Connect with us

Europe

အစ္စရေး ကာကွယ်ရေးဦးစီးချုပ်က ဘာရိန်းနိုင်ငံရှိ အမေရိကန်ရေတပ်ဌာနချုပ်သို့ သွားရောက်

ဆီးရီးယားနှင့်အစ္စရေးတို့ကြား အငြင်းပွားနေသောနယ်စပ်အနီး၊ အစ္စရေးတို့သိမ်းပိုက်ထားသော ဂိုလန်ကုန်းမြင့် ၌ ၂၀၂၀ပြည့်နှစ်၊ သြဂုတ် ၄ ရက်တွင် အစ္စရေးစစ်သားများအားတွေ့ရစဉ် (ဓာတ်ပုံ-- Ayal Margolin/JINI via Xinhua)

ဂျေရုဆလင်၊ မတ် ၁၁ ရက် (ဆင်ဟွာ)

အစ္စရေးနိုင်ငံ ကာကွယ်ရေးဦးစီးချုပ် Aviv Kohavi သည် ဘာရိန်းနိုင်ငံရှိ အမေရိကန် ရေတပ်၏ ပဉ္စမမြောက် ရေတပ်ဌာနချုပ်သို့ မတ် ၁၀ ရက် က သွားရောက်ခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ထုတ်ပြန်သော ကြေညာချက်တစ်ရပ်အရ သိရသည်။ဘာရိန်းနိုင်ငံသို့ သွားရောက်ခဲ့သည့် ၎င်း၏ ခရီးစဉ် ဒုတိယနေ့တွင် Kohavi သည် အမေရိကန် ရေတပ်ဗဟိုကွပ်ကဲရေးတပ်ဖွဲ့၊ အမေရိကန် ပဉ္စမမြောက် ရေတပ်ဌာနချုပ်နှင့် ရေတပ်စုပေါင်းတပ်ဖွဲ့ ဒုတိယဗိုလ်မှူးကြီး Brad Cooper နှင့် ၎င်း၏ ဝန်ထမ်းများထံမှ စစ်ဆင်ရေးဆိုင်ရာ သတင်းအကျဉ်းချုပ်အား လက်ခံရရှိခဲ့ကြောင်း IDF ၏ ထုတ်ပြန်ချက်၌ ဖြည့်စွက်ဖော်ပြထားသည်။

တပ်မှူးများသည် IDF နှင့် ပဉ္စမမြောက်ရေတပ်ဌာနချုပ်တို့အကြား လက်ရှိပူးပေါင်းဆောင်မှုနှင့် ဒေသတွင်း လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဒီကနေ့ ဘာရိန်းနိုင်ငံကို လာရောက်လည်ပတ်တာဟာ ကျွန်တော်တို့ရဲ့ အမျိုးသားလုံခြုံရေးအတွက် အရေးပါတဲ့ ကဏ္ဍတစ်ခုဖြစ်တဲ့ အမေရိကန်နဲ့ ကျွန်တော်တို့ လက်ရှိဆောင်ရွက်နေတဲ့ မဟာဗျူဟာမြောက် ဆက်ဆံရေးရဲ့ နောက်ထပ်ဥပမာကောင်းတစ်ခုပါပဲ” ဟု Kohavi က ပြောကြားခဲ့သည်။

ထို့ပြင် Kohavi သည် ဘာရိန်းကာကွယ်ရေးတပ်ဖွဲ့ (BDF) ကာကွယ်ရေးဦးစီးချုပ် Shaikh Khalifa bin Ahmed Al-Khalifa ၊ BDF စစ်ဦးစီးချုပ် Theyab Bin Saqer Al-Noaimi နှင့် ဘာရိန်း ကာကွယ်ရေးဝန်ကြီး Abdullah Bin Hassan Al-Noaimi တို့နှင့်လည်း တွေ့ဆုံခဲ့ကြောင်း IDF က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Al-Khalifa နှင့် Kohavi တို့သည် ဒေသတွင်းရှိ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်ရေး အခွင့်အလမ်းများအား ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖြည့်စွက်ဖော်ပြထားသည်။ (Xinhua)
———————–
Israel’s military chief visits U.S. Navy headquarters in Bahrain
JERUSALEM, March 10 (Xinhua) — Israeli Military Chief of Staff Aviv Kohavi on Thursday visited the U.S. Navy’s Fifth Fleet headquarters in Bahrain, according to a statement issued by the Israel Defense Forces (IDF).
On the second day of his visit to Bahrain, Kohavi received an operational intelligence briefing from the Commander of the U.S. Naval Forces Central Command, the U.S. Fifth Fleet, and Combined Maritime Forces Brad Cooper and his staff, the IDF added.
The commanders discussed the ongoing cooperation between the IDF and the Fifth Fleet as well as regional security and stability, the statement said.
“Today’s visit to Bahrain is another example of our ongoing strategic relationship with the United States, which is a significant pillar of our national security,” Kohavi said.
Kohavi also met with senior officials from the Bahrain Defense Force (BDF), including the BDF Commander-in-Chief Shaikh Khalifa bin Ahmed Al-Khalifa, the BDF Chief of Staff Theyab Bin Saqer Al-Noaimi and Bahrain’s Minister of Defense Affairs Abdullah Bin Hassan Al-Noaimi, the IDF said.
Al-Khalifa and Kohavi discussed opportunities for expanding cooperation between the two countries in the region, it added. Enditem

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.