Connect with us

China

ရုရှားနှင့်နီးကပ်သည့် ယူကရိန်းနိုင်ငံရေးသမား ကို ပျိုးထောင်ပေးနေသလား? ဆိုပြီး ဗြိတိန်၏ “သတင်းမှား” ဖြန့်ဝေမှုကို ရုရှား ပြစ်တင်ရှုတ်ချ

ဗြိတိန်နိုင်ငံ လန်ဒန်ရှိ ဝန်ကြီးချုပ်အိမ်တော်မှ ထွက်လာသည့် အသစ်ခန့်အပ်ထားသော နိုင်ငံခြားရေးဝန်ကြီး Liz Trussအား ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၂၄ ရက်(ဆင်ဟွာ)

အနောက်နိုင်ငံများနှင်ရုရှား၏ ဆက်ဆံရေးသည် ယူကရိန်းအရှေ့ပိုင်းအခြေအနေများကြောင်း ထပ်မံ တင်းမာမှုများ ဖြစ်လာချိန် ဗြိတိန်နှင့်ရုရှား၏ စကားစစ်ထိုးပွဲ ဖြစ်ပွားလာခဲ့သည်။ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက ရုရှားသည် ယူကရိန်းတွင်”ရုရှားနှင့်နီးကပ်မှုရှိသော”နိုင်ငံရေးသမား ကို ပျိုးထောင်ပေးနေကြောင်း ဇန်နဝါရီ ၂၂ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

ရုရှားနိုင်ငံ ဆိုချီမြို့ သတင်းစာရှင်းလင်းပွဲတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharovaအား ၂၀၁၆ ခုနှစ် မေ ၁၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဗြိတိန်၏ပြောကြားချက်သည့် “အခြေအမြစ်မရှိသည့် စကား” ဖြစ်ကြောင်း ရှုတ်ချပြောဆိုခဲ့သည်။ ဗြိတိန်ပြောကြားခဲ့သည့် ယူကရိန်းနိုင်ငံရေးသမားသည် ၂၀၁၈ ခုနှစ်ကတည်းက ရုရှားပိတ်ဆို့မှုကို ခံထားရသူဖြစ်ကြောင်း ရှရှားမီဒီယာများက ဖော်ပြခဲ့သည်။

ဗြိတိန်၊အမေရိကန်တို့၏ “ထောက်လှမ်းရေး” ကို အကြောင်းပြု ပြောဆိုမှု

ထောက်လှမ်းမှု သတင်းသုံးသပ်ချက်များအရ ရုရှားထောက်လှမ်းရေးအဖွဲ့ဝင်များက ယူကရိန်းနိုင်ငံရေးသမားအချို့နှင့် ထိတွေ့မှုရှိကြောင်း ၊ ၎င်းတို့အနက် ရုရှားနှင့်နီးကပ်သူအချို့ကို ပျိုးထောင်ပေးကာ ယူကရိန်းအုပ်ချုပ်ရေးအခွင့်အာဏာကို ပြောင်းလဲရန် ဆောင်ရွက်နေကြောင်း၊ ထိုပျိုးထောင်ပေးသည့် နိုင်ငံရေးသမားများတွင် ယူကရိန်းလွတ်တော်အမတ်ဟောင်း Yevhen Murayevလည်း ပါဝင်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာန ဇန်နဝါရီ ၂၂ ရက် ညပိုင်းတွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Liz Trussက “ဒါဟာ ယူကရိန်းအစိုးရကို ပြောင်းပြန်လှန်ဖို့ ရုရှားရဲ့လှုပ်ရှားမှုဖြစ်တယ် ဆိုတာကို ပြသနေတယ်”ဟု ဆိုသည်။ ဗြိတိန်အနေဖြင့် ရုရှားဘက်က သံတမန်ရေးနည်းလမ်းဖြင့် “ပဋိပက္ခအရှိန်လျော့နည်းအောင်”ဆောင်ရွက်ဖို့ တိုက်တွန်းကြောင်း ၊ ယူကရိန်းသို့ ဝင်ရောက်မည့် ရုရှား၏မည်သည့် စစ်ရေးလုပ်ဆောင်မှုမျိုးကိုမဆို ရုရှား၏ကြီးမားသော မဟာဗျူဟာ မှားယွင်းမှုအဖြစ် ရှုမြင်သွားမည်ဖြစ်ပြီး ထို့အတွက် အလျော်အစား ကြီးကြီးမားမားပေးရလိမ့်မည်ဟု ပြောကြားခဲ့သည်။

ယူကရိန်းသမ္မတဟောင်း Viktor Yanukovychအပါအဝင် အစိုးရအရာရှိအများအပြားနှင့် ရုရှားထောက်လှမ်းရေးဌာနက ဆက်သွယ်မှုရှိနေကြောင်း ဗြိတိန်က ဆိုသည်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပါပြောကြားချက်များအတွက် သက်သေထုတ်ပြခြင်းမျိုးမရှိသေးကြောင်း သိရသည်။ ထို့ပြောကြားချက်ကို အမေရိကန်အစိုးဘက်မှ လိုက်ဖက်ညီသည့် တုန့်ပြန်မှုရှိခဲ့သည်။ အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ Emily Horneက ဗြိတိန်၏ပြောဆိုမှုသည်”အလွန်စိုးရိမ်ဖွယ်ကောင်း”ကြောင်း ဆိုသည်။

