Connect with us

Europe

အီရန်နျူကလီးယားအရေး ဆွေးနွေးမှု အပြောင်းအလဲရှိနိုင်၊ အမေရိကန်က တောင်းဆိုချက်အသစ်များ ပြုလုပ်နေသည်ဟု အီရန်ကပြစ်တင်

ပေကျင်း၊ မတ် ၁၁ ရက် (ဆင်ဟွာ)

အီရန်နျူကလီးယားအရေးကိစ္စ သဘောတူညီချက်အား ပြန်လည်လိုက်နာရေးနှင့် ပတ်သက်၍ အမေရိကန်က ထပ်လောင်းတောင်းဆိုမှုများ ပြုလုပ်နေရာ စေ့စပ်ညှိနှိုင်းမှုများကို ပိုမိုခတ်ခဲစေသည်ဟု အီရန်အရာရှိက မတ် ၁၀ ရက်တွင် စွပ်စွဲပြစ်တင်ခဲ့သလို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကမူ သက်ဆိုင်ရာအဖွဲ့များက သဘောတူညီချက်အသစ် ရရှိလုနီးပါးဖြစ်ကြောင်းနှင့် ရက်ပိုင်းအတွင်း လက်မှတ်ရေးထိုးနိုင်ဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။

ပြောင်းလဲမှုများရှိနိုင်

အီရန်နိုင်ငံခြားရေးဝန်ကြီး Hossein Amir-Abdollahian သည် ထိုနေ့တွင် ဥရောပသမဂ္ဂ (အီးယူ) ၏ နိုင်ငံခြားရေး နှင့် လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ် Josep Borrell နှင့် ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးခဲ့သည်။ “အမေရိကန်ဟာ လုံးဝ ကျိုးကြောင်းဆီလျော်မှုမရှိတဲ့ တောင်းဆိုချက်အသစ်တွေကို ပြုလုပ်ခဲ့ပြီး ၎င်းရဲ့ရည်ရွယ်ချက်ဖြစ်တဲ့ အမြန်ဆုံးသဘောတူညီချက်ရရှိလိုမှုနဲ့ ဆန့်ကျင်နေပါတယ်” ဟု Abdollahian က ပြောကြားခဲ့သည်။

အီရန်နိုင်ငံခြားရေးဝန်ကြီး Abdollahian (ဝဲဘက် တတိယ) နှင့် IAEA ညွှန်ကြားရေးမှူးချုပ် Rafael Mariano Grossi (ညာဘက် ဒုတိယ) တို့ မတ် ၅ ရက်က တီဟီရန်တွင် တွေ့ဆုံစဉ်(ဆင်ဟွာ)

အမေရိကန်၏ တောင်းဆိုချက်များကိုမူ Abdollahian က ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပေ။ “အမေရိကန်က ကြားဝင်ညှိနှိုင်းသူ (အီးယူ) မှတစ်ဆင့် ကျွန်တော်တို့ထံ နေ့စဉ် မတူညီတဲ့ သတင်းအသစ်တွေ ပေးပို့မှုမလုပ်ပါနဲ့” ဟု၎င်းက ဆက်လက်ပြောကြားခဲ့သည်။
အီရန်အမျိုးသားလုံခြုံရေးကောင်စီအတွင်းရေးမှူး Ali Shamkhani က အမေရိကန်သည် နိုင်ငံရေးဆုံးဖြတ်ချက်ကင်းမဲ့ပြီး စေ့စပ်ညှိနှိုင်းမှုများကို ပိုမိုရှုပ်ထွေးစေသည်ဟု ထိုနေ့တွင် လူမှုကွန်ယက်မီဒီယာ၌ ရေးသားဖော်ပြခဲ့သည်။

အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်ရှိ အိမ်ဖြူတော်ကို ဖေဖော်ဝါရီ ၂၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အီရန်နျူကလီးယားအရေးဆိုင်ရာ အဖွဲ့အစည်းများက ၂၀၂၁ ခုနှစ် ဧပြီလတွင် သြစတြီးယားနိုင်ငံမြို့တော် ဗီယင်နာ၌ ညှိနှိုင်းမှုများစတင်ခဲ့ပြီး အမေရိကန်နှင့် အီရန်တို့ကြား သဘောတူညီချက်ကို ပြန်လည်လိုက်နာရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ အဋ္ဌမအကြိမ်မြောက် ညှိနှိုင်းဆွေးနွေးမှုကို ဒီဇင်ဘာ ၂၇ ရက်တွင် ဗီယင်နာ၌ စတင်ခဲ့သည်။

ရုရှားနိုင်ငံ မြို့တော်မော်စကို မြင်ကွင်းကို မတ် ၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီတို့မှ ညှိနှိုင်းမှုကိုယ်စားလှယ်များသည် ဗီယင်နာမှ ထွက်ခွာပြီး နိုင်ငံသို့ပြန်ခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။ ၎င်းတို့က “လုပ်နိုင်သမျှ လုပ်ပြီးပြီ” ဖြစ်ကြောင်းနှင့် အခြားဖြေရှင်းရန်ခက်ခဲသော ပြဿနာများကို အမေရိကန်နှင့် အီရန်တို့သာ ဆက်လက်ဆွေးနွေးနိုင်မည်ဟုယူဆကြောင်း သိရသည်။

အမည်မဖော်လိုသော အီရန်အရာရှိတစ်ဦးကမူ မဖြေရှင်းရသေးသောကိစ္စရပ် နှစ်ခု၊ သုံးခုသာရှိကြောင်းနှင့် အီရန်က လိုက်နာရမည့် သဘောတူညီချက်၏ ရှေ့နောက်အစီအစဉ်အပေါ်တွင်လည်း မတူညီသော အမြင်များရှိကြောင်း ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။ မဖြေရှင်းရသေးသော ပြဿနာများတွင် IS အပေါ် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများနှင့် နောက်တစ်ကြိမ် ရွေးကောက်ခံအမေရိကန်သမ္မတအသစ်အနေဖြင့် သဘောတူညီချက်ကို ချိုးဖျက်ခြင်းမပြုမှု အာမခံချက်ပေးရန်စသည့် တောင်းဆိုမှု ပါဝင်နိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အီရန်နိုင်ငံအနေဖြင့် အီရန်နျူကလီးယားအရေးနှင့်ပတ်သက်၍ ၂၀၁၅ ခုနှစ် ဇူလိုင်တွင် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ရုရှား၊ တရုတ်၊ ဂျာမနီတို့နှင့် ဘက်စုံသဘောတူညီမှု ရရှိခဲ့သည်။ ၂၀၁၈ ခုနှစ် မေလတွင် အမေရိကန်က အီရန်နျူကလီးယားသဘောတူညီချက်မှ တစ်ဖက်သတ်နုတ်ထွက်ခဲ့ပြီး အီရန်အပေါ် ပိတ်ဆို့အရေးယူမှုများ ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း သိရသည်။

အီရန်နျူကလီးယား သဘောတူညီချက်မှ နုတ်ထွက်စဉ် တာဝန်ထမ်းဆောင်ခဲ့သည့် အမေရိကန် ဒုတိယသမ္မတ Mike Pence က ဘိုင်ဒန်အစိုးရသည် သဘောတူညီချက်အား ပြန်လည်လိုက်နာရေးနှင့်ပတ်သက်၍ လက်မှတ်ရေးထိုးပါက ရီပတ်ဘလစ်ကန်ပါတီအာဏာရသည့် ပထမနေ့တွင် ဤသဘောတူညီချက်ကို ပယ်ဖျက်မည်ဖြစ်ကြောင်း မတ် ၉ ရက်တွင် ပြောကြားခဲ့သည်။

ရုရှားတွင် တောင်းဆိုမှုများရှိ

မတ် ၁၀ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ အီရန်မှပြောကြားခဲ့သည့် “ထပ်မံတောင်းဆိုချက်” နှင့်ပတ်သက်၍ အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Ned Price က ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ကြောင်း သိရသည်။

