Connect with us

Culture & Entertainment

စိန်ယန်နန်းတော်ပြတိုက် ၉၅ နှစ်မြောက် နှစ်ပတ်လည်ကျင်းပ

စိန်ယန်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်ပြည်နယ်ရှိ စိန်ယန် နန်းတော်ပြတိုက် (Shenyang Palace Museum) တည်ဆောက်ခြင်း ၉၅ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားအား နိုဝင်ဘာ ၁၆ ရက်၌ ကျင်းပခဲ့ကြောင်း သိရသည်။တရုတ်နိုင်ငံရှိ ကောင်းမွန်စွာ ထိန်းသိမ်းထားသော ရှေးဟောင်းနန်းတော်အဆောက်အအုံ နှစ်ခုအနက် တစ်ခုဖြစ်သော ၎င်းပြတိုက်တွင် လက်ရှိ၌ ပြပွဲခန်း ၅၀ ကို အများပြည်သူများအား ကြည့်ရှုလေ့လာရန် ဖွင့်လှစ်ထားခဲ့ကြောင်း ပြတိုက်တာဝန်ရှိသူ Li Shengneng က ပြောကြားခဲ့သည်။

ချင်မင်းဆက် (Qing Dynasty) (သက္ကရာဇ် ၁၆၄၄မှ ၁၉၁၁ ခုနှစ်) ဧကရာဇ်သုံးဆက်၏ ရှေးဟောင်း အင်ပါယာအိမ်တော် တည်ရှိရာ စိန်ယန် နန်းတော်ပြတိုက်အား ၁၉၂၆ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ၁၉၂၉ ခုနှစ်တွင် အများပြည်သူအတွက် ဖွင့်လှစ်ခဲ့ကြောင်း၊ ၂၀၀၄ ခုနှစ်တွင်မူ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းသို့ ဖြည့်သွင်းခဲ့ကြောင်း သိရသည်။

အဆိုပါ ပြတိုက်သည် ယဉ်ကျေးမှုနှင့် ဖန်တီးမှုလုပ်ငန်း ကြိုးပမ်းအားထုတ်ခြင်း၏ သက်သေဖြစ်ကြောင်း၊ ပြတိုက်အတွင်းရှိ ယဉ်ကျေးမှုနှင့် ဖန်တီးမှုထုတ်ကုန်များ ရောင်းရငွေ ခန့်မှန်းခြေ စုစုပေါင်းဝင်ငွေသည် ယခုနှစ် အလုပ်သမားနေ့ အားလပ်ရက် တစ်ရက်တည်းတွင်ပင် ယွမ် ၁.၂၅ သန်း (အမေရိကန်ဒေါ်လာ ၁၉၅,၇၅၀ ခန့်) ကျော် ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

————————————————
(English Version)

Shenyang Palace Museum celebrates 95th anniversary
2021-11-16 15:31:57
SHENYANG, Nov. 16 (Xinhua) — The Shenyang Palace Museum in northeast China’s Liaoning Province celebrated the 95th anniversary of its founding on Tuesday.
The museum, one of the two well-preserved ancient palace complexes in China, currently has over 50 exhibition halls open to the public, said Li Shengneng, person-in-charge of the museum.
Shenyang Palace Museum, where the former imperial complex of three emperors of the Qing Dynasty (1644-1911) was located, was set up in 1926 and opened to the public in 1929. In 2004, it was added to the World Cultural Heritage List.
The museum has witnessed a thriving cultural and creative industry. It is estimated that the total revenue of cultural and creative products sold in the museum surpassed 1.25 million yuan (about 195,750 U.S. dollars) during the Labor Day holiday in May this year alone. Enditem
Photo :Tourists visit the newly-renovated Dazheng Hall of the Shenyang Palace Museum in Shenyang, capital of northeast China’s Liaoning Province, Nov. 5, 2018. A painting renovation project for the Dazheng Hall of the Shenyang Palace Museum has been fully completed. The nearly 400-year-old palace is second in grandeur only to the Forbidden City, or the Palace Museum, in Beijing.(Xinhua/Long Lei)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.