Connect with us

Asia

ဂျပန်နိုင်ငံ တိုကျိုမြို့တော်တဝိုက် နှင်းမုန်တိုင်းတိုက်ခတ်မှုဖြစ်ပွား၊ မြို့တော်ရှိ ဒေသ ၂၃ ခုတွင် နှင်းမုန်တိုင်းသတိပေးချက် ထုတ်ပြန်ထား

ဂျပန်နိုင်ငံ တိုကျိုမြို့ Meiji Shrine ဘုံကျောင်းတွင် လာရောက်လည်ပတ်သူများအား ဇန်နဝါရီ ၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တိုကျို၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံတွင် လေအေးစီးကြောင်းဝင်ရောက်မှုနှင့် လေဖိအားနည်းရပ်ဝန်း၏ သက်ရောက်မှုကြောင့် မြို့တော်တဝိုက် (တိုကျိုမြို့၊ Kanagawa၊ Saitamaနှင့်Chibaစီရင်စု) တို့တွင် ဇန်နဝါရီ ၆ ရက်က နှင်းမုန်တိုင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာ တိုကျိုမြို့ဒေသ ၂၃ ခုတွင် နှင်းမုန်တိုင်း သတိပေးချက်အား အချိန်အတိုင်းအတာတစ်ခုထိ ထုတ်ပြန်ခဲ့သည်။ နှင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် မြို့တော်တစ်ဝိုက်ဒေသများ၏ လမ်းပန်းဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေးအပေါ် ဆိုးဝါးသည့် သက်ရောက်မှုရှိစေခဲ့ကြောင်း သိရသည်။

ဂျပန်နိုင်ငံ တိုကျိုမြို့ ဆီးနှင်းများအကြား Meguro မြစ်၏ မြင်ကွင်းအား ဇန်နဝါရီ ၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဂျပန်နိုင်ငံ တိုကျိုမြို့ Takeshita လမ်းမကြီး၏ မြင်ကွင်းအား ဇန်နဝါရီ ၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မြို့တော်တဝိုက် လေကြောင်းနှင့်ရထားလမ်းပို့ဆောင်မှုသည် နှင်းမုန်တိုင်းဒဏ်ခံခဲ့ရကြောင်း သိရသည်။ တိုကျိုရှိ ရထားလမ်းအချို့တွင် အချိန်အတိုင်းအတာတစ်ခုထိ ပို့ဆောင်မှုကို လုံးဝရပ်နားခြင်း သို့မဟုတ် သယ်ယူပို့ဆောင်မှုပမာဏလျှော့ချခြင်းများ လုပ်ဆောင်ခဲ့ကြောင်း ဂျပန်မီဒီယာများ၏ ဖော်ပြချက်ထားသည်။

ဟာနဲ့ဒါ့ လေဆိပ်နှင့် နာရိတ လေဆိပ်တွင် ပြည်တွင်းလေကြောင်း ၁၀၈ ခုကို ဖျက်သိမ်းလိုက်ရကြောင်း၊ ဇူလိုင် ၇ ရက်တွင်လည်း လေကြောင်းလိုင်းအချို့ ဖျက်သိမ်းရမည် ခန့်မှန်းရကြောင်း သိရသည်။
ဇူလိုင် ၆ ရက် နေ့လယ်ပိုင်းမှစ၍ တိုကျိုမြို့တွင် ယာဉ်မတော်တဆမှု ၇၉၅ ခု ဖြစ်ပွားခဲ့ကြောင်း တိုကျိုမြို့ရဲဌာနက ဆိုသည်။ တိုကျိုမီးသတ်ဌာနက ဆီးနှင်းကျခြင်းနှင့် လမ်းမျက်နှာပြင်တွင် ရေခဲခြင်းတို့ကြောင့် တိုကျိုမြို့အတွင်း ချော်လဲကျဒဏ်ရာရ၍ အရေးပေါ်ဆေးရုံပို့ဆောင်ပေးရသူ ၅၂ ဦး ရှိပြီဖြစ်ကြောင်း ဆိုသည်။

နှင်းမုန်တိုင်းကြောင့် လမ်းပန်းဆက်သွယ်ရေးထိခိုက်မှုက ဆက်လက်ဖြစ်ပွားနိုင်ရာ ပြည်သူလူထုအနေဖြင့် နှင်းစုပြုံကျရာနေရာများတွင် ယာဉ်မောင်းနှင်ပါက ဆီးနှင်းမြေပြင်မောင်း မော်တော်ယာဉ်ဘီး သို့မဟုတ် လမ်းချော်ရန်မှကာကွယ်သည့် ချိန်းကြိုးတပ်ဆင်ကြဖို့ အကြံပြုကြောင်း ဂျပန်မိုးလေဝသနှင့် ဇလဗေဒဌာနက ဆိုသည်။ (Xinhua)

——————————–
(Chinese Version)
(社会)日本首都圈普降暴雪 东京都23区发布暴雪警报
2022-01-07 00:09:54
新华社东京1月6日电(记者姜俏梅)受日本上空冷空气流入及低气压影响,日本首都圈(东京都、神奈川县、埼玉县和千叶县)6日普降暴雪,日本气象厅一度向东京都23区发出暴雪警报,首都圈交通运输受到严重影响。
日本气象厅说,截至6日19时,东京都中心地带积雪厚度一度达到10厘米,为4年来首次。目前暴雪警报已经解除。当天,茨城县、千叶县、静冈县和爱知县也发布了暴雪警报。
首都圈航班和铁路运行受到暴雪影响。据日本媒体报道,东京部分铁路一度全线停运或减少运量。羽田机场和成田机场共计108个国内航班被取消,预计7日还将有部分航班被取消。
东京都警视厅说,6日中午以来,东京都共发生795起交通事故。东京消防厅说,因下雪和路面结冰,东京都内已有52人跌倒受伤被紧急送往医院。
日本气象厅说,暴雪对交通影响仍将持续,建议民众在积雪地带行车时更换雪地轮胎或装上防滑链。(完)
图说1: 1月6日,人们在雪中参观日本东京明治神宫。
图说2:这是1月6日在日本东京拍摄的雪中目黑川。新华社记者 张笑宇 摄
图说3:1月6日,人们冒雪走在日本东京竹下街。新华社记者 张笑宇 摄