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းမှစပြီး ရုရှားနှင့်ယူကရိန်း နှစ်နိုင်ငံသည် နယ်စပ်ဒေသအသီးသီးတွင် စစ်အင်အားအလုံးအရင်း တိုးချထားခဲ့ကြသည်။ အမေရိကန် စသည့် အနောက်နိုင်ငံများက ရုရှားသည် ယူကရိန်းကို ကျူးကျော်ရန် အခွင့်အရေးစောင့်နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့အပေါ် ရုရှားအစိုးရက မိမိပိုင်နက်နယ်မြေအတွင်း တပ်ဖွဲ့ခေါ်ယူပိုင်ခွင့်ရှိရာ အခြားနိုင်ငံသို့ ထိုးစစ်ဆင်ဖို့ ဆန္ဒမရှိကြောင်း ၊ သို့သော် အမေရိကန်နှင့်နေတိုးအဖွဲ့က ရုရှားခြိမ်းခြောက်မှုဟု အကြောင်းပြုက ရုရှားအနောက်ဘက်အနီးတစ်ဝိုက်နိုင်ငံများတွင် လက်နက်စနစ် ဖြန့်ကျက်ထားကြောင်း ဆိုသည်။

“သတင်းအမှား” ဟု ရုရှားက တုန့်ပြန်ပြောကြား

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က “ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖြန့်နေတဲ့ ဒီသတင်းအမှားဟာ Anglo-Saxonလူမျိုးတွေ ဦးဆောင်နေတဲ့ နေတိုးနိုင်ငံများက ယူကရိန်းတစ်ဝိုက်အခြေအနေကို မီးလောင်ရာလေပင့်တဲ့ သက်သေပါပဲ။ ကျွန်ုပ်တို့ဘက်က ဗြိတိန်ဝန်ကြီးဌာနကို ဒီလိုရန်လိုရန်စတဲ့ လုပ်ဆောင်ချက်တွေ ရပ်တန့်ဖို့၊ အခြေအမြစ်မရှိတဲ့စကားတွေ့ ဖြန့်ဝေမှုကို ရပ်တန့်ဖို့ တောင်းဆိုတယ်”ဟု ဇန်နဝါရီ ၂၃ ရက် လူမှုကွန်ရက်မီဒီယာတွင် ဖော်ပြထားသည်။
ဗြိတိန်အစိုးရက ယူကရိန်းနိုင်ငံရေးသမား Yevhen Murayevကို ရုရှားပျိုးထောင်ပေးနေသည်ဟု ဆိုသော်လည်း ၎င်းမှာ ၂၀၁၈ ခုနှစ်ကတည်းက ရုရှား၏ပိတ်ဆို့မှုကို ခံရသူဖြစ်ကြောင်း Sputnik သတင်းဌာန၏ ဇန်နဝါရီ ၂၃ ရက်တွင် ဖော်ပြခဲ့သည်။

ရုရှားအစိုးရ၏ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၅ ရက် အမိန့်ကြေညာချက်အရ Yevhen Murayevသည် ပိတ်ဆို့မှုအမည်စာရင်းသို့ ထည့်သွင်းခံထားရပြီး ၎င်း၏ရုရှားနိုင်ငံအတွင်း ပိုင်ဆိုင်မှုများကို ပိတ်ဆို့ခံထားရကြောင်း ဆိုသည်။ အဆိုပါပိတ်ဆို့မှုသည် ယူကရိန်းဘက်က ရုရှားနိုင်ငံသားများနှင့်ဌာနများကို ချစ်ကြည်ရင်းနှီးမှုမရှိသည့်လုပ်ဆောင်ချက် သို့မဟုတ် နှစ်နိုင်ငံ ဆက်ဆံရေးအကျိုးမဖြစ်စေသည့် လုပ်ရပ်များကို တုန့်ပြန်သည့်အနေနှင့်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ပြောကြားချက်နှင့်ပတ်သတ်သူ”က ငြင်းဆိုထား

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောကြားချက် Yevhen Murayevက ဇန်နဝါရီ ၂၂ ရက် ရှင်းလင်းခဲ့သည်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောကြားချက်သည် ဟာသဆန်ကြောင်း The Daily Telegraph ကို ပြောကြားခဲ့သည်။ “ရုရှားပိတ်ဆို့မှုကို ၄ နှစ်ကြာခံခဲ့ရသူ၊ ရုရှား၏ လုံခြုံရေးခြိမ်းခြောက်မှုအဖြစ်ရှုမြင်ခံရပြီး ပြည်ဝင်ခွင့် ပိတ်ဆိုခံရ၊ ဖခင်ရဲ့ ရုရှားပိုင်ပစ္စည်းတွေကို ပိတ်ဆို့ခံထားရသူ အနေနဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်ကို ဝေဖန်ဖို့စကားရှာမရအောင်ပဲ”ဟု ၎င်းက ဆိုသည်။

