Connect with us

Africa & Middle East

ပါကစ္စတန်နိုင်ငံက အီရန်နိုင်ငံအတွင်း ပုန်းခိုနေသော အကြမ်းဖက်သမားများကို ရှင်းလင်းနိုင်ခဲ့ပြီး နိုင်ငံခြားသား ၇ ဦးသေဆုံးခဲ့ကြောင်းသိရှိရ

ပါကစ္စတန်မှ ယခင်ကပစ်လွှတ်ခဲ့ဖူးသည့် ဒုံးကျည်အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ် ၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အနေဖြင့် ဇန်နဝါရီ ၁၈ ရက် နံနက်ပိုင်းအချိန်တွင် အီရန်နိုင်ငံ၌ ပုန်းခိုနေသော အကြမ်းဖက်သမားများကို တိကျစွာထိမှန်အောင်တိုက်ခိုက်နိုင်ခဲ့ကြောင်း ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။ ပါကစ္စတန်သတင်းမီဒီယာများ၏ ဖော်ပြချက်အရ ယခုတိုက်ခိုက်မှုတွင် နိုင်ငံခြားသား ၇ ဦးသေဆုံးခဲ့ရကြောင်း သိရသည်။

ပါကစ္စတန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ထုတ်ပြန်ကြေညာချက်အရ ပါကစ္စတန်နိုင်ငံအနေဖြင့် အီရန်နိုင်ငံ အရှေ့တောင်ပိုင်း Sistan and Baluchestan ပြည်နယ်အတွင်းရှိ အကြမ်းဖက်သမားများ ခိုအောင်းရာနေရာကို တိကျမှန်ကန်စွာ တိုက်ခိုက်နိုင်ခဲ့ပြီး အကြမ်းဖက်သမား အများအပြားကိုလည်းရှင်းလင်းနိုင်ခဲ့ကြောင်း ၊ အကြမ်းဖက်သမားများမှ ပမာဏပြင်းထန်သည့်လက်နက်ထုတ်လုပ်မည့် သတင်းအချက်အလက်ကို ပါကစ္စတန်နိုင်ငံက ရရှိခဲ့သဖြင့် ယခုစစ်ရေးဆောင်ရွက်မှုကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင်ထုတ်ပြန်ကြေညာချက်တွင် ယခုအကြိမ်စစ်ရေးလှုပ်ရှားမှုသည် ပါကစ္စတန်နိုင်ငံမှ နိုင်ငံတော်လုံခြုံရေး အပေါ်ခြိမ်းခြောက်မှုကို အခိုင်အမာကာကွယ်သွားမည့်ဆုံးဖြတ်ချက်ကို ပြသခဲ့ခြင်းဖြစ်ကြောင်း ၊ ရည်ရွယ်ချက်အနေဖြင့် ပါကစ္စတန်နိုင်ငံ၏ ပြည်သူလူထု လုံခြုံရေး နှင့် နိုင်ငံတော်၏ အကျိုးစီးပွားအတွက် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ၊ ပါကစ္စတန်နိုင်ငံအနေဖြင့်လိုအပ်သည့်ဆောင်ရွက်မှုများပြုလုပ်၍ ပြည်သူလူထု၏ လုံခြုံရေးကို ကာကွယ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပါကစ္စတန်နိုင်ငံအနေဖြင့်အီရန်နိုင်ငံ၏ အချုပ်အခြာအာဏာအပေါ် အပြည့်အဝလေးစားမှုထားရှိပြီး အီရန်နိုင်ငံနှင့် အနီးကပ်ဆွေးနွေးမှုများပြုလုပ်ကာ အကြမ်းဖက်ဝါဒခြိမ်းခြောက်မှုအပေါ် အတူတကွ ပူးပေါင်းဆောင်ရွက်ပြီး အတူတကွ ဖြေရှင်းရန်နည်းလမ်းများကိုရှာဖွေခဲ့ကြောင်း ပါကစ္စတန်နိုင်ငံ၏ ထုတ်ပြန်ချက်တွင်ပါဝင်ခဲ့သည်။
ပါကစ္စတန်နိုင်ငံအနေဖြင့်ယခုအကြိမ်စစ်ရေးတိုက်ခိုက်မှုနှင့်ပတ်သက်၍ အသေးစိတ်ထုတ်ပြန်ထားခြင်း မရှိကြောင်းသိရသည်။

