Connect with us

Media

အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်းတွင် အသေခံဗုံးခွဲသူ သေဆုံးကာ လုံခြုံရေးတပ်ဖွဲ့ဝင် သုံးဦး ထိခိုက်ဒဏ်ရာရရှိ

ကဘူးလ်၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း Nimroz ပြည်နယ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက အုပ်ချုပ်ရေးမှူးရုံးအား ပစ်မှတ်ထားသည့် အသေခံဗုံးခွဲသူ၏ ကြိုးပမ်းမှုအား ဇန်နဝါရီ ၁၄ ရက်က တားဆီးခဲ့ပြီးနောက် တပ်ဖွဲ့ဝင်သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။
“အသေခံဗုံးခွဲသူတစ်ယောက်က Nimroz ပြည်နယ်မှာရှိတဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးရုံးကို တိုက်ခိုက်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမယ့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သိရှိဖော်ထုတ်နိုင်ခဲ့ပြီး သူ့ကို ပစ်လိုက်နိုင်ခဲ့ပါတယ်”ဟု ကြေညာချက်တွင် ဖော်ပြထားသည်။ (Xinhua)

………………………..
(English Version)
3 Afghan security personnel injured, suicide bomber killed in west Afghanistan
Three security personnel were injured after the security forces foiled attempts of a suicide bomber who wanted to target the governor’s office in west Afghanistan’s Nimroz province on Sunday, a statement of the Ministry of Interior Affairs said.
“A suicide bomber was attempting to target the provincial governor office in Nimroz province today, but the security personnel identified and gunned him down,” the statement asserted.
Xinhua News Agency correspondents reporting from Kabul.(XHTV)