Connect with us

China

အမေရိကန်နိုင်ငံက ပြည်တွင်းပြည်ပစကားသံကို နားထောင်ပြီး နျူကလီးယားလက်နက် ဦးစွာ အသုံးမပြုရေး မူဝါဒကို ကျင့်သုံးမည်ဟု မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝန်ပင်းအား ဇန်နဝါရီ ၆ ရက် ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓါတ်ပုံ-တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန)

ပေကျင်း၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံသည် ပြည်တွင်းပြည်ပ စကားသံကို နားထောင်ပြီး အမျိုးသားလုံခြုံရေးမူဝါဒတွင် နျူကလီယားလက်နက်၏ အခန်းကဏ္ဍကို လက်တွေ့လျှော့ချသွားရန်၊ မဟာဗျူဟာ အင်အားတည်ဆောက်ရာနှင့်စီမံရာတွင် ထိန်းထိန်းသိမ်းသိမ်းရှိရန်၊ နျူကလီးယားလက်နက် ဦးစွာ အသုံးမပြုရေး မူဝါဒကို ကျင့်သုံးရန် မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝန်ပင်းက ဇန်နဝါရီ ၆ ရက်တွင် ပြောကြားခဲ့သည်။

ယင်းနေ့တွင် ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက “နျူကလီးယား ၅ နိုင်ငံ ခေါင်းဆောင်များက နျူကလီးယားစစ်ပွဲကာကွယ်တားဆီးရေးဆိုင်ရာ ပူးတွဲကြေညာချက်ကို ပြီးခဲ့တဲ့ရက်မှာ အတူထုတ်ပြန်ကြတာကို နိုင်ငံတကာအသိုက်အဝန်းက နွေးထွေးစွာ တုန့်ပြန်မှုခဲ့ကြပါတယ်။ “နျူကလီးယားစစ်ပွဲတွင် အနိုင်မရှိသလို တိုက်၍လည်းမဖြစ်ဘူး’ဆိုတာကို ၅နိုင်ငံစလုံးက သဘောတူတယ်ဆိုရင် နျူကလီယားလက်နက် ဦးစွာအသုံးပြုတဲ့ မူဝါဒကို အမေရိကန်က စွန့်လွတ်ဖို့ဟာ နောက်တစ်ဆင့်လျော်ကန်တဲ့ ခြေလှမ်းဖြစ်တယ်။ ဘိုင်ဒန်အစိုးရက နျူကလီးယားလက်နက် ဦးစွာအသုံးမပြုဖို့ ကတိကဝတ်ပြုသင့်တယ်လို့ အမေရိကန် ပညာရှင်အချို့က ပြောကြားခဲ့တယ်။ ယင်းအပေါ် တရုတ်နိုင်ငံက ဘယ်လို မှတ်ချက်ပြုချင်ပါသလဲ”ဟု မေးမြန်းခဲ့သည်။

“သက်ဆိုင်ရာ သတင်းများကို တရုတ်နိုင်ငံက ဂရုပြုမိပါတယ်”ဟု ဝမ်ဝန်ပင်းက ဆိုသည်။ နျူကလီးယား ၅ နိုင်ငံတွင် တရုတ်နိုင်ငံသည် နျူကလီးယားလက်နက် ဦးစွာ အသုံးမပြုရန် ကတိကဝတ်ပြုခဲ့သည့် တစ်ခုတည်းသောနိုင်ငံဖြစ်ကြောင်း၊ ထိုမူဝါဒသည် နျူကလီးယားအန္တရာယ်ကို လျှော့ချရာနှင့် နျူကလီးယားစစ်ပွဲ ကာကွယ်တားဆီးရန်အတွက် အရေးကြီးသည့် အခန်းကဏ္ဍဖြစ်ရာ နျူကလီးယားနိုင်ငံမဟုတ်သော နိုင်ငံအများအပြား၏ အသိအမှတ်ပြု ကြိုဆိုမှုကို ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