အီရန် Mehr သတင်းဌာန၏ ထုတ်ပြန်ကြေညာချက်အရ ဇန်နဝါရီ ၁၈ ရက် နံနက်ပိုင်းအချိန်တွင် ပါကစ္စတန်နိုင်ငံ က ဒုံးကျည်များအသုံးပြု၍ Sistan and Baluchestan ပြည်နယ် အနီးရှိရွာတစ်ရွာကို တိုက်ခိုက်မှုကြောင်း ၊ တိုက်ခိုက်မှုကြောင့်နိုင်ငံခြားသား ၇ ဦးသေဆုံးခဲ့ရကြောင်းသိရသည်။ သို့သော်အီရန်နိုင်ငံ တွင် သေဆုံးခဲ့သည့်နိုင်ငံခြားသားများက မည်သည့်နိုင်ငံက ဖြစ်သည်ကို ထုတ်ပြန်ကြေညာခြင်းမရှိပေ။
အီရန် Tasnim သတင်းဌာန၏ ဇန်နဝါရီ ၁၆ ရက် ထုတ်ပြန်ကြေညာချက်အရ အကြမ်းဖက်အဖွဲ့အစည်းသည် ယင်းနေ့တွင် ပါကစ္စတန်နိုင်ငံ၏ အရေးပါသည့် နေရာကို ဒုံးကျည် နှင့် မောင်းသူမဲ့စစ်လေယာဉ်တို့ဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာန က ဇန်နဝါရီ ၁၇ ရက် နံနက်ပိုင်းထုတ်ပြန်ကြေညာချက်အရ အီရန်နိုင်ငံက ပါကစ္စတန်နိုင်ငံလေပိုင်နက်အတွင်း အကြောင်းမဲ့ တိုက်ခိုက်ခဲ့ခြင်းကြောင့် ကလေးငယ် ၂ ဦးသေဆုံးခဲ့ရပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း ၊ ပါကစ္စတန်နိုင်ငံအနေဖြင့် ယင်းဆောင်ရွက်မှုနှင့်ပတ်သက်၍အပြင်းအထန်ကန့်ကွက်ခဲ့ကြောင်း သိရသည်။ ပါကစ္စတန်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ယင်းနေ့တွင် အီရန်နိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံ သံအမတ်ကြီးကို ပြန်လည်ခေါ်ယူခဲ့ကြောင်းသိရှိရသည်။ (Xinhua)

……………………………..
(Chinese Version)
巴基斯坦宣布打死多名藏身伊朗的“恐怖分子”
2024-01-18 15:02:31 分类: 政治法律
新华社伊斯兰堡1月18日电(记者蒋超)巴基斯坦外交部18日发表声明说,巴当天上午精准打击了藏身伊朗的“恐怖分子”。另据伊朗媒体报道,7名外国人被打死。
巴基斯坦外交部声明说,巴对位于伊朗东南部锡斯坦-俾路支斯坦省的“恐怖分子”藏身处进行了一系列精准打击,打死多名“恐怖分子”。巴方事先获得“恐怖分子”即将制造“大规模恐怖活动”的情报,因此发起了此次行动。
声明说,此次行动体现了“巴基斯坦捍卫国家安全免受威胁的坚定决心”,目标是维护巴自身安全和国家利益,巴方将采取必要手段保障本国人民安全。
声明还说,巴方充分尊重伊朗主权与领土完整,始终强调通过对话合作应对恐怖主义威胁等共同挑战,寻求共同解决方案。
巴基斯坦未透露此次打击行动的具体方式。
伊朗迈赫尔通讯社当天援引锡斯坦-俾路支斯坦省副省长阿里礼萨•马尔哈马蒂的话报道说,当天凌晨,巴基斯坦使用导弹袭击了该省靠近边境的一个村庄,7名外国人在袭击中丧生。伊朗方面未透露这7名外国人的国籍。
伊朗塔斯尼姆通讯社16日报道,恐怖组织“正义军”在巴基斯坦的2个重要据点当天被导弹和无人机摧毁。巴外交部17日凌晨发表声明说,伊朗无端侵犯巴领空导致2名儿童死亡、3名女孩受伤,巴方对此予以强烈抗议与谴责。巴外交部同日宣布召回该国驻伊朗大使。(参与记者:沙达提)(完)

Photo: 资料图片:巴基斯坦发射中程弹道导弹的现场照片。 新华社发