Connect with us

China

၂၀၂၁ ခုနှစ်က တရုတ်နိုင်ငံ တိဗက်ဒေသသို့ လာရောက်လည်ပတ်သော ခရီးသွား ၄၁ သန်းကျော်ရှိ

တရုတ်နိုင်ငံ တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ယာလုံဆန်ပိုမြစ်ကမ်းနံဘေးတွင် ကျည်ဆန်ရထားမောင်းနှင်သွားသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

လားဆ၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တိဗက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ ၂၀၂၁ခုနှစ်က လာရောက်လည်ပတ်သည့် ခရီးသွား ၄၁.၅ သန်းကျော် ရှိကြောင်း ဒေသအာဏာပိုင်များ၏ ပြောကြားချက်အရ သိရသည်။

တရုတ်နိုင်ငံ တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လားဆမြို့ နန်ဆန်းဂေဟဥယျာဉ် တောင်ကုန်းထိပ်တွင် ကျောင်းသားကျောင်းသူများ အမှတ်တရဓါတ်ပုံရိုက်ကူးနေသည်ကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၀ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပိုတာလာနန်းတော်ရှေ့တွင် အမှတ်တရဓါတ်ပုံရိုက်ကူးနေသည့် ခရီးသွားတစ်ဦးအား ၂၀၂၁ ခုနှစ် ဧပြီ ၂၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ယင်းကာလတွင် ခရီးသွားကဏ္ဍဝင်ငွေ စုစုပေါင်း ယွမ် ၄၄.၁ ဘီလီယံ(အမေရိကန်ဒေါ်လာ ၆.၉ ဘီလီယံခန့်)ရှိခဲ့ကြောင်း တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၁၁ ကြိမ်မြောက် ပြည်သူ့ကွန်ဂရက် ပဥ္စမအကြိမ်အစည်းအဝေး၏အချက်အလက်များအရ သိရသည်။

တိဗက်ဒေသသည် တိုင်းရင်းသားယဉ်ကျေးမှု၊ သာယာလှပသည့် ရှုမျှော်ခင်းပေါကြွယ်ဝခြင်း၊ ဒေသအတွင်း ခရီးသွားကဏ္ဍအားကောင်းလာအောင် ဒေသအာဏာပိုင်များက အားဖြည့်တည်ဆောက်ခြင်းများကြောင့် ခရီးသွားများအကြား ရေပန်းစားရာနေရာတစ်ခုဖြစ်လာသည်။

ဤကုန်းမြင့်ဒေသတွင် ခရီးသွားဆွဲဆောင်မှုနှင့်မှတ်ချက်ကောင်းရှိသည့် နေရာပေါင်း ၁၀၀ ကျော်ရှိပြီး ခရီးသွားလုပ်ငန်း ၂,၇၀၀ ကျော်၊ နေအိမ်တည်းခိုရာ ၂,၃၀၀ ကျော် ရှိသည်။

၂၀၁၆ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း တိဗက်ဒေသသည် ပြည်တွင်းပြည်ပ ခရီသွား သန်း ၁၅၀ ခန့် ရှိခဲ့ရာ ခရီးသွားကဏ္ဍဝင်ငွေ ယွမ် ၂၁၂.၆ ဘီလီယံ ရှိကြောင်း သိရသည်။ (Xinhua)

——————————–
(Chinese Version)
Tibet receives over 41 mln visitors in 2021
2022-01-06 15:19:07
LHASA, Jan. 6 (Xinhua) — Southwest China’s Tibet Autonomous Region received 41.5 million visitors in 2021, according to local authorities.
Tourism revenue generated during the period totaled 44.1 billion yuan (around 6.9 billion U.S. dollars), according to the fifth session of the 11th People’s Congress of Tibet Autonomous Region.
Tibet is a popular tourist destination with rich ethnic culture and scenic beauty, and local authorities have been striving to bolster the tourism industry in the region.
The plateau region now has more than 100 high-rated tourist attractions, over 2,700 tourism enterprises and more than 2,300 homestay locations.
During the 2016-2020 period, Tibet received around 150 million tourists from home and abroad, generating tourism revenue of some 212.6 billion yuan. Enditem
图书1:双源动力集中动车组傍行在雅鲁藏布江峡谷 罗春晓摄
图说2:一群大学生在拉萨市南山生态园的祖国万岁山山顶合影(2021年9月20日摄)。 新华社记者 孙瑞博 摄
图说3:2021年 4月23日,一名游客在布达拉宫广场留影。 新华社记者 觉果 摄