18
Fri, Oct
587 New Articles

တူရကီနိုင်ငံတွင် အိုင်အက်စ်နှင့် ချိတ်ဆက်မှုရှိသူ ၁၄ ဦး ထောင်ဒဏ်ချမှတ်ခံရ

တူရကီနိုင်ငံ သမ္မတ ရီဆပ် တေရစ် အာဒိုဂန်အား သတင်းစာရှင်းလင်းပွဲတစ်ခုတွင် တွေ့ရစဉ် (ဆင်ဟွာ) Africa & Middle East

အန်ကာရာ၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံတွင် လူ ၁၄ ဦးအား အိုင်အက်စ်အဖွဲ့နှင့် ချိတ်ဆက်မှုများ ရှိသည့်အတွက် စက်တင်ဘာလ ၂၀ ရက်တွင် တရားရုံးက ထောင်ဒဏ်ချမှတ်လိုက်ကြောင်း နိုင်ငံပိုင် Anadolu အေဂျင်စီက သတင်းဖော်ပြခဲ့သည်။

၉ လကြာ စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ပြီးနောက် ပြီးခဲ့သည့် ရက်သတ္တပတ်က အိုင်အက်စ် ငွေကြေးကွန်ရက်နှင့် ချိတ်ဆက်မှုများရှိကြောင်း သံသယဖြစ်ဖွယ်ရှိသူ ၄၀ ဦးအား တူရကီ အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။၎င်းတို့အနက် ၁၄ ဦးအား ထောင်ဒဏ်ချမှတ်ခဲ့ကာ ၂၃ ဦးကို ခံဝန်ဖြင့် လွှတ်ပေးခဲ့ပြီး အခြားလူ ၃ ဦးအား တရားသေလွှတ်ပေးခဲ့ကြောင်း သိရသည်။တူရကီ လုံခြုံရေးတပ်ဖွဲ့က အိုင်အက်စ် တိုက်ဖျက်ရေးနှင့် ၎င်းတို့၏ တိုက်ခိုက်ရန် ကြိုးပမ်းမှုများအား ကာကွယ်ရန် နိုင်ငံတစ်ဝန်း လုပ်ဆောင်လျက်ရှိသည်။ (Xinhua)