Connect with us

China

တွေ့ဆုံဆွေးနွေးမှုတွင် နောက်ဆုံးစည်းမျဉ်းမရှိ၍ မရဟု တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြား

ပေကျင်း၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)

တရုတ်-အမေရိကန် စစ်ဘက်ဆက်ဆံရေးအပေါ် သတင်းထောက်များ၏ မေးမြန်းချက်ကို တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ပြန်ကြားရေးဌာန ညွှန်ကြားရေးမှူးနှင့် ပြောရေးဆိုခွင့်ရှိသူ ဝူချန်းက ဩဂုတ် ၃၁ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါသတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက “ယခုနှစ် ရှန်ဂရီလာ တွေ့ဆုံဆွေးနွေးပွဲမှာ တရုတ်-အမေရိကန် နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးတွေ နှစ်ဖက်တွေ့ဆုံဆွေးနွေးမှု မရှိခဲ့ပါဘူး။ ထို့ပြင် အမေရိကန်စစ်တပ် အဆင့်မြင့်အရာရှိတွေရဲ့ ဆွေးနွေးလိုတဲ့ တောင်းဆိုချက်တွေကလည်း ငြင်းပယ်ခံခဲ့ရတာကြောင့် တရုတ်-အမေရိကန် နှစ်နိုင်ငံ စစ်တပ် ဆက်ဆံရေး ပြတ်တောက်နေတယ်လို့ အများက ယူဆကြပြီး နိုင်ငံတကာ အသိုက်အဝန်းကို စိုးရိမ်မှုဖြစ်စေပါတယ်။ တရုတ်နိုင်ငံအနေဖြင့် အမေရိကန်စစ်တပ်နဲ့ ဆက်ဆံရေး ပြန်လည်ထားရှိဖို့ အစီအစဉ် ရှိမရှိ၊ နှစ်ဖက်စစ်တပ် ဆက်ဆံရေးက ဘယ်အချိန် ပုံမှန် ဖြစ်လာနိုင်မလဲ” ဟု မေးမြန်းခဲ့ခြင်း ဖြစ်သည်။

ဝူချန်းက မိမိအနေဖြင့် ပထမဆုံး ပြောလိုသည်မှာ တရုတ်-အမေရိကန် နှစ်နိုင်ငံ စစ်တပ် ဆက်ဆံရေးသည် ပြတ်တောက်သည့် အနေအထားမဟုတ်ကြောင်း၊ စစ်ဘက် သံတမန်ရေးလမ်းကြောင်းဖြင့် ပွင့်လင်း ထိရောက်မှု ရှိသည့် ဆွေးနွေးညှိနှိုင်းမှုတွေ ထိန်းသိမ်းထားကြောင်း၊ သို့သော် လက်ရှိ နှစ်ဖက်စစ်တပ် ဆက်ဆံရေးသည် အခက်အခဲ၊ အတားအဆီး အများကြီး ရှိနေသည်ကိုမူ အသိအမှတ်ပြုကြောင်း၊ ယခုကဲ့သို့ အခြေအနေမျိုးဖြစ်လာအောင် အမေရိကန်ဘက်က အလုံးစုံ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အချိန်အတိုင်းအတာ တစ်ခုတွင် အမေရိကန်သည် တရုတ်အပေါ် မှားယွင်းသည့်အသိအမြင်များကို ခိုင်မာစွာ လက်ကိုင်ထားပြီး တရုတ်နိုင်ငံကို အကြောင်းမဲ့ တားဆီးဖိနှိပ်မှု၊ တရုတ်ပြည်တွင်းရေးကို ပြောင်ပြောင်တင်းတင်း စွက်ဖက်ပြီး ထိုင်ဝမ်သို့ လက်နက်ရောင်းချကူညီမှု၊ ထိုင်ဝမ်နှင့် စစ်ဘက်ဆက်ဆံရေး တိုးတက်အောင် ဆောင်ရွက်မှု၊ လေတပ် ရေတပ် အင်အားများ စေလွှတ်၍ တရုတ်နိုင်ငံ အနီးတစ်ဝိုက်တွင် စစ်ရေး ရန်စမှု၊ ဟန့်တားမှုများ ပြုလုပ်ခဲ့ကြောင်း၊ ထို့အပြင် အမေရိကန်က တရုတ် ဗဟိုစစ်ကော်မရှင် အကြီးအကဲများအပေါ် အကျိုးအကြောင်း ဆီလျော်မှုမရှိသည့် ပိတ်ဆို့အရေးယူမှုများကို ပယ်ဖျက်ရန် ငြင်းဆိုခဲ့ကြောင်း၊ ဤကဲ့သို့သော အခြေအနေမျိုးတွင် တရုတ် စစ်တပ်သည် ကျိုးကြောင်းဆီလျော်မှု၊ ခိုင်မာပြတ်သားမှုရှိသည့် တုံ့ပြန်မှုများကို ဆောင်ရွက်ရမည် ဖြစ်ကြောင်း ဝူချန်းက ပြောကြားခဲ့သည်။