သက်ဆိုင်ရာအဖွဲ့များက သဘောတူညီချက်အသစ်ရရှိလုနီးပါးဖြစ်ကြောင်းနှင့် ရက်ပိုင်းအတွင်း လက်မှတ်ရေးထိုးနိုင်ဖွယ်ရှိကြောင်း သိရသည်။”လက်ရှိမှာတော့ မဖြေရှင်းရသေးတဲ့ ပြဿနာအနည်းငယ် ကျန်ရှိနေပါတယ်၊ အကြောင်းရင်းကတော့ အဲ့ဒီပြဿနာတွေက အရမ်းပဲဖြေရှင်းရခက်လို့ဖြစ်ပါတယ်” ဟု Ned Price က ဆိုသည်။

အီရန်နျူကလီးယားအရေးဆွေးနွေးမှုနှင့် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများ ချိတ်ဆက်ရန် ရုရှား၏ တောင်းဆိုမှုအပေါ် တုန့်ပြန်ပြောကြားရာတွင် Price က “ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုတွေနဲ့ ပတ်သက်ပြီး တိကျတဲ့ အာမချက်အသစ် ပေးမယ်လို့ ရည်ရွယ်ချက်မရှိပါဘူး၊ အမေရိကန်နှင့် အီရန်တို့ သဘောတူညီချက်ကို ပြန်လည်လိုက်နာရေးနဲ့ ပတ်သက်လို့လည်း တောင်းဆိုမှုအသစ်တွေ မလိုအပ်ပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။

အနောက်နိုင်ငံများက ရုရှားနှင့် ယူကရိန်းတို့ကြားစစ်ပွဲကြောင့် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့ကြောင်းနှင့် ၎င်းက အီရန်နျူကလီးယား ဆွေးနွေးမှု၏ အတားအဆီးတစ်ခု ဖြစ်လာကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က မတ် ၅ ရက်တွင် ပြောကြားခဲ့သည်။ ယင်းပိတ်ဆို့အရေးယူမှုများသည် ရုရှားနှင် အီရန်အကြား ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စစ်ရေးနည်းပညာ ပူးပေါင်းဆောင်ရွက်မှုအပေါ် အဟန့်အတားဖြစ်စေမည်မဟုတ်ကြောင်း ရုရှားက မျှော်လင့်ထားပြီး ယင်းအပေါ် အမေရိကန်အနေဖြင့် စာလွှာအာမခံချက်ပေးရန် ၎င်းက တောင်းဆိုခဲ့သည်။

ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများနှင့် အီရန်နျူကလီးယားအရေး သက်ဆိုင်ရာအဖွဲ့များ သဘောတူညီချက် ပြန်လည်လိုက်နာရေးသည် ကိစ္စရပ်နှစ်ခုဖြစ်ပြီး ၎င်းတို့သည် ဆက်စပ်မှုမရှိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Anthony Blinken က မတ် ၈ ရက်တွင် တုန့်ပြန်ပြောကြားခဲ့သည်။

ရုရှားနိုင်ငံ ညှိနှိုင်းရေးကိုယ်စားလှယ် Mikhail Ulyanov က “ဆွေးနွေးမှုတွေ နှောင့်နှေးအောင်လုပ်နေတယ်လို့ အချို့လူတွေက ကျွန်တော်တို့ကို အပြစ်တင်ဖို့ ကြိုးစားနေကြတာပါ။ ကျွန်တော်ပြောချင်တာက ဆွေးနွေးမှုဟာ မပြီးသေးပါဘူး၊ သဘောတူညီချက်ရဲ့ နောက်ဆုံးစာသားကိုတောင် မရေးဆွဲရသေးပါဘူး၊ ကျွန်တော်တို့လည်း အခြားညှိနှိုင်းဆွေးနွေးတဲ့နိုင်ငံတွေလို့ တောင်းဆိုပိုင်ခွင့်ရှိပါတယ်” ဟုပြောကြားခဲ့သည်။(Xinhua)

