Connect with us

Africa & Middle East

အီရတ်နိုင်ငံ နှင့် အမေရိကန်နိုင်ငံ က ပထမဆုံးအကြိမ်ဆွေးနွေးမှုပြုလုပ်ခဲ့ပြီး မဟာမိတ်တပ်များဆက်လက်ထားရှိနေမှုနှင့်ပတ်သက်၍ဆွေးနွေးမှုများပြုလုပ်ခဲ့ကြ

ဘဂ္ဂဒက် ၊ ဇန်နှဝါရီ ၂၈ ရက် (ဆင်ဟွာ)

အီရတ်နိုင်ငံ နှင့် အမေရိကန်နိုင်ငံတို့သည် ပထမဆုံးအကြိမ်တွေ့ဆုံမှုပြုလုပ်ခဲ့ပြီး အမေရိကန်နိုင်ငံဦးဆောင်သော မဟာမိတ်တပ် အီရတ်နိုင်ငံတွင် ဆက်လက်တည်ရှိနေမှုနှင့်ပတ်သက်၍ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း အီရတ်နိုင်ငံဝန်ကြီးချုပ်ရုံးပြန်ကြားရေးဌာန၏ ဇန်နဝါရီ ၂၇ ရက် ထုတ်ပြန်ကြေညာချက်အရ သိရှိရသည်။ထုတ်ပြန်ကြေညာချက်တွင် အီရတ်နိုင်ငံ ဝန်ကြီးချုပ်က တွေ့ဆုံးဆွေးနွေးမှုကို ဦးဆောင်ပါဝင်ခဲ့ပြီး အခြားအသေးစိတ်အချက်အလက်များကို ဖော်ပြခဲ့ခြင်းမရှိခဲ့ပါ။အီရတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဇန်နဝါရီ ၂၅ ထုတ်ပြန်ကြေညာချက်အရ အီရတ်နိုင်ငံ နှင့် အမေရိကန်တို့က အဆင့်မြင့် စစ်ဘက်ဆိုင်ရာကောင်စီအစည်းအဝေးကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ၊ သက်ဆိုင်ရာအစည်းအဝေး၏ အချိန်ကိုလည်း အမြန်ဆုံးကျင်းပနိုင်ရန် တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ အမေရိကန်နိုင်ငံဦးဆောင်သောမဟာမိတ်အဖွဲ့၏ စစ်ဘက်ဆိုင်ရာအကြံပေးများအီရတ်နိုင်ငံတွင် ဆက်လက်တည်ရှိမည့်အချိန်အကန့်အသတ်ကို ဆွေးနွေးသွားမည်ဖြစ်ပြီး အီရတ်နိုင်ငံအတွင်းရှိ စစ်ဘက်ဆိုင်ရာအကြံပေးအရေအတွက်ကိုလည်း တစ်ဆင့်ချင်းလျော့ချသွားမည်ဖြစ်ကြောင်းထုတ်ပြန်ကြေညာခဲ့သည်။

လွန်ခဲ့သည့်နှစ်အောက်တိုဘာ ၇ ရက် မှ ပြန်လည်စတင်ခဲ့သည့် အစ္စရေး-ပါလက်စတိုင်းအရေး ဖြစ်ပွားပြီးနောက်တွင် အီရတ် နှင့် ဆီးရီးယား နိုင်ငံတို့ရှိ အမေရိကန် စစ်စခန်းများက အကြိမ်ကြိမ် တိုက်ခိုက်မှုခံခဲ့ရသည်။ ၎င်းတိုက်ခိုက်မှုများကို ဟားမက်(စ်)က ဆောင်ရွက်ခဲ့ကြောင်းကြေညာခဲ့ပြီး ယင်းမှာ အမေရိကန်နိုင်ငံ မှ အစ္စရေးနိုင်ငံ၏ ပါလက်စတိုင်းအား တိုက်ခိုက်မှုကို ထောက်ပံ့ပေးမှုအတွက် တုံ့ပြန်ခြင်းဖြစ်ကြောင်း သိရှိရသည်။အမေရိကန်နိုင်ငံသည် ၂၀၀၃ ခုနှစ်တွင် အီရတ်စစ်ပွဲကို စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၁ခုနှစ် နှစ်ကုန်ပိုင်းချိန်တွင် စစ်တပ်များကို ပြန်လည်ရုပ်သိမ်းခဲ့ပြီး တပ်သားအနည်းငယ်ချန်ခဲ့ကာ စစ်စခန်းထားရှိခဲ့သည်။ ၂၀၁၄ခုနှစ်တွင် အစွန်းရောက်အဖွဲ့အစည်း ISIS က အီရန်နိုင်ငံ၏အနောက်ပိုင်းနှင့်မြောက်ပိုင်းဒေသအများအပြားကို သိမ်းပိုက်လိုက်သဖြင့် အမေရိကန်နိုင်ငံဦးဆောင်သောမဟာမိတ်တပ်သည်လည်း အီရတ်နိုင်ငံသို့ စစ်အင်အားများ တိုးချဲ့စေလွှတ်ခဲ့သည်။ ၂၀၂၂ခုနှစ်ဇန်နဝါရီ လတွင် အီရတ်ဝန်ကြီးချုပ်ရုံး၏ ပြန်ကြားရေးဌာန ထုတ်ပြန်ခဲ့သည့်ကြေညာချက်အရ မဟာမိတ်တပ်ဖွဲ့၏တိုက်ခိုက်မှုတာဝန်မှာ ပြီးဆုံးခဲ့ပြီးဖြစ်ကြောင်း ၊ အီရတ်နိုင်ငံအနေဖြင့်စစ်စခန်းများအားလုံးကို လွှဲပြောင်းလက်ခံလိုက်ပြီးဖြစ်ကြောင်း ၊ အချို့သောစစ်ဘက်ဆိုင်ရာအကြံပေးနိုင်ငံခြားစစ်သည်များအနေဖြင့် အီရတ်နိုင်ငံတွင် ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း သိရှိရသည်။ (Xinhua)
———————–

伊美启动首轮对话 讨论结束国际联盟存在

新华社巴格达1月27日电(记者李军 段敏夫)伊拉克总理媒体办公室27日发表声明说,伊拉克和美国当天启动首轮对话,讨论结束美国主导的国际联盟在伊拉克的存在。
声明说,伊拉克总理苏达尼主持了首轮对话,但没有公布更多细节。
伊拉克外交部25日宣布,伊拉克和美国将启动高级军事委员会对话,推动制定具体时间表,确定美国主导的国际联盟顾问在伊驻留期限,并开始逐步减少驻伊顾问数量。
去年10月7日新一轮巴以冲突爆发以来,驻扎在伊拉克和叙利亚的美军屡遭袭击。伊拉克民兵武装“伊斯兰抵抗组织”承认实施了多起袭击,声称这是对美国支持以色列打击巴勒斯坦伊斯兰抵抗运动(哈马斯)的回应。
美国2003年发动伊拉克战争,2011年年底从伊撤军,仅留少量驻军。极端组织“伊斯兰国”2014年夺取伊拉克西部和北部大片地区,美国主导的打击“伊斯兰国”国际联盟随后增兵伊拉克。2022年1月,伊拉克总理新闻办公室发表声明说,国际联盟的战斗任务已结束,伊军方已接管所有军事基地,一些从事顾问工作的外军人员仍留在伊境内继续为伊安全部队提供支持。(完)