Connect with us

China

နန်ကျင်း လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ၂၀၂၁ ခုနှစ် ဝမ်းနည်းဖွယ် နိုင်ငံတော် အထိမ်းအမှတ် အခမ်းအနား တရုတ်နိုင်ငံ နန်ကျင်းမြို့တွင် ကျင်းပ၊ တရုတ်ကွန်မြူနစ်ပါတီနိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် စွန်းချွန်းလန် တက်ရောက် အမှာစကားပြောကြား

နန်ကျင်း လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ၂၀၂၁ ခုနှစ် ဝမ်းနည်းဖွယ် နိုင်ငံတော် အထိမ်းအမှတ် အခမ်းအနားအား ဒီဇင်ဘာ ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

နန်ကျင်း၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ)

နန်ကျင်း လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ၂၀၂၁ ခုနှစ် ဝမ်းနည်းဖွယ် နိုင်ငံတော် အထိမ်းအမှတ် အခမ်းအနားကို တရုတ်နိုင်ငံ နန်ကျင်းမြို့၌ ဒီဇင်ဘာ ၁၃ ရက် နံနက်ပိုင်းတွင် ကျင်းပခဲ့ရာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့်နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် စွန်းချွန်းလန်က တက်ရောက်၍ အမှာစကားပြောကြားခဲ့သည်။

နန်ကျင်း လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ၂၀၂၁ ခုနှစ် ဝမ်းနည်းဖွယ် နိုင်ငံတော် အထိမ်းအမှတ် အခမ်းအနားအား ဒီဇင်ဘာ ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

နန်ကျင်း လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ၂၀၂၁ ခုနှစ် ဝမ်းနည်းဖွယ် နိုင်ငံတော် အထိမ်းအမှတ် အခမ်းအနားအား ဒီဇင်ဘာ ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

နန်ကျင်း လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ၂၀၂၁ ခုနှစ် ဝမ်းနည်းဖွယ် နိုင်ငံတော် အထိမ်းအမှတ် အခမ်းအနားအား ဒီဇင်ဘာ ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

နန်ကျင်း လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ၂၀၂၁ ခုနှစ် ဝမ်းနည်းဖွယ် နိုင်ငံတော် အထိမ်းအမှတ် အခမ်းအနားအား ဒီဇင်ဘာ ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

နန်ကျင်း လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ၂၀၂၁ ခုနှစ် ဝမ်းနည်းဖွယ် နိုင်ငံတော် အထိမ်းအမှတ် အခမ်းအနားအား ဒီဇင်ဘာ ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

နန်ကျင်း လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ၂၀၂၁ ခုနှစ် ဝမ်းနည်းဖွယ် နိုင်ငံတော် အထိမ်းအမှတ် အခမ်းအနားအား ဒီဇင်ဘာ ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

နန်ကျင်း လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ၂၀၂၁ ခုနှစ် ဝမ်းနည်းဖွယ် နိုင်ငံတော် အထိမ်းအမှတ် အခမ်းအနားအား ဒီဇင်ဘာ ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အဆိုပါအခမ်းအနားကို နန်ကျင်း ဂျပန်ကျူးကျော်သူများ သတ်ဖြတ်ခံရမှု အောက်မေ့ဖွယ်အဆောက်အဦရှေ့ ရင်ပြင်တွင် ကျင်းပခဲ့ရာ နိုင်ငံတော်အလံကို တစ်ဝက်ချ၍ ဝမ်းနည်းအောက်မေ့မှုပြုခဲ့သလို နယ်ပယ်အသီးသီးက အဖြူရောင်ပန်းများတပ်ဆင်ထားသော လူပေါင်း ၃,၀၀၀ခန့်က ဆိတ်ငြိမ်စွာ မတ်တပ်ရပ်၍ လေးစားသမှုပြုခဲ့ကြသည်။