…………………………………………
伊核谈判恐生变 伊朗指责美国提新要求

2022-03-11 14:38:28 分类: 社会 图片轮播

新华社北京3月11日电 伊朗官员10日指责美国就伊朗核问题全面协议恢复履约提出额外要求,令谈判节外生枝。美国国务院则表示,相关方接近达成新协议,有望在几天内签字。

又添变数

伊朗外交部说,伊朗外长侯赛因·阿米尔-阿卜杜拉希扬当天与欧盟外交与安全政策高级代表何塞普·博雷利通电话。阿卜杜拉希扬说:“美国提出一些完全没有合理理由的新要求,与其希望立即达成协议的立场相违背。”

这是2021年12月27日在奥地利维也纳拍摄的伊朗核问题全面协议联合委员会政治总司长级会议现场。新华社发(欧盟驻维也纳代表团供图)

阿卜杜拉希扬没有说明美方具体提出哪些要求。他接着说:“美国不能每天通过协调方(欧盟)向我们传达不同的新信息。”

伊朗国家最高安全委员会秘书阿里·沙姆哈尼同日在社交媒体发文指责美国缺乏“政治决断”,使谈判“变得越来越复杂”。

伊核协议相关方2021年4月开始在奥地利首都维也纳举行谈判,讨论美伊两国恢复履约问题,美国间接参与谈判。第八轮谈判于12月27日在维也纳启动。

据路透社报道,英国、法国和德国的谈判代表已经离开维也纳,返回国内,因为他们认为“能做的已经都做了”,悬而未决问题只能让美国和伊朗来谈。

3月5日,伊朗外长阿卜杜拉希扬(左三)在德黑兰会见国际原子能机构总干事格罗西(右二)。新华社发(伊朗外交部供图)

一名不愿公开姓名的伊朗官员告诉路透社,未决问题只有“两三个”,伊朗对履约条件的先后顺序也有意见。未决问题可能包括美国对伊朗伊斯兰革命卫队的制裁、伊朗要求美方保证下任美国总统不会再撕毁协议。

2015年7月,伊朗与美国、英国、法国、俄罗斯、中国和德国达成伊朗核问题全面协议。2018年5月,美国单方面退出伊核协议,随后重启并追加一系列对伊制裁。

美国退出伊核协议时任副总统的迈克·彭斯9日说,如果拜登政府与伊朗就恢复履约问题签署协议,共和党将来上台后,第一天要干的事就是撕毁这份协议。

这是2月21日在美国首都华盛顿拍摄的白宫。新华社记者刘杰摄

俄有诉求

美国国务院发言人内德·普赖斯在10日召开的记者会上没有提及伊朗所说的“额外要求”。

普赖斯重申,相关方接近达成协议,可能在“今后几天内”签字,“确实只剩下极少数没有解决的问题”,“这些问题之所以没有得到解决,就是因为它们特别棘手”。

针对俄罗斯把对俄制裁与伊核谈判挂钩的要求,普赖斯说:“就制裁俄罗斯,我们无意向俄方提供任何新的或具体的(保证),而且达成美伊恢复履约协议也不需要任何新的(条件)。”

3月9日,在俄罗斯首都莫斯科,市民穿过一条马路。新华社记者白雪骐摄

俄外交部长谢尔盖·拉夫罗夫5日说,西方因俄乌冲突对俄实施的制裁已经成为伊核谈判达成协议的“绊脚石”。俄罗斯希望与伊朗的贸易、投资和军事技术合作不因制裁而受到任何阻碍,并且要求美方就此做出书面保证。

美国国务卿安东尼·布林肯6日回应说,对俄制裁与伊核协议相关方恢复履约谈判是“两码事”,两者“不相干”。

俄罗斯谈判代表米哈伊尔·乌里扬诺夫9日说:“有些人试图怪罪我们拖延谈判。我要说的是,谈判还没结束,甚至协议最终文本还没拟定。与其他谈判相关方一样,我们也有权提出要求……这很正常。”(王宏彬)