ယခုအသက် ၄၅ နှစ်အရွယ်ရှိ Yevhen Murayevသည် ယူကရိန်းလွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး ယခုအခါ မြို့တော်ကီးယက်မြို့ရှိ ရုပ်မြင်သံကြားဌာနတစ်ခု၏ သူဌေးဖြစ်သည်။ ယူကရိန်း၏ Razumkov စီးပွားရေးနှင့်နိုင်ငံရေးသုတေသနစင်တာက ပြီးခဲ့သည့်နှစ် ပြည်သူ့ဆန္ဒစစ်တမ်းကောက်ယူမှုရလဒ်များအရ ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲ လူကြိုက်အများဆုံးတွင် Yevhen Murayev ထောက်ခံမှုသည် ၆.၃ ရာခိုင်နှုန်းဖြင့် သတ္တမနေရာတွင် ရှိကြောင်း သိရသည်။ (Xinhua)

——————————
(Chinese Version)
扶植“亲俄”乌克兰政客?俄罗斯谴责英国散布“假消息”
2022-01-24 10:08:09
Image Carouse
新华社北京1月24日电 西方国家和俄罗斯的关系因乌克兰东部局势而再度紧张之际,英国和俄罗斯陷入口水仗。英国外交部22日宣称,俄罗斯正扶植一批乌克兰“亲俄”政界人士。
俄罗斯外交部谴责英方说法是“无稽之谈”。俄罗斯媒体报道,那名英方所谓俄罗斯“扶植”的乌克兰政客自2018年开始就遭受俄方制裁。
英美拿“情报”说事
英国外交部22日晚在一份声明中说,根据对情报的评估,俄罗斯情报机构人员正在接触一批乌克兰政界人士,扶植其中一些持亲俄立场的人,从而推动乌克兰政权更迭,受扶植者包括乌克兰前议员叶夫根•穆拉耶夫。
英国外交大臣伊丽莎白•特拉斯说,这“说明俄方活动是为颠覆乌克兰(政府)”,英方敦促俄方以外交途径“让冲突降级”,强调英方将把“任何俄方军事介入乌克兰的举动视为(俄方)重大战略错误”,俄方将为之付出巨大代价。
2021年9月15日,新任命的外交大臣特拉斯离开英国伦敦的唐宁街10号首相府。(新华社记者韩岩摄)
英方还说,俄罗斯情报机构与多名乌克兰前政府官员保持联系,包括前总统维克托•亚努科维奇。
英国外交部没有就上述指认提供任何证据。这则消息得到美国政府“应和”。美国国家安全委员会发言人埃米莉•霍恩说,英方说法“令人非常担忧”。
去年底以来,俄罗斯和乌克兰分别向两国接壤的边境地区增派重兵。美国等西方国家称,俄罗斯在伺机“入侵”乌克兰。对此,俄罗斯政府说,俄方有权在自身境内调动部队,无意攻击他国,而美国和北大西洋公约组织以俄方威胁为幌子在俄西部周边国家部署武器系统。
俄方斥“假消息”
俄罗斯外交部发言人玛丽亚•扎哈罗娃23日在社交媒体留言:“英国外交部散布的这条假消息证明由盎格鲁-撒克逊人领导的北约国家正在就乌克兰周边局势煽风点火。我方敦促英国外交部停止挑衅举动,停止散播无稽之谈。”
2016年5月19日,在俄罗斯索契,俄罗斯外交部发言人扎哈罗娃在新闻发布会上发言。(新华社记者白雪骐摄)
俄罗斯卫星通讯社23日报道,英国政府宣称乌克兰政客穆拉耶夫受俄罗斯政府扶植,但他2018年起就受到俄方制裁。
根据俄罗斯政府2018年12月25日发布的行政令,穆拉耶夫被列入制裁名单,他在俄罗斯境内的财产遭冻结。此项制裁是为回应乌克兰方面针对俄罗斯公民和实体作出的不友好举动或不利于两国关系的行为。
“当事人”撇干系
就英国外交部的说法,穆拉耶夫22日出面澄清。
穆拉耶夫告诉英国《每日电讯报》,他认为英国外交部的说法“搞笑”,“作为一个受俄方制裁4年、被俄罗斯视为安全威胁而禁止入境、父亲在俄财产受冻结的人,我都找不出话评论英国外交部的声明”。
穆拉耶夫现年45岁,曾经是乌克兰议会议员,现在是首都基辅一家电视台的老板。根据乌克兰拉祖姆科夫经济和政治研究中心去年底一项民意调查结果,在2024年总统选举热门人选中,穆拉耶夫的支持率为6.3%,排名第七。(杜鹃)