Connect with us

China

မပြည့်စုံသော်လည်း လွတ်လပ်သည့် နိုင်ငံတကာစနစ်ဟူသော အမေရိကန်၏ပြောကြားချက်အပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းအားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၃ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံသည် မပြည့်စုံသော်လည်း လွတ်လပ်မှုရှိသည့် နိုင်ငံတကာစနစ်ကို တည်ဆောက်ရန် ကြိုးပမ်းခြင်း ဖြစ်သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်၏ ပြောကြားချက်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ဇွန် ၂ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တုံ့ပြန်ပြောကြားခဲ့သည်။

အဆိုပါသတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက “Foreign Affairs magazine နှစ်တစ်ရာပြည့်အထိမ်းအမှတ်၌ ဘလင်ကန်က တရုတ်နိုင်ငံရဲ့စည်းမျဉ်းများကိုအခြေခံတဲ့ နိုင်ငံတကာစည်းစနစ်ဟာ ဆိုးဝါးတဲ့ ရေရှည်စိန်ခေါ်မှုများ ဖြစ်ပေါ်စေကြောင်း၊ အမေရိကန်နှင့်တရုတ်၏ အသိသာဆုံး ကွာဟချက်မှာ အမေရိကန် ကြိုးပမ်းတည်ဆောက်လိုတဲ့စနစ်က မပြည့်စုံသော်လည်း လွတ်လပ်မှု ရှိပြီး တရုတ်က ကြိုးပမ်းတည်ဆောက်လိုတဲ့ စည်းစနစ်က လွတ်လပ်မှုမရှိခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ထို့အပေါ် ဘယ်လိုမှတ်ချက်ပြလိုပါသလဲ” ဟု မေးမြန်းခဲ့သည်။

“အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန် ပြောတဲ့ ‘မပြည့်စုံသော်လည်း လွတ်လပ်’ တဲ့စနစ်ကို အမေရိကန်က ကြိုးပမ်းတည်ဆောက်ခြင်း ဖြစ်တယ်ဆိုတဲ့စကားမှာ ‘မပြည့်စုံသော်လည်း လွတ်လပ်’ တဲ့စနစ်က ဘာလဲ။ အမေရိကန်နိုင်ငံသာ မိမိထင်ရာစိုင်းပြီး အခြားနိုင်ငံတွေက သူ့စကားနားထောင်လိုက်နာ၊ သံယောင်လိုက်ရမယ်လို့ ရည်ညွှန်းတာလား။ အမေရိကန်သာ စစ်ရေးအရ အခြားသောအချုပ်အခြာအာဏာပိုင်နိုင်ငံကို တိုက်ခိုက်လို့ရပြီး အခြားနိုင်ငံတွေက အံကြိတ်မြိုသိပ်နေရမယ်လို့ ရည်ညွှန်းတာလား။ အမေရိကန်ကသာ အခြားသောအချုပ်အခြာအာဏာပိုင်နိုင်ငံများကို စိတ်ကြိုက် တရားမဝင် တစ်ဖက်သတ် ပိတ်ဆို့အရေးယူပြီး အခြားနိုင်ငံတွေက ခေါင်းငုံ့ငြိမ်ခံနေရမယ်လို့ ရည်ညွှန်းတာလား။ အမေရိကန်ကသာ အတိုင်းအဆမရှိ အပုပ်ချဝေဖန်ကာ အခြားနိုင်ငံရဲ့ တရားဝင် အချုပ်အခြာအာဏာ၊ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအခွင့်အလမ်းကို တားဆီးနိုင်ပြီး အခြားနိုင်ငံများက ခေါင်းငုံ့လည်စင်းသာခံ ပြန်မတုံ့ပြန်နဲ့လို့ ရည်ညွှန်းတာလား” ၊ ထိုသို့လုပ်ဆောင်ခြင်းမှာ မည်သည့် လွတ်လပ်မှု၊ မည်သည့် စည်းစနစ်မျှမဟုတ်ဘဲ အနိုင်ကျင့်ဗိုလ်ကျခြင်း၊ အမေရိကန်နှင့်နိုင်ငံအနည်းစုက ဖန်တီးသည့် “မိသားစုဥပဒေ ဂိုဏ်းဂဏစည်းကမ်း” ဖြစ်ကြောင်း ကျောက်လိကျန်းက ပြောကြားခဲ့သည်။

