Connect with us

International Organizations

ဖူကူရှီးမား ဒိုင်အိချိ နျူးကလီးယားဓါတ်အားပေးစက်ရုံမှ အေးခဲအရည် တန်ချိန် ၄ တန်ခန့် ယိုစိမ့်မှု ဖြစ်ပွား

ဂျပန်နိုင်ငံ ဖူကူရှီးမားစီရင်စု ဖူကူရှီးမား ဒိုင်အိချိ နျူကလီးယားဓါတ်အားပေးစက်ရုံ ယူနစ်-၄ အဆောက်အအုံတွင် အလုပ်လုပ်ကိုင်နေသည်ကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို၊ ဇန်နဝါရီ ၂၄ ရက်(ဆင်ဟွာ)

တိုကျိုလျှပ်စစ်စွမ်းအင်ကုမ္ပဏီ ဖူကူရှီးမား ဒိုင်အိချိ နျူးကလီးယား ဓါတ်အားပေးစက်ရုံသည် ယခုရက်ပိုင်းများတွင် “အေးခဲမြေထိန်းနံရံ”အေးခဲရည် ၄ တန်ခန့် ယိုစိမ့်မှု ဖြစ်ပွားခဲ့ကြောင်း ဂျပန်မီဒီယားများက ဇန်နဝါရီ ၂၃ ရက်တွင် ဖော်ပြခဲ့သည်။ သို့သော်လည်း ကုမ္ပဏီက ထိုသို့ဖြစ်ပွားခြင်းသည် “အေးခဲမြေထိန်းနံရံ”၏စွမ်းရည်အပေါ် သက်ရောက်မှုမရှိဟု ဆိုသည်။

ဖူကူရှီးမား ဒိုင်အိချိ နျူးကလီးယား ဓါတ်အားပေးစက်ရုံ၏ မြေနေရာအနေအထားသည် အနောက်ဘက်မြင့်ရာမှ အရှေ့ဘက်နိမ့်ရာသို့ ဆင်းသက်သွားသည့် အနေအထား ဖြစ်ရာ အရှေ့ဘက်တွင် ပစိဖိတ်သမုဒ္ဒရာကို ဦးတည်နေသည်။ မြေအောက်ရေများ နျူးကလီးယားဓါတ်အားပေးစက်ရုံရှိ အဆောက်အအုံ မြေအောက်သို့ယိုစိမ့်ပြီး နျူးကလီးယားညစ်ညမ်းရေများ တိုးများလာမည်ကို ကာကွယ်ရန်အတွက် တိုကျိုလျှပ်စစ်စွမ်းအင် ကုမ္ပဏီက ၂၀၁၄ ခုနှစ် ဇွန်လတွင် နျူးကလီးယားစက်ရုံ ယူနစ် ၁ မှ ၄ တစ်ဝိုက်ကို ပတ်လည်အရှည် ၁.၅ ကီလိုမီတာရှိသည့် “အေးခဲမြေထိန်းနံရံ”တည်ဆောက်ပြီး ၂၀၁၇ ခုနှစ်တွင် ဘက်စုံစတင်အသုံးပြုခဲ့သည်။ ဆောက်လုပ်သည့်နည်းလမ်းသည် အေးခဲပိုက် ၁,၅၆၈ ခုကို ၁ မီတာ အကျယ်စီထား မြေအောက်အနက် ၃၀ မီတာကို စိုက်ကာ အေးခဲစေမည့်အရာဝတ္ထုများ ထည့်သွင်းပြီး အေးခဲစက်ဖြင့် -၃၀ဒီဂရီစင်တီဂရိတ်ဖြစ်အောင် ပြုလုပ်ခြင်းဖြစ်ရာ ထိုမှတစ်ဆင့် အနီးရှိမြေသားအောက်ခံများကို အေးခဲစေကာ အေးခဲမြေသားနံရံအကာအကွယ်ဖြစ်အောင် ပြုလုပ်ခြင်း ဖြစ်သည်။