နန်ကျင်း ဝမ်းနည်းအောက်မေ့ဖွယ်အခမ်းအနားအား ၁၀ နာရီတိတိတွင် စတင်ကျင်းပခဲ့ရာ အခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော် သီချင်း သီဆိုခြင်း၊ အသက်ဆုံးရှုံးခဲ့သူများအား ဆိတ်ငြိမ်စွာ အောက်မေ့ဝမ်းနည်းမှုကို ဖော်ပြခြင်း၊ နန်းကျင်းမြို့တွင် လေကြောင်းကာကွယ်ရေး အချက်‌ပေးဥဩဆွဲခြင်း၊ မော်တော်ယာဉ်များ ဟွန်းသံရှည်တီးခြင်း၊ သွားလာနေသူများ ရောက်နေရာတွင် ရပ်တန့်၍ဝမ်းနည်းကြောင်းဖော်ပြခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ထို့နောက် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)က နိုင်ငံတော် ဝမ်းနည်းအောက်မေ့ဖွယ် သီချင်းအား တီးခတ်ပြီး တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ဂုဏ်ပြုတပ်ဖွဲ့ တပ်ဖွဲ့ဝင် ၁၆ ဦးက လွမ်းသူပန်းခွေ ၈ ခုချ ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် စွန်းချွန်းလန်က အမှာစကားပြောကြားခဲ့သည်။ နန်ကျင်း လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုတွင် အသက်ဆုံးရှုံးခဲ့ရသူများအတွက် ဝမ်းနည်းကြောင်း နိုင်ငံတော် အထိမ်းအမှတ်အခမ်းအနားကို ယနေ့ ကြီးကျယ်ခမ်းနားစွာကျင်းပခြင်းသည် နန်ကျင်းတွင် အသက်ဆုံးရှုံးခဲ့သူများအား သတိရအောက်မေ့ခြင်း၊ ဂျပန်ကျူးကျော်သူများ၏ ရက်စက်စွာ သတ်ဖြတ်မှုခံရသည့် တစ်အူတုံဆင်း မွေးချင်းများအား ဝမ်းနည်းအောက်မေ့ခြင်း၊ ဂျပန်တော်လှန်ရေးစစ်ပွဲအောင်မြင်ရေးအတွက် အသက်ဆုံးရှုံးအနစ်နာခံခဲ့သည့် တော်လှန်ရေးသူရဲကောင်းများ အောက်မေ့သတိရခြင်းအား ဖော်ပြခြင်းဖြစ်သလို တရုတ်နိုင်ငံပြည်သူများက သမိုင်းသင်ခန်းစာယူ၍ အနာဂတ်တွင် တည်ငြိမ်လေးနက်မှုရှိသည့် ရပ်တည်ချက်ကို ဖန်တီးရန် ကြေညာခြင်း၊ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ်အား မလွဲမသွေ ခိုင်မာစွာလျှောက်လှမ်းလိုသော ကြီးမားသည့် မျှော်လင့်ချက်ကို ဖော်ပြခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

