်သည့် ဆေးပညာအဖွဲ့သည် လက်နှင့် ခြေထောက်များတွင် သစ်ပင်သဖွယ် အဖု အထစ်များ ထွက်နေသည့် အဘူ ဘာဂျန်တာ အမည်ရှိ ဘင်္ဂလားဒေ့ရှ်လူမျိုး “သစ်ပင်လူသား” ၏ ညာလက်အား ဖေဖော်ဝါရီ ၂၀ ရက်နေ့ က ခွဲစိတ်ပေးခဲ့ကြောင်းသိရသည်။