NHK ရုပ်သံ၏ ဇန်နဝါရီ ၂၃ ရက် ထုတ်လွှင့်ချက်များအရ တိုကျိုလျှပ်စစ်စွမ်းအင်ကုမ္ပဏီသည် ဇန်နဝါရီ ၁၆ ရက်က “အေးခဲနံရံ”အနီးတွင် ယိုစိမ့်လာသည့် အေးခဲရည်များကို တွေ့ရခြင်းဖြစ်ပြီး ခန့်မှန်းတွက်ချက်မှုများရ တန်ချိန် ၄ တန်ခန့် ရှိမည် ဖြစ်ကြောင်း ဆိုသည်။ ယိုစိမ့်သည့် အေးခဲရည်များသည် မြေသားအောက်ခံများကို အေးခဲရာတွင် အသုံးပြုသည့် ကယ်လဆီယမ် ကလိုရိုက် ဓာတုဒြပ်ပေါင်းရည်များ ဖြစ်ကြောင်း သိရသည်။
အေးခဲပိုက် ပျက်စီးခြင်းကြောင့် ဖြစ်နိုင်ကြောင်း တိုကျိုလျှပ်စစ်စွမ်းအင်ကုမ္ပဏီက ယူဆရာ ပျက်စီးသည့်နေရာကို ရှာဖွေကာ ပြုပြင်ဖာထေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဤအရည်မျိုးသည် အန္တရာယ်ရှိစေသည့်အရာများ မဟုတ်ကြောင်း၊ သဘာဝပတ်ဝန်းကျင်၊”အေးခဲမြေထိန်းနံရံ”၏စွမ်းရည်ကို ထိခိုက်မှုမရှိကြောင်း ကုမ္ပဏီက ဆိုသည်။

၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် ဖူကူရှီးမား ဒိုင်အိချိ နျူးကလီးယားဓါတ်အားပေးစက်ရုံ၏ “အေးခဲမြေထိန်းနံရံ”သည် မြေအောက်အပူချိန် သာမန်မဟုတ်မြင့်တက်လာခြင်းနှင့် ကြုံတွေ့ခဲ့ရရာ တိုကျိလျှပ်စစ်စွမ်းအင်ကုမ္ပဏီသည် ထိုစဉ်ကလည်း “အေးခဲမြေထိန်းနံရံ”စွမ်းရည်အပေါ် ထိခိုက်မှုမရှိဟု ပြောကြားခဲ့ပါသည်။ (Xinhua)

——————————
(Chinese Version)

福岛第一核电站泄漏4吨冷冻液
2022-01-23 20:52:18

这张2012年2月20日拍摄的图片显示的是,工作人员在日本福岛县福岛第一核电站四号机组建筑内工作。(新华社发)
新华社东京1月23日电据日本媒体23日报道,东京电力公司福岛第一核电站近日泄漏了约4吨“冻土挡水墙”冷冻液。但东电公司称,“冻土挡水墙”的功能未因此受到影响。
福岛第一核电站的地势西高东低,东部朝向太平洋,为防止地下水继续流入核电站所在建筑物的地下而导致核污水增加,东电公司于2014年6月在核电站1至4号机组周边开建周长约1.5千米的“冻土挡水墙”,2017年起全面启用。施工方法是将1568根冻结管以1米的间距插入地下30米深处,注入冷冻材料,并利用冷冻机使其冷却到零下30摄氏度,从而将周围地基冻住,形成一道冻土屏障。
据日本广播协会电视台23日报道,东电公司于1月16日在“冻土挡水墙”附近发现了泄漏的冷冻液,推测泄漏了约4吨冷冻液。泄漏的冷冻液是用于冻结地基、起到制冷剂作用的氯化钙溶液。东电公司认为,冻结管可能出现损伤,该公司将寻找损伤部位加以修补。东电公司称,这种液体不是有害物质,对环境没有影响,“冻土挡水墙”本身功能未受到影响。
2021年10月,福岛第一核电站的“冻土挡水墙”曾出现地下温度异常升高问题,当时东京电力公司也称未对“冻土挡水墙”功能产生影响。