စွန်းချွန်းလန်က ယခုနှစ်သည် တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်သည့် နှစ် ၁၀၀ ပြည့် ဖြစ်ကြောင်း၊ နှစ် ၁၀၀ ကာလတွင် တရုတ်ကွန်မြူနစ်ပါတီသည် စည်းလုံးညီညွတ်စွာဖြင့် တရုတ်နိုင်ငံပြည်သူများအား ဦးဆောင်၍ စဉ်ဆက်မပြတ်ကြိုးပမ်းအားထုတ်ခဲ့ရာ ဘက်စုံ အတော်အသင့် ပြည်စုံကြွယ်ဝသည့် လူမှုအသိုက်အဝန်းတည်ဆောက်မှု ပထမ နှစ်တစ်ရာ ရည်မှန်းချက်အား သတ်မှတ်ကာလအတွင်း အကောင်အထည်ဖော်နိုင်ခဲ့ပြီး ဆိုရှယ်လစ် ခေတ်မီနိုင်ငံတော် ဘက်စုံတည်ဆောက်ရေး ခရီးစဉ်သစ်ကို စတင်လျှောက်လှမ်းနေပြီဖြစ်ကြောင်း၊ တရုတ်အမျိုးသားပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးသည် ပြန်ပြောင်း၍မရသည့် သမိုင်းဖြစ်စဉ်သို့ လျှောက်လှမ်းလျက်ရှိရာ ခေတ်သစ်၊အခါသစ်တွင် အကျိုးဆောင်မှုအသစ်များကို ပြသလျက်ရှိပါကြောင်း၊ ၎င်းမှာ နန်ကျင်း လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုအတွင်း အသက်ဆုံးရှုံးခဲ့သူများနှင့် တော်လှန်ရေးတိုက်ပွဲကာလအတွင်း ရဲဝံ့စွာ ပေးဆပ်ခဲ့သည့် သူရဲကောင်းများ၊ သေဆုံးသွားသည့် မွေးချင်းများအတွက် အကြီးမားဆုံး နှစ်သိမ့်မှုဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ သမိုင်းသည် ရှေ့သို့ မပြတ် ရွှေ့လျားနေပြီး အမျိုးသားပြန်လည် ဖွံ့ဖြိုးတိုးတက်ရေး အလားအလာသည် ထွန်းလင်းတောက်ပလျက်ရှိရာ သမ္မတ ရှီကျင့်ဖိန် ဗဟိုပြုသည့် ပါတီဗဟိုကော်မတီတွင် မိမိတို့အနေဖြင့် ပို၍ နီးနီးကပ်ကပ် စည်းလုံးညီညွတ်စွာ နေထိုင်ကာ ပါတီ၏ နှစ်တစ်ရာ ကြီးမားသည့်အောင်မြင်မှုနှင့် သမိုင်းသင်ခန်းစာအား ဆတိုး တန်ဖိုးထားကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမှာစကားပြောကြားမှုအပြီးတွင် နန်ကျင်းမြို့လူငယ်ကိုယ်စားလှယ် ၈၄ ဦးက “ငြိမ်းချမ်းရေးကြေညာစာတမ်း”အား ဖတ်ကြားခဲ့ပြီး လူမှုအသိုက်အဝန်းအသီးသီးမှ ကိုယ်စားလှယ် ၆ ဦးက “ငြိမ်းချမ်းရေးခေါင်းလောင်း”တီးခဲ့ကြပြီး သေဆုံးသူများအပေါ် ဝမ်းနည်းပူဆွေးအောက်မေ့ခြင်းနှင့် ကမ္ဘာငြိမ်းချမ်းရေး အနာဂတ်အား မျှော်မှန်းခြင်း အနက်အဓိပ္ပါယ်အဖြစ် ခေါင်းလောင်းသံနှင့်အတူ ခိုငှက် ၃,၀၀၀ အား လွှတ်ပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ အောက်မေ့ခြင်းအထိမ်းအမှတ်အခမ်းအနားကို တရုတ်နိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ Ding Zhongliက အခမ်းအနားမှူးဖြစ်ဆောင်ရွက်ခဲ့ပြီး တရုတ်ပြည်သူ့ နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှု ညီလာခံ ဒုတိယ ဥက္ကဋ္ဌ He Weiနှင့် ဗဟိုစစ်ကော်မရှင် အဖွဲ့ဝင်၊ စစ်ကော်မရှင် နိုင်ငံရေးလုပ်ငန်းဆိုင်ရာရုံး ညွှန်ကြားရေးမှူး Miao Hua တို့က တက်ရောက်ခဲ့ကြသည်။

ဂျပန်တော်လှန်ရေးစစ်ပွဲတွင် ပါဝင်ခဲ့ကြသည် စစ်သည်တော် ရဲဘော်များ၊ ဗဟိုပါတီ နိုင်ငံရေးစစ်ရေးဆိုင်ရာ ဌာနများနှင့် အရှေ့ပိုင်းစစ်ဆင်ရေး နယ်မြေ၊ ကျန်းဆူးပြည်နယ်၊ နန်ကျင်းမြို့ တာဝန်ရှိပုဂ္ဂိုလ်များ ၊ ဒီမိုကရက်တစ်ပါတီအသီးသီး၏ ဗဟိုအဖွဲ့၊ အမျိုးသား စက်မှုနှင့်ကုန်သည်လုပ်ငန်းဆက်သွယ်ရေးတာဝန်ခံ၊ နိုင်ငံရေးပါတီများမှမဟုတ်သော လူပုဂ္ဂိုလ်များ၊ နန်ကျင်း လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု၌ ကံကောင်းထောက်မစွာ သက်ရှင်ကျန်ရစ်သူနှင့် သေဆုံးသူများ၏ မိသားစုဝင်ဆွေမျိုး ကိုယ်စားလှယ်များ၊ ပြည်တွင်း သက်ဆိုင်ရာ အထိမ်းအမှတ်ပြတိုက်များ လူပုဂ္ဂိုလ်များ၊သက်ဆိုင်ရာ အဆင့်မြင့်ပညာစာသင်ကျောင်းနှင့် ပညာရှင်၊ ဘာသာရေးနယ်ပယ်မှ ကိုယ်စားလှယ်များ၊ နန်ကျင်းအခြေစိုက် စစ်တပ်အရာရှိစစ်သည်ကိုယ်စားလှယ်များ၊ ကျန်းဆူးပြည်နယ် နယ်ပယ်အသီးသီးမှ လူထုကိုယ်စားလှယ်များကလည်း အခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဒီဇင်ဘာ ၁၃ ရက်ကို နန်ကျင်း လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ဝမ်းနည်းဖွယ် နိုင်ငံတော် အထိမ်းအမှတ် အခမ်းအနားနေ့ အဖြစ် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက် ၁၂ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ သတ္တမအကြိမ်မြောက်အစည်းအဝေးတွင် ဥပဒေပြု သတ်မှတ်ခဲ့သည်။ (Xinhua)

