Connect with us

Economy

တရုတ်နိုင်ငံ၏ ပထမဆုံး အကြီးစား ယှေလကျောက်သဘာဝဓာတ်ငွေ့လုပ်ကွက်၌ တွင်းသစ် ၁၉ ခု ယခုနှစ်တွင် ထုတ်လုပ်နေပြီဖြစ်

တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် လျင်ဆွေပင်လယ်ပြင်တွင် ၂၀၂၁ ခုနှစ် မေ ၁၂ ရက်က ရိုက်ကူးသည့် Deep Sea No 1 သဘာဝဓါတ်ငွေ့လုပ်ကွက်အား တွေ့ရစဉ်(ဆင်ဟွာ)

ချုံချင့်၊ ဖေဖော်ဝါရီ ၂၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ပထမဆုံး အကြီးစား ယှေလကျောက်သဘာဝဓာတ်ငွေ့လုပ်ကွက်ဖြစ်သည့် တရုတ်နိုင်ငံ SINOPEC JIANGHAN OILFIELD ဖူလျင် ယှေလကျောက်သဘာဝဓါတ်ငွေ့လုပ်ကွက်တွင် ထုတ်လုပ်မှုစွမ်းရည်တည်ဆောက်ခြင်း၊ ထုတ်လုပ်မှုလျော့နည်းသည့် တွင်းများအား ကောင်းမွန်စွာ စီမံဆောင်ရွက်ခြင်းများကြောင်း ယင်းလုပ်ကွက်၌ တွင်းသစ် ၁၉ ခု ထုတ်လုပ်နိုင်ပြီဖြစ်ရာ နေ့စဉ်ပံ့ပိုးမှု ဓါတ်ငွေ့ပမာဏ ၁.၀၆ သန်း ကုဗမီတာ အထိ တိုးလာနိုင်ကြောင်း သိရသည်။ယခုနှစ်အတွင်း ဖူလျင် ယှေလကျောက်သဘာဝဓါတ်ငွေ့လုပ်ကွက်တွင် ထုတ်လုပ်ရေး စီစဉ်မှု မြှင့်တင်ဆောင်ရွက်လာခြင်းနှင့်အတူ ထုတ်လုပ်မှုလျော့နည်းသည့်တွင်းများအား ကုစားရေး အကောင်အထည်ဖော်ဆောင်ရွက်မှုအစီအစဉ်ကို ရေးဆွဲကာ ထုတ်လုပ်မှုစွမ်းရည်ကို မြှင့်တင်ပေးခဲ့ရာ ယင်းဆောင်ရွက်မှုများကြောင့် ဖူလျင်ယှေလကျောက် သဘာဝဓါတ်ငွေ့လုပ်ကွက်သည် ယခုနှစ်အတွင်း စုစုပေါင်း ၁ ဘီလီယံ ကုဗမီတာ ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။

ဖူလျင်ယှေလကျောက်သဘာဝဓါတ်ငွေ့လုပ်ကွက်သည် ချုံချင့်မြို့ ဖူလျင်ဒေသတွင်ရှိပြီး တရုတ်နိုင်ငံ စီချွမ်း သဘာဝဓါတ်ငွေ့ အရှေ့ဘက်သို့ ပို့ဆောင်ရေး ပိုက်လိုင်း၏ အရေးကြီးအစိတ်အပိုင်း ဖြစ်သည်။ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလတွင် စတင်တည်ဆောက်ပြီး ၂၀၁၄ ခုနှစ် မတ်လတွင် စီးပွားဖြစ်ထုတ်လုပ်ခဲ့ရာ တရုတ်နိုင်ငံ၏ ပထမဆုံး စီးပွားဖြစ် ထုတ်လုပ်နိုင်သည့် အကြီးစား ယှေလကျောက် သဘာဝဓါတ်ငွေ့ လုပ်ကွက် ဖြစ်သည်။ ၂၀၂၁ ခုနှစ်၌ ဓာတ်ငွေ့ထုတ်လုပ်မှုပမာဏ ကုဗမီတာ ၇၁၆၅ သန်း ရှိရာ တရုတ်နိုင်ငံ ယန်ဇီမြစ်ဝှမ်း စီးပွားရေးရပ်ဝန်းလမ်းကြောင်းတစ်လျေှာက်ရှိ မြို့ပေါင်း ၇၀ ကျော် အတွက် အစိမ်းရောင် သန့်စင်စွမ်းအင် ပို့ဆောင်နိုင်ခဲ့သည်။

ယှေလကျောက် သဘာဝဓါတ်ငွေ့တွင် Methane အဓိကပါဝင်ပြီး သန့်စင်၍ ထိရောက်မှုမြင့်မားသော စွမ်းအင်အရင်းအမြစ်နှင့်ဓာတု ကုန်ကြမ်းတစ်မျိုးဖြစ်ရာ လူနေအိမ်သုံး ဓါတ်ငွေ့၊ မြို့ပြ အပူငွေ့ပေးခြင်း၊ ဓါတ်အားထုတ်လုပ်ခြင်း၊ မော်တော်ယာဉ်လောင်စာဆီနှင့် ဓာတုထုတ်ကုန်စသည်တို့အဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ကြောင်း သိရသည်။ (Xinhua)

………………………………..

(Chinese Version)

(经济)我国首个大型页岩气田今年已投产19口新井
2022-02-22 11:21:27
新华社重庆2月22日电(记者周凯)我国首个大型页岩气田——中国石化江汉油田涪陵页岩气田日前传来好消息,通过提前开展产能建设、狠抓低效井治理,涪陵页岩气田今年已投产19口新井,日供气量可增加106万立方米。
记者从涪陵页岩气田获悉,今年以来该气田强化生产组织提速,同时制定低效井治理实施计划,提高低效井排液采气能力。在扩产增效的助力下,涪陵页岩气田今年累计产气超10亿立方米。
涪陵页岩气田位于重庆市涪陵区,是我国川气东送管道重要气源之一,2012年12月开始建设,2014年3月进入商业开发,是我国首个进入商业开发的大型页岩气田,2021年产气71.65亿立方米,为我国长江经济带沿线70多个城市送去了绿色清洁能源。
页岩气成分以甲烷为主,是一种清洁、高效的能源资源和化工原料,可用于居民燃气、城市供热、发电、汽车燃料和化工生产等,用途广泛。(完)
图说:这是在海南陵水海域拍摄的“深海一号”大气田(2021年5月12日摄)。新华社记者 蒲晓旭 摄