Connect with us

China

တရုတ်နိုင်ငံက ကူမင်းဇီဝမျိုးစုံမျိုးကွဲရန်ပုံငွေ ထူထောင်ရန် ယွမ် ၁ ဒသမ ၅ ဘီလီယံ ကတိပြုကြောင်း ရှီကျင့်ဖိန်ပြောကြား

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် Gaoligong Mountain အမျိုးသားသဘာဝဘေးမဲ့တော၌ မျောက်လွှဲကျော်တစ်ကောင် ၊ အနီရောင်ခြေချောင်းအရေပြားစပ် သစ်ပင်တက်ဖားတစ်ကောင် နှင့် တောရိုင်းသစ်ပင်ပုတ်သင်ညိုတစ်ကောင်တို့အား တွေ့ရစဉ်(Gaoligong mountain national nature reserve/Handout via Xinhua)

ပေကျင်း ၊ အောက်တိုဘာ ၁၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံအနေဖြင့် ကူမင်းဇီဝမျိုးစုံမျိုးကွဲရန်ပုံငွေ ထူထောင်ရန် ယွမ် ၁ ဒသမ ၅ ဘီလီယံ(အမေရိကန်ဒေါ်လာ ၂၃၃ သန်းခန့်) ရင်းနှီးမြှုပ်နှံခြင်းဖြင့် ဦးဆောင်သွားမည် ဖြစ်ကြောင်း အောက်တိုဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။

ရှီသည် ဇီဝမျိုးစုံမျိုးစိတ်ကွဲများဆိုင်ရာ ကွန်ဗားရှင်း ၁၅ ကြိမ်မြောက် ညီလာခံ (COP15)၏ ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးသို့ ပေကျင်းမြို့မှ နေ၍ ရုပ်သံလင့်ခ်မှတစ်ဆင့်တက်ရောက်၍ မိန့်ခွန်းပြောကြားစဉ် ထိုကဲ့သို့ မှတ်ချက်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရန်ပုံငွေအား ဇီဝမျိုးစုံမျိုးကွဲ ကာကွယ်ထိန်းသိမ်းရေးတွင် ဖွံ့ဖြိုးဆဲနိုင်ငံများအား ထောက်ပံ့ရန် အသုံးပြုသွားမည် ဖြစ်ကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ရန်ပုံငွေအတွက် အလှူငွေထည့်ဝင်ရန် နိုင်ငံများအားလုံးကို ဖိတ်ခေါ်ကြိုဆိုကြောင်း ‌၎င်းက ပြောကြားခဲ့သည်။ (Xinhua)

————————————
(English Version)
(COP15) 1st LD-Writethru: China to commit 1.5 bln yuan to initiate Kunming Biodiversity Fund: Xi
BEIJING, Oct. 12 (Xinhua) — Chinese President Xi Jinping on Tuesday said China will take the lead by investing 1.5 billion yuan (about 233 million U.S. dollars) to establish the Kunming Biodiversity Fund.
Xi made the remarks while addressing the leaders’ summit of the 15th meeting of the Conference of the Parties to the Convention on Biological Diversity via video link in Beijing.
The fund will be used to support developing countries in biodiversity protection, Xi said.
China calls on and welcomes all parties to make contributions to the fund, he said. Enditem
Photo – Undated combo photo shows a “Skywalker gibbon” (L), a red-webbed tree frog (R, top) and a kind of wild tree lizard (R, bottom) in Gaoligong Mountain National Nature Reserve, southwest China’s Yunnan Province. (Gaoligong mountain national nature reserve/Handout via Xinhua)