Connect with us

Asia

တောင်ကိုရီးယားနိုင်ငံ သသမ္မတဟောင်း ပတ်ဂွမ်ဟေးအား လွတ်ငြိမ်းချမ်းသာခွင့်ပြု

ဆိုးလ်၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ)

အကျင့်ပျက်ခြစားမှု စွဲချက်များဖြင့် ထောင်ဒဏ် ၅၇ လ ချမှတ်ခံထားရတဲ့ သမ္မတဟောင်း ပတ်ဂွမ်ဟေး (Park Geun-hye) ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင်း (Moon Jae-in) က ဆုံးဖြတ်လိုက်ကြောင်း တရားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၄ ရက်တွင်ပြောကြားခဲ့သည်။မွန်က နှစ်သစ်အတွက် အထူးလွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့သော အကျဉ်းသား ၃,၀၉၄ ဦး စာရင်းတွင် ပတ်ကိုထည့်သွင်းခဲ့ခြင်း ဖြစ်သည်။ပတ်သည် အကျင့်ပျက်ခြစားမှု စွဲချက်များဖြင့် ရာထူးမှ ဖယ်ရှားခံရပြီးနောက် ၂၀၁၇ ခုနှစ် မတ်လကတည်းက ထောင်ဒဏ် ၂၂ နှစ် တစ်ပေါင်းတည်းကျခံရန် ချမှတ်ခြင်းခံခဲ့ရသည်။

ပတ်သည် ဆိုးလ်မြို့ရှိ ဆေးရုံတစ်ခုမှ ဒီဇင်ဘာ ၃၁ ရက်တွင် ပြန်လည်လွတ်မြောက်မည်ဖြစ်သည်။ အသက် ၆၉ နှစ်အရွယ်ရှိပြီဖြစ်သော ပတ်သည် နာတာရှည်ပခုံးနှင့်ခါးနာ ဝေဒနာကြောင့် ဆေးရုံတင်ထားရသည်။ ၎င်းသည် ၂၀၁၉ ခုနှစ်တွင် ပခုံးခွဲစိတ်မှုခံယူခဲ့သည်။

လစ်ဘရယ် Roh Moo-hyun အစိုးရလက်ထက် ၂၀၀၆ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဟန်မြောင်ဆော့ (Han Myeong-sook ) သည်လည်း မွန်၏ အထူးလွတ်ငြိမ်းချမ်းသာခွင့်စာရင်းတွင် ပါဝင်ကြောင်း သိရသည်။

ယခင်ကလည်း ဝန်ကြီးချုပ်ဟောင်းက Roh အစိုးရကို ဆန့်ကျင်သည့် ကွန်ဆာဗေးတစ်အုပ်စု၏ နိုင်ငံရေးလက်စားချေမှုအဖြစ် လုပ်ကြံဖန်တီးခံရခြင်းဖြစ်ကြောင်း ပြောကြားလျက် ၎င်း၏ အပြစ်ကင်းစင်မှုကို ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

———————————————-
(English Version)

S.Korean president pardons ex-president Park Geun-hye

SEOUL, Dec. 24 (Xinhua) — South Korean President Moon Jae-in has decided to pardon former President Park Geun-hye, who has been imprisoned for 57 months over corruption charges, the justice ministry said Friday.

Park was included in the list of Moon’s special amnesty granted to 3,094 inmates for the new year.
Park was sentenced to a combined 22-year prison term, and has been serving the sentence since March 2017 after being impeached and removed from office over corruption charges.

Park will be released on Dec. 31 from a hospital in Seoul. The 69-year-old has been hospitalized for a month due to her chronic shoulder and waist pain. She received a shoulder surgery in 2019.

Han Myeong-sook, who served as prime minister from 2006 to 2007 under the liberal Roh Moo-hyun government, is also on the list of Moon’s special amnesty.

Previously, the former prime minister claimed her innocence, saying the charges against her was fabricated as the political revenge by the conservative bloc against the Roh administration. Enditem

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.