…………………………………………….
(Chinese Version)
(时政)中共中央、国务院在南京举行2021年南京大屠杀死难者国家公祭仪式  孙春兰出席并讲话
2021-12-13 12:16:16
新华社南京12月13日电中共中央、国务院13日上午在南京隆重举行2021年南京大屠杀死难者国家公祭仪式。中共中央政治局委员、国务院副总理孙春兰出席并讲话。

国行公祭,祀我殇胞。公祭仪式在侵华日军南京大屠杀遇难同胞纪念馆集会广场举行,现场庄严肃穆,国旗下半旗。约3000名胸前佩戴白花的各界代表静静肃立。10时整,仪式开始,全场高唱《中华人民共和国国歌》。国歌唱毕,全场向南京大屠杀死难者默哀,南京市拉响防空警报,汽车停驶鸣笛,行人就地默哀。默哀毕,在解放军军乐团演奏的《国家公祭献曲》的旋律中,解放军仪仗大队16名礼兵抬起8个花圈,敬献于公祭台上。
之后,孙春兰发表讲话。她表示,今天我们隆重举行南京大屠杀死难者国家公祭仪式,深切缅怀南京大屠杀死难者,缅怀所有惨遭日本侵略者杀戮的死难同胞,缅怀为中国人民抗日战争胜利献出生命的革命先烈和民族英雄,宣示中国人民以史为鉴、开创未来的庄严立场,表达坚定不移走和平发展道路的崇高愿望。
孙春兰指出,今年是中国共产党成立100周年。一百年来,中国共产党团结带领中国人民接续奋斗,如期实现全面建成小康社会的第一个百年奋斗目标,开启全面建设社会主义现代化国家新征程,中华民族伟大复兴进入了不可逆转的历史进程,展现了新时代的新气象新作为,这是对南京大屠杀死难者和所有抗战期间牺牲烈士以及死难同胞的最大告慰。历史大势浩荡前行,民族复兴前景光明。我们将更加紧密地团结在以习近平同志为核心的党中央周围,倍加珍惜党的百年奋斗重大成就和历史经验,深刻领悟“两个确立”的决定性意义,开启新征程、展现新作为,为实现第二个百年奋斗目标、实现中华民族伟大复兴作出新的更大贡献。
孙春兰讲话后,84名南京市青少年代表宣读《和平宣言》,6名社会各界代表撞响“和平大钟”。伴随着3声深沉的钟声,3000只和平鸽展翅高飞,寄托着对死难者的深沉哀思和对世界和平的坚定向往。
全国人大常委会副委员长丁仲礼主持公祭仪式,全国政协副主席何维和中央军委委员、军委政治工作部主任苗华出席。
参加过抗日战争的老战士老同志代表,中央党政军群有关部门和东部战区、江苏省、南京市负责同志,各民主党派中央、全国工商联负责人和无党派人士代表,南京大屠杀幸存者及遇难同胞亲属代表,国内相关主题纪念(博物)馆、有关高校和智库专家、宗教界代表,驻宁部队官兵代表,江苏省各界群众代表等参加公祭仪式。
2014年2月27日,十二届全国人大常委会第七次会议通过决定,以立法形式将12月13日设立为南京大屠杀死难者国家公祭日。(完)
图说:这是12月13日拍摄的南京大屠杀死难者国家公祭仪式现场。 新华社记者 李博 摄