Connect with us

Media

တရုတ်နိုင်ငံ တိဘက်ဒေသတွင် ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်အောင် စေတနာ့ဝန်ထမ်းဆရာက ကျောင်းသားများအား လမ်းပြပေး

တိဘက် ၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ)

ချန်ဟောင်ချင်းသည် တိဘက်ဒေသတွင် စေတနာ့ဝန်ထမ်းအင်္ဂလိပ်ဆရာအဖြစ် ၂ နှစ်ကြာ တာဝန်ထမ်းဆောင်ပြီးနောက် သူ၏ဇာတိမြေဖြစ်သည့် တရုတ်နိုင်ငံမြောက်ပိုင်း ထျန်ကျင်း မြို့လေးသို့ ပြန်လည်ရောက်ရှိလာသည်မှာ ၁ နှစ်ကျော်ပြီ ဖြစ်သည်။
တရုတ်နိုင်ငံအနောက်တောင်ပိုင်း၊ ကုန်းပြင်မြင့် ဒေသတွင် သူရရှိခဲ့သည့် အတွေ့အကြုံက ကမ်ဒိုမြို့ မှစတင်ခဲ့သည်။

“ကျွန်တော် စိတ်ထဲမှာ အိပ်မက်တစ်ခုရှိတယ် တိဘက်ဒေသကို အကူအညီပေးတဲ့ ဆရာတစ်ယောက် ကျွန်တော်ဖြစ်ချင်တယ်၊ ကျွန်တော်သိထားတဲ့ အသိပညာ ဗဟုသုတတွေကို တိဘက်ကျောင်းသားတွေကို သင်ပေးချင်တယ်”

သူစတင်ရောက်လာချိန်တွင် ကြမ်းတမ်းခက်ခဲသည့် ပတ်ဝန်းကျင် နှင့် အသားကျရန် ကြိုးစားရုန်းကန်ခဲ့ရသည်။

ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၄ ထောင်အမြင့်ရှိ နေရာသစ်သို့ ရောက်ရှိလာသည့်
ချန်သည် ရာသီဥတုအပြောင်းအလဲကြောင့် နေထိုင်မကောင်းဖြစ်ခဲ့ရသည်။

“အမြင့်ကြီးမှာနေရတော့ နေ့တိုင်းလိုလို ကျွန်တော်နေမကောင်းဖြစ်တယ်။ ခေါင်းမူးတယ်၊ ခေါင်းကိုက်တယ်။ အသက်ရှူရတာခက်လို့ ညဘက်ဆို ကျွန်တော် မကြာခဏ အိပ်ရာ နိုးနေ တတ်တယ်”

ကျောင်းသားများ၏ အင်္ဂလိပ်ဘာသာ စကားလေ့လာချင်စိတ်ကို မြှင့်တင်ပေးရန် ချန်သည် မာတီလ်မီဒီယာ(အွန်လိုင်းရုပ်သံဖြင့်) တင်ဆက်သင်ကြားမှုကို ဝေးလံလှသည့် ရွာနှင့် မိတ်ဆက်ပေးခဲ့သည်။
ချန်သည် ၎င်းအဖွဲ့တွင် စေတနာ့ဝန်ထမ်းဆရာ အဖြစ်ပါဝင်ခဲ့ပြီး ပညာတစ်ပိုင်းတစ်စ နှင့် ကျောင်းထွက်ခဲ့သည့် ကျောင်းသားများကို ကျောင်းပြန်ထားရန် မိဘများကို သိမ်းသွင်း ပြောဆိုခဲ့သည်။ ချန်သည် တိဘက်တွင် ၂ နှစ်နီးပါးကြာ သင်ကြားပြီးနောက် သူ၏ကျောင်းသားများ ပညာသင်ကြားရေးတွင် အများကြီး တိုးတက်လာသည်ကို တွေ့ရတော့ ဝမ်းမြောက် ဂုဏ်ယူနေခဲ့သည်။
တိဘက်ဒေသတွင် ပညာရေးကိုအခြေခံသည့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး သူ၏ကြိုးပမ်း အားထုတ်မှုများအတွက် ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလတွင် ချန့်ကို နိုင်ငံတော်ဆုတံဆိပ် ချီးမြှင့်ခဲ့သည်။

“တိဘက်မှာ ကျွန်တော်လုပ်ခဲ့တာတွေက မလုံလောက်သေးဘူးလို့ ခံစားရတယ်။ ကျွန်တော်လို
သာမန်ဆရာတစ်ယောက်ကို ဒီလိုဆုပေးအပ်တာက ကျွန်တော်တို့နိုင်ငံမှာ ပညာရေးက ဘယ်လောက်အရေး ကြီးတယ်ဆိုတာပြသနေပါတယ် ယခုရရှိတဲ့ နိုင်ငံတော်ဆုတံဆိပ်ဟာ ကျွန်တော်ကို လူ့အဖွဲ့အစည်းအကျိုးကို ပိုသယ်ပိုးဖို့ တွန်းအားဖြစ်စေခဲ့ပါတယ်”(Xinhua)

………………………………….
(English Version)
GLOBALink | Volunteer teacher leads students in China’s Tibet out of poverty

It’s been over a year since Chen Hongshun returned to his hometown in north China’s Tianjin after volunteering as an English teacher in Tibet for two years, yet his bond with the students and teachers there remains. Click for his story.
#GLOBALink