“၅ နိုင်ငံက နျူကလီးယားစစ်ပွဲ ကာကွယ်တားဆီးရေး ပူးတွဲကြေညာချက်ပေါ်အခြေခံပြီး နျူကလီးယားလက်နက် ဦးစွာအသုံးပြုတဲ့ နျူကလီးယားခြိမ်းခြောက်မှုမူဝါဒကို စွန့်လွှတ်ဖို့၊ နျူကလီးယားလက်နက် ဦးစွာအသုံးမပြုဖို့ အပြန်အလှန်ကတိကဝတ်ပြုကာ နိုင်ငံတကာဥပဒေဆိုင်ရာ စာရွက်စာတမ်းအကြောင်းအရာများကို ဆွေးနွေးညှိနှိုင်းသွားကြဖို့ မျှော်လင့်ပါတယ်၊ ထို့အတွက်လည်း တရုတ်နိုင်ငံက အပြုသဘောဆက်လက် ကြိုးပမ်းဆောင်ရွက်သွားလိုတယ် ”ဟု ၎င်းက ပြောကြားခဲ့သည်။

နျူကလီးယား ၅ နိုင်ငံ ပူးတွဲကြေညာချက်က အမေရိကန်၏နျူကလီးယားအခြေအနေသုံးသပ်ချက်ရလဒ်ကို အပြုသဘောသက်ရောက်မှု ရှိဖို့ နိုင်ငံတကာအသိုက်အဝန်းက မျှော်လင့်ကြောင်း ဝမ်းဝန်ပင်းက ပြောကြားခဲ့သည်။ “အမေရိကန်အနေနဲ့ ပြည်တွင်းပြည်ပ စကားသံကို နားထောင်ပြီး အမျိုးသားလုံခြုံရေးမူဝါဒမှာ နျူကလီးယားလက်နက်ရဲ့အခန်းကဏ္ဍကို လက်တွေ့လျှော့ချသွားရန်၊ မဟာဗျူဟာအင်အားတည်ဆောက်ရေးနှင့် စီမံရေးတွင် ထိန်းထိန်းသိမ်းသိမ်းရှိရန် ၊နျူကလီးယားလက်နက် ဦးစွာ အသုံးမပြုရေး မူဝါဒကို ကျင့်သုံးရန် မျှော်လင့်ပါတယ်။ တစ်ချိန်တည်းမှာပဲ အမေရိကန်ရဲ့သက်ဆိုင်ရာ မဟာမိတ်တွေကလည်း နိုင်ငံတကာအသိုက်အဝန်းဆန္ဒကို လိုက်လျောပြီး အပြုသဘော အားပေးထောက်ခံကြရန် မျှော်လင့်ထားပြီး အဆိုပါမူဝါဒ ကျင့်သုံးရေးဆောင်ရွက်ရာတွင် အမျိုးမျိုးနှောင့်ယှက်ရမှာမဟုတ်ဘူး”ဟု ပြောကြားခဲ့သည်။ (Xinhua)

——————————–
(Chinese Version)
外交部:希望美方倾听国内外呼声 采取不首先使用核武器政策
2022-01-07 00:26:28
新华社北京1月6日电(记者温馨、成欣)外交部发言人汪文斌6日表示,希望美方倾听国内外呼声,切实降低核武器在国家安全政策中的作用,在战略力量建设和部署上保持克制,采取不首先使用核武器政策。
在当日例行记者会上,有记者问:五核国领导人日前共同发表关于防止核战争的联合声明,引发国际社会热烈反响。美国一些专家学者表示,如五核国同意“核战争打不赢也打不得”,那么美放弃首先使用核武器政策是合乎逻辑的下一步,拜登政府应承诺不首先使用核武器。中方对此有何评论?
“中方注意到有关报道。”汪文斌说,中国是五个核武器国家中唯一承诺不首先使用核武器的国家,这一政策在减少核风险、防止核战争方面具有重要作用,受到广大无核武器国家普遍认可和欢迎。
“中方希望五核国能在发表防止核战争联合声明的基础上,放弃以首先使用核武器为基础的核威慑政策,承诺互不首先使用核武器并就此谈判缔结国际法律文书。中方愿继续为此积极努力。”他说。
汪文斌表示,国际社会期待五核国联合声明对美核态势审议结果产生积极影响。“希望美方倾听国内外呼声,切实降低核武器在国家安全政策中的作用,在战略力量建设和部署上保持克制,采取不首先使用核武器政策。同时,也希望美国有关盟友能够顺应国际社会期待,积极支持,而不是百般阻挠美采取上述政策。”(完)