လန်ဒန်၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ဗြိတိန်နိုင်ငံတွင် ဇန်နဝါရီ ၂ ရက်က ကိုဗစ် အသစ်ထပ်တိုး အတည်ပြုလူနာ (၅၇,၇၂၅)ဦးရှိရာ ၎င်းမှာ ကပ်ရောဂါကာလ တစ်ရက်အတွင်း အသစ်ထပ်တိုးလူနာအရေအတွက် အများဆုံးအဖြစ် ထပ်မံစံချိန်တင်ခဲ့ခြင်း ဖြစ်ပြီး စုစုပေါင်း အတည်ပြုလူနာ(၂,၅၉၉,၇၈၉)ဦး ရှိလာကြောင်း ဗြိတိန်အစိုးရ၏ ယင်းနေ့တွင် ထုတ်ပြန်သည့်...
ပေကျင်း၊ ဒီဇင်ဘာ ၃၁ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး အမေရိကန်တွင် ကာကွယ်ဆေးထိုးနှံမှု ဓာတ်မတည့်ဖြစ်ရခြင်းမှာ Polyethylene glycol compound(PEG)နှင့်ဆက်စပ်နိုင်ကြောင်းနှင် ဗြိတိန်တွင် ဒုတိယမြောက် ကိုရိုနာ ဗိုင်းရပ်စ်ကာကွယ်ဆေး ခွင့်ပြုပြီဖြစ်ကြောင်း ဒီဇင်ဘာ ၃၀ ရက်အထိ ရရှိသည့် သတင်းများအရ သိရသည်။
ပေကျင်း၊ ဒီဇင်ဘာ ၂၉ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ဗြိတိန်နိုင်ငံတွင် တစ်ရက်အတွင်း COVID-19 ရောဂါ ထပ်တိုးအတည်ပြုလူနာသည် (၄)သောင်းကျော်ရှိလာကြောင်း ဒီဇင်ဘာ ၂၈ ရက်အထိ ရရှိသော သတင်းများအရ သိရသည်။
ပေကျင်း၊ ဒီဇင်ဘာ ၂၈ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ကနေဒါနိုင်ငံတွင် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ (၂)ဦး တွေ့ရှိရကြောင်းနှင့် နိုင်ငံအများအပြားတွင် ကာကွယ်ဆေးထိုးနှံမှုများ စတင်နေပြီဖြစ်ကြောင်း ဒီဇင်ဘာ ၂၇ ရက်အထိ ရရှိသည့် သတင်းများအရ သိရသည်။
ပေကျင်း၊ ဒီဇင်ဘာ ၂၄ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး တစ်ကမ္ဘာလုံးတွင် COVID-19ရောဂါ အတည်ပြုလူနာ စုစုပေါင်း သန်း ၈၀ ကျော်ရှိလာပြီဖြစ်ကြောင်းနှင့် ဂျပန်နိုင်ငံတွင် နိုင်ငံခြားသားပြည်ဝင်ခွင့်အား ယာယီရပ်နားထားကြောင်း ဒီဇင်ဘာ ၂၆ ရက်အထိ ရရှိသော သတင်းများအရ သိရသည်။
ပေကျင်း၊ ဒီဇင်ဘာ ၂၄ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး COVID-19 ကပ်ရောဂါသည် မည်သည့်အချိန်တွင် ရပ်တန့်နိုင်မည်နည်း။ ဗြိတိန်တွင် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိပြီးမကြာမီမှာပင် ၎င်းနိုင်ငံတွင် ဗီဇအသွင်ပြောင်း ကိုရိုနာဗိုင်းရပ်စ် နောက်တစ်မျိုး ထပ်မံတွေ့ရှိခဲ့ပြန်ပြီဖြစ်သည်။
ဘရပ်ဆဲလ်၊ ဒီဇင်ဘာ ၂၂ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ဥရောပ ဆေးဝါးအေဂျင်စီ(EMA)က ဒီဇင်ဘာ ၂၁ ရက်တွင် Pfizerနှင့်BioNTechတို့အတူ ပူးပေါင်းထုတ်လုပ်ထားသည့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးတစ်မျိုး၏ လုံခြုံမှုနှင့်ထိရောက်မှုကို အပြုသဘောအကဲဖြတ်မှုများပြုလုပ်ခဲ့ပြီး ယင်းကာကွယ်ဆေးအား ဥရောပသမဂ္ဂနယ်နိမိတ်အတွင်း မကြာမီ ဈေးကွက်တင်နိုင်ရန် ဥရောပကော်မရှင်က ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဒီဇင်ဘာ ၂၁ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ဗြိတိန်နိုင်ငံတွင် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ပေါ်ထွက်လာကြောင်းနှင့် အမေရိကန်နိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်အတည်ပြုလူနာဦးရေ ၄ သိန်းကျော်ရှိခဲ့ကြောင်း ဒီဇင်ဘာ ၂၀ ရက်အထိ ရရှိသော သတင်းများအရ သိရသည်။
ပေကျင်း၊ ဒီဇင်ဘာ ၂၀ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး အိန္ဒိယတွင် ကိုဗစ်အတည်ပြုလူနာ ၁၀ သန်းကျော်ရှိလာကြောင်းနှင့် ကာကွယ်ဆေး ၂ ဘီလီယံနီးပါး ရရှိမည်ဟု WHO ကြေညာခဲ့ကြောင်း ဒီဇင်ဘာ ၁၉ ရက်အထိ ရရှိသည့် သတင်းများအရ သိရသည်။
ဘန်ကောက်၊ ဒီဇင်ဘာ ၂၀ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ထိုင်းနိုင်ငံတွင် ဒီဇင်ဘာ ၁၉ ရက်က ကိုဗစ် အသစ်ထပ်တိုးအတည်ပြုလူနာ ၅၄၈ ဦးရှိခဲ့ရာ ၎င်းတို့အနက် ၅၁၆ ဦးမှာ အလယ်ပိုင်းဒေသ စမွတ်စခွန်း(Samut Sakhon)ပြည်နယ်ရှိ ပင်လယ်စာအရောင်းဈေးတစ်ခုနှင့်ဆက်စပ်ကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးဌာန ရောဂါထိန်းချုပ်ရေးဌာန တာဝန်ခံ Opasက ယင်းနေ့တွင် ပြောကြားခဲ့သည်။