ဝူချန်းက မိမိတို့ အမြဲပြောသကဲ့ပင် ညှိနှိုင်းမှုက အခြေခံမူ မရှိ၍ မရသလို တွေ့ဆုံဆွေးနွေးမှုက နောက်ဆုံးစည်းမျဉ်း မရှိ၍ မရကြောင်း ၊ အမေရိကန်အနေဖြင့် တစ်ဖက်က တရုတ်နိုင်ငံ၏အကျိုးစီးပွားကို ထိခိုက်အောင် ဆောင်ရွက်နေချိန်တွင် တစ်ဖက်ကလည်း ဘာမျှမဖြစ်သလို တရုတ်စစ်တပ်နှင့်ဆွေးနွေးရန် မျှော်လင့်ခြင်းက လုံးဝဥဿုံမဖြစ်နိုင်သည့်အရာ ဖြစ်ကြောင်း၊ “ပြဿနာကို အစပျိုးသူကသာ ပြဿနာကို ဖြေရှင်းရမည်” ဟူသော ဆိုရိုးရှိရာ နှစ်ဖက်စစ်တပ် ဆက်ဆံရေး မှန်ကန်သည့်လမ်းကြောင်းသို့ ပြန်လည်ရောက်ရှိစေရန် အမေရိကန်ဘက်က စိတ်ရင်းမှန်ကန်စွာ တရုတ်နိုင်ငံနှင့် ဦးတည်ချက်တူထား၍ လက်တွေ့ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

………………………………
(Chinese Version)
国防部谈中美两军关系:对话不能没有底线
中国国防部新闻局局长、国防部新闻发言人吴谦8月31日在例行记者会上,就中美两军关系等答记者问。
记者:今年香格里拉对话会期间,中美防长未能举行双边会晤,加之美军方高层多次提出通话要求遭拒,舆论普遍认为中美两军交往处于中断状态,这令国际社会感到忧心忡忡。请问中方是否有计划与美军恢复交往,两军关系何时能恢复正常?
吴谦:首先我要指出,中美两军交往并非处于中断状态,双方通过军事外交渠道保持着坦诚有效的沟通。但也必须承认,当前两军关系确实存在着不少困难和障碍,这种局面完全是由美方造成的。一段时间以来,美方固守错误的对华认知,对华进行无理遏制打压;粗暴干涉中国内政,售台援台武器、与台湾发展军事关系;频繁出动海空力量,在中国周边强化军事挑衅慑压。此外,美方还拒不解除对中央军委领导的无理制裁。在这种形势下,中国军队理所当然要进行坚决反制。我们常讲,沟通不能没有原则,对话不能没有底线。美方指望一边损害中国的国家利益,一边与中国军队若无其事地开展交流,这完全是痴心妄想。中国有句古话:解铃还须系铃人。我们要求美方切切实实拿出诚意、采取具体行动,与中方相向而行,为两军关系重回正轨创造条件。