“ကမ္ဘာ့နိုင်ငံအသီးသီးရှိ ပြည်သူများကလည်း အမေရိကန်ရဲ့ ဒီ ‘မပြည့်စုံသော်လည်း လွတ်လပ်’ တဲ့ စည်းစနစ်ကို လိုချင်မှာမဟုတ်ပါဘူး။ သူတို့ လိုချင်တာက နိုင်ငံအသီးသီး အားလုံး တရားမျှတမှုရှိ၊ မျှဝေမှုရှိ၊ အတူတကွပိုင်ဆိုင်မှုရှိ၊ ဘုံလုံခြုံမှုရှိ၊ အတူဖွံ့ဖြိုးတိုးတက်မှုရှိတဲ့ အခွင့်အလမ်းကိုပါ။ အမေရိကန်အနေနဲ့ ကောင်းမွန်စွာ ပြန်လည်သုံးသပ်ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကို အမှန်တကယ် တာဝန်ယူရမယ့်အချိန်ဖြစ်တယ် ”ဟု ကျောက်လိကျန်းက ပြောကြားခဲ့သည်။

“ပွင့်ပွင့်လင်းလင်း ပြောရရင် တရုတ်နဲ့ အမေရိကန် ကွဲပြားခြားနားမှုရှိတာက အမှန်ပါပဲ။ တရုတ်နိုင်ငံက ကုလသမဂ္ဂပဋိညာဉ်စာတမ်းနဲ့ နိုင်ငံတကာဥပဒေကို အခြေခံတဲ့နိုင်ငံတကာ စည်းစနစ်ကို အစဉ်အမြဲ ကြိုးပမ်းကာကွယ်ထိန်းသိမ်းလျက်ရှိရာ ကမ္ဘာ့ငြိမ်းချမ်းရေးရဲ့တည်ဆောက်သူ၊ ကမ္ဘာ့ ဖွံ့ဖြိုးရေးရဲ့ အကျိုးဆောင်သူ၊ နိုင်ငံတကာ စည်းစနစ်ရဲ့ ကာကွယ်ထိန်းသိမ်းသူအဖြစ် အမြဲတည်ရှိနေတယ်”၊ တရုတ်နိုင်ငံ ကာကွယ်ထိန်းသိမ်းသည်မှာ စစ်မှန်သော နိုင်ငံပေါင်းစုံပူးပေါင်းဆောင်ရွက်မှုဝါဒ၊ နိုင်ငံအများစုထောက်ခံအားပေး၊ လေးစားလိုက်နာ၍ အကျိုးရှိသော အများအသိအမှတ်ပြု နိုင်ငံတကာ စည်းစနစ်များ ဖြစ်ကြောင်း ကျောက်လိကျန်းက ပြောကြားခဲ့သည်။ (Xinhua)

…………………………………………
(Chinese Version)

外交部发言人驳斥美方所谓“不完美但自由”的国际秩序

2022-06-02 21:36:27

外交部发言人赵立坚6月2日在例行记者会上对美国国务卿布林肯声称美方寻求构建“不完美但自由”的国际秩序进行了驳斥。
有记者问:布林肯参加《外交事务》杂志百年纪念活动时称,中国对“基于规则的国际秩序”构成最严峻长期挑战,美中双方最显著区别在于,美方寻求构建的秩序虽然不完美但却是自由的,而中方寻求构建的秩序是不自由的。中方对此有何评论?
“布林肯国务卿声称美方寻求构建‘不完美但自由’的秩序。什么是‘不完美但自由’的秩序?是指美方可以为所欲为,而别国只能言听计从、亦步亦趋吗?是指美方才可以随意军事打击其他主权国家,而别国只能忍气吞声吗?是指美方可以肆意非法单边制裁其他主权国家,而别国只能逆来顺受吗?是指美方可以毫无底线攻击抹黑,打压遏制其他国家正当主权、安全、发展权利,而别国只能束手待宰,绝不还手、还嘴吗?”赵立坚说,这不是什么自由,更不是什么秩序,而是霸权霸凌霸道,是美国及少数国家炮制的“家法帮规”。
“我想这个世界上各国人民没有人想要美方的这个‘不完美但自由’的秩序。他们想要的是各国平等、共享、共有、共同安全、共同发展繁荣的权利。美方是时候该好好反思,真正为世界和平发展负起应尽的责任来了。”赵立坚说。
“坦率地说,中方的确同美方不太一样。中方一直在努力维护以联合国宪章和国际法为基础的国际秩序,始终是世界和平的建设者、全球发展的贡献者、国际秩序的维护者。”赵立坚说,中国维护的是真正的多边主义,是绝大多数国家都支持、遵守并获益的公认国际规则和秩序。(记者朱超)