Connect with us

Politics, Law & Military

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က Project-K အဖွဲ့အား သဘောထားမှတ်ချက် တစ်စုံတစ်ရာ ပြောကြားထားခြင်း လုံးဝ မရှိဟု အတည်ပြု

သမ္မတအိမ်တော် ပုံမှန် သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် သမ္မတရုံး ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးအား တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ အောက်တိုဘာ ၁၄ ရက်(ဆင်ဟွာ)

လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြလျက်ရှိသည့် Project-K အဖွဲ့နှင့်ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် သဘောထားမှတ်ချက် တစ်စုံတစ်ရာ ပြောကြားသည် ဆိုခြင်းမှာ လုံးဝ မဟုတ်မှန်ကြောင်းနှင့် ပြောကြားချက် တစ်စုံတစ်ရာ မရှိကြောင်း သမ္မတရုံး ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးက အိမ်တော် သတင်းထောက်များ စာမျက်နှာ၌ ယနေ့အောက်တိုဘာ ၁၄ ရက်တွင် အတည်ပြု ဖြေကြားခဲ့သည်။

“လူမှုကွန်ရက်မှာ ဖော်ပြနေတဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားတယ် ဆိုတာတွေ လုံးဝ သတင်းအမှားသာ ဖြစ်ပါတယ်၊ အတော်များများက အကောင့်အတုတွေ ဖြစ်နေတာ တွေ့ရှိရပါတယ်” ဟုလည်း ၎င်းက ဆိုသည်။

လူမှုကွန်ရက်စာမျက်နှာတွင် သတင်းတု၊ သတင်းမှားများ ဖြန့်ရန် ဖန်တီးထားသည့် အကောင့်အတု အများအပြားက တင်နေကြသည်ကို တွေ့ရကြောင်း၊ ထိုသို့သော အကောင့်အတုများကို လက်ရှိတွင် စိစစ်နေဆဲ ဖြစ်ကြောင်းလည်း ဦးဇော်ဌေးက ဆက်လက် ပြောကြားခဲ့သည်။

လူမှုကွန်ရက်စာမျက်နှာတွင် Project-K အဖွဲ့နှင့် ပတ်သက်ပြီး “ပန်းချီကားလို ပုံဖော်ထားတာကို နင်းပြီး က တာ တကယ့် ဘုရားကို နင်းတာ မဟုတ်တဲ့အတွက် အပြစ်မရှိဘူးလို့ ဒေါ်အောင်ဆန်းစု ကြည်ပြော”ဟူသည့် သတင်းများပြန့်နှံ့နေခြင်းနှင့်ပတ်သက်၍ အိမ်တော် သတင်းထောက် တစ်ဦးက မေးမြန်းခဲ့ရာတွင် ဦးဇော်ဌေးက အထက